Skip to main content
ေဟာင္ေကာင္တ၀န္း ဆူပူ ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ပြားေနကာ ဆႏၵျပသူေတြက ရဲတပ္ဖြဲ႕ကုိ မီးျမားေတြသုံး ပစ္ခတ္လာ
Ads Block

ေဟာင္ေကာင္တ၀န္း ဆူပူ ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ပြားေနကာ ဆႏၵျပသူေတြက ရဲတပ္ဖြဲ႕ကုိ မီးျမားေတြသုံး ပစ္ခတ္လာ

 

ၿမိဳ႕ရဲ႕ ေဒသအမ်ားအျပားရွိ လုပ္ငန္းေဆာင္တာေတြ ရပ္ဆုိင္းသြားေစတဲ့ ေလးရက္ေျမာက္ေန ့အျဖစ္ ေဟာင္ေကာင္ ဆႏၵျပသူေတြဟာ ၾကာသာပေတးေန ့က ရဲတပ္ဖြဲ႕ကုိ မီးျမားေတြနဲ႕ ပစ္ခဲ့ၾကပါတယ္။ ေဒသတြင္း ဘ႑ာေရး အခ်က္အခ်ာနယ္ေျမရဲ႕ အၾကမ္းဖက္ျဖစ္စဥ္ အရွိန္ျမင့္လာမႈအတြင္း စာသင္ေက်ာင္းေတြ ပိတ္ေစျခင္း၊ အေ၀းေျပးလမ္းေတြကုိ ပိတ္ဆုိ ့ထားျခင္းလုပ္ခဲ့သလုိ အျခား ပုိ ့ေဆာင္ဆက္သြယ္ေရးလမ္းေၾကာင္းေတြပါ ရပ္ဆုိင္းသြားေအာင္ လုပ္ခဲ့ၾကပါတယ္။ 
ေဟာင္ေကာင္မွာ ဆႏၵျပမႈေတြ ေပၚေပါက္ေနတာ ေျခာက္လတာကာလအတြင္း ၀င္ေရာက္လာခဲ့ၿပီျဖစ္ၿပီး လူေထာင္ေသာင္းခ်ီ ခ်ီတက္ဆႏၵျပမႈေတြကေန ေက်ာင္းသားအမ်ားစုပါ၀င္တဲ့ အနက္ေရာင္၀တ္စုံ၀တ္အုပ္စုေတြရဲ႕ ေနရာဌာနအားလုံး အားအင္ခ်ိနဲ႕ ၿပိဳလဲသြားေရး တုိက္ပြဲတစ္ခုအသြင္ ေပၚေပါက္လာခဲ့ပါတယ္။ 
အဓိက ေသြးေၾကာ လမ္းေၾကာင္းေတြမွာ အုတ္ခဲေတြ၊ ၀ါးလုံးေတြနဲ႕ အတားအဆီးလုပ္ထားခံရသလုိ၊ အေရးပါတဲ့ သေဘၤာဆိပ္ ဥမင္လမ္းေၾကာင္းနဲ႕ ေျမေအာက္မီးရထား၊ ဘတ္စ္ကားခရီးစဥ္ေတြလည္း ပိတ္ထားခဲ့ရတာေၾကာင့္ ၿမိဳ႕ေန လူဦးေရ ၇.၅ သန္းအတြက္ အသြားအလာေတြ ကေမာက္ကမျဖစ္ကုန္ခဲ့ပါတယ္။ စာသင္ေက်ာင္းေတြ၊ တကၠသုိလ္ေတြလည္း ပိတ္ခဲ့ၿပီျဖစ္သလုိ၊ ေဆးရုံေတြဟာလည္း အေရးေပၚ ကုသမႈမ်ဳိးသာ လက္ခံေဆာင္ရြက္ေပးေနၿပီး လမ္းပန္းဆက္သြယ္မႈ အႀကီးအက်ယ္ က်ပ္တည္းေနတဲ့ ကာလမွာ အလုပ္ရွင္ေတြအေနနဲ႕ အလုပ္သမားေတြအေပၚ နားလည္မႈနဲ႕ ဆက္ဆံေပးၾကဖုိ ့ အစုိးရက တုိက္တြန္းေတာင္းဆုိပါတယ္။ 
ေဟာင္ေကာင္ နည္းပညာတကၠသုိလ္၀န္းအတြင္း လူအင္အားမ်ားစြာနဲ႕ စုရုံးဆႏၵျပၾကဖုိ ့ ဆႏၵျပသူေတြကုိ ေဆာ္ၾသထားၿပီး ၾကာသာပေတးေန႕ မနက္ပုိင္းမွာေတာ့ ရဲတပ္ဖြဲ႕က တကၠသုိလ္အနီး ဆႏၵျပအုပ္စုေတြထံ မ်က္ရည္ဗုံးေတြ ပထမဆုံးအႀကိမ အစုအၿပဳံလုိက္ ပစ္လႊတ္လူစုခြဲခဲ့ပါတယ္။ မ်က္ရည္ယုိဗုံးေတြကုိ မနက္ ၈ နာရီေလာက္မွာ စပစ္ခဲ့တာျဖစ္ေၾကာင္း ေက်ာင္းသား သမဂၢရဲ႕ အယ္ဒီတာေကာ္မတီက ေျပာဆုိပါတယ္။ 
ဆႏၵျပသူေတြက ျမားေတြနဲ႕ပစ္ကာ လူေသေစေလာက္တဲ့ တုိက္ခုိက္မႈေတြ လုပ္လာတဲ့အခ်ိန္မွာ မ်က္ရည္ယုိဗုံးေတြ ပစ္လႊတ္ခဲ့တာျဖစ္ေၾကာင္း ေဟာင္ေကာင္ရဲတပ္ဖြဲ႕က ေဖ့စ္ဘုတ္မွာ ေရးသားေျပာဆုိခဲ့ပါတယ္။ အခင္းျဖစ္ေနရာကေန ျမား ေျခာက္စင္း သိမ္းဆည္းရမိခဲ့ၿပီး ျဖစ္စဥ္ကုိ ရဲတပ္ဖြဲ႕ရဲ႕ ျပစ္မႈဆုိင္ရာ စုံစမ္းစစ္ေဆးေရး အဖြဲ႕ခြဲက စစ္ေဆးေနၿပီျဖစ္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။ 
ယခုအခါ ဆႏၵျပေက်ာင္းသားေတြဟာ ရဲတပ္ဖြဲ႕ရဲ႕ မ်က္ရည္ယုိဗုံးနဲ႕ ရာဘာက်ည္ေတြကုိ အံတုဟန္ ့တားဖုိ ့အတြက္ လက္ျဖစ္ေလာက္ေလးခြေတြအဆင့္ကေန အားကစားဌာနေတြက ရယူလာခဲ့တဲ့ ေလးနဲ႕ျမားေတြကုိ အသုံးျပဳလာၾကတာျဖစ္ပါတယ္။ 
ၿမိဳ႕ေဒသရဲ႕ အျခား တကၠသုိလ္မ်ားစြာမွာလည္း ေထာင္နဲ႕ခ်ီတဲ့ ေက်ာင္းသားေတြက ေက်ာင္း၀န္းေတြအတြင္း လက္ျဖစ္ကာကြယ္ေရးစင္၊တံတုိင္းေလးေတြ တည္ေဆာက္ထားမႈနဲ႕အတူ ၄င္းတုိ ့ကုိယ္တုိင္လည္း ၀င္ေပါက္ေတြကုိ ပိတ္ဆုိ ့ျခင္း၊ အနီးအနားက လမ္းေတြကုိ သိမ္းပုိက္ထားျခင္းလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ရဲတပ္ဖြဲ႕နဲ႕ ထိေတြ႕ တုိက္ခုိက္မႈေတြ ျဖစ္လာႏုိင္ေျခအတြက္ စားစရာေတြ၊ အုတ္ခဲေတြ၊ မီးေလာင္ဗုံးေတြနဲ႕ အျခား လက္ျဖစ္ လက္နက္ကိရိယာေတြကုိ ႀကိဳတင္စုေဆာင္းထားၾကေၾကာင္း သိရပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

မြို့ရဲ့ ဒေသအများအပြားရှိ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားစေတဲ့ လေးရက်မြောက်နေ့အဖြစ် ဟောင်ကောင် ဆန္ဒပြသူတွေဟာ ကြာသာပတေးနေ့က ရဲတပ်ဖွဲ့ကို မီးမြားတွေနဲ့ ပစ်ခဲ့ကြပါတယ်။ ဒေသတွင်း ဘဏ္ဍာရေး အချက်အချာနယ်မြေရဲ့ အကြမ်းဖက်ဖြစ်စဉ် အရှိန်မြင့်လာမှုအတွင်း စာသင်ကျောင်းတွေ ပိတ်စေခြင်း၊ အဝေးပြေးလမ်းတွေကို ပိတ်ဆို့ထားခြင်းလုပ်ခဲ့သလို အခြား ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေပါ ရပ်ဆိုင်းသွားအောင် လုပ်ခဲ့ကြပါတယ်။ 
ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတာ ခြောက်လတာကာလအတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး လူထောင်သောင်းချီ ချီတက်ဆန္ဒပြမှုတွေကနေ ကျောင်းသားအများစုပါဝင်တဲ့ အနက်ရောင်ဝတ်စုံဝတ်အုပ်စုတွေရဲ့ နေရာဌာနအားလုံး အားအင်ချိနဲ့ ပြိုလဲသွားရေး တိုက်ပွဲတစ်ခုအသွင် ပေါ်ပေါက်လာခဲ့ပါတယ်။ 
အဓိက သွေးကြော လမ်းကြောင်းတွေမှာ အုတ်ခဲတွေ၊ ဝါးလုံးတွေနဲ့ အတားအဆီးလုပ်ထားခံရသလို၊ အရေးပါတဲ့ သင်္ဘောဆိပ် ဥမင်လမ်းကြောင်းနဲ့ မြေအောက်မီးရထား၊ ဘတ်စ်ကားခရီးစဉ်တွေလည်း ပိတ်ထားခဲ့ရတာကြောင့် မြို့နေ လူဦးရေ ၇.၅ သန်းအတွက် အသွားအလာတွေ ကမောက်ကမဖြစ်ကုန်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေလည်း ပိတ်ခဲ့ပြီဖြစ်သလို၊ ဆေးရုံတွေဟာလည်း အရေးပေါ် ကုသမှုမျိုးသာ လက်ခံဆောင်ရွက်ပေးနေပြီး လမ်းပန်းဆက်သွယ်မှု အကြီးအကျယ် ကျပ်တည်းနေတဲ့ ကာလမှာ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေအပေါ် နားလည်မှုနဲ့ ဆက်ဆံပေးကြဖို့ အစိုးရက တိုက်တွန်းတောင်းဆိုပါတယ်။ 
ဟောင်ကောင် နည်းပညာတက္ကသိုလ်ဝန်းအတွင်း လူအင်အားများစွာနဲ့ စုရုံးဆန္ဒပြကြဖို့ ဆန္ဒပြသူတွေကို ဆော်သြထားပြီး ကြာသာပတေးနေ့ မနက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က တက္ကသိုလ်အနီး ဆန္ဒပြအုပ်စုတွေထံ မျက်ရည်ဗုံးတွေ ပထမဆုံးအကြိမ အစုအပြုံလိုက် ပစ်လွှတ်လူစုခွဲခဲ့ပါတယ်။ မျက်ရည်ယိုဗုံးတွေကို မနက် ၈ နာရီလောက်မှာ စပစ်ခဲ့တာဖြစ်ကြောင်း ကျောင်းသား သမဂ္ဂရဲ့ အယ်ဒီတာကော်မတီက ပြောဆိုပါတယ်။ 
ဆန္ဒပြသူတွေက မြားတွေနဲ့ပစ်ကာ လူသေစေလောက်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာတဲ့အချိန်မှာ မျက်ရည်ယိုဗုံးတွေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်မှာ ရေးသားပြောဆိုခဲ့ပါတယ်။ အခင်းဖြစ်နေရာကနေ မြား ခြောက်စင်း သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ရဲ့ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ခွဲက စစ်ဆေးနေပြီဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။ 
ယခုအခါ ဆန္ဒပြကျောင်းသားတွေဟာ ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေကို အံတုဟန့်တားဖို့အတွက် လက်ဖြစ်လောက်လေးခွတွေအဆင့်ကနေ အားကစားဌာနတွေက ရယူလာခဲ့တဲ့ လေးနဲ့မြားတွေကို အသုံးပြုလာကြတာဖြစ်ပါတယ်။ 
မြို့ဒေသရဲ့ အခြား တက္ကသိုလ်များစွာမှာလည်း ထောင်နဲ့ချီတဲ့ ကျောင်းသားတွေက ကျောင်းဝန်းတွေအတွင်း လက်ဖြစ်ကာကွယ်ရေးစင်၊တံတိုင်းလေးတွေ တည်ဆောက်ထားမှုနဲ့အတူ ၎င်းတို့ကိုယ်တိုင်လည်း ဝင်ပေါက်တွေကို ပိတ်ဆို့ခြင်း၊ အနီးအနားက လမ်းတွေကို သိမ်းပိုက်ထားခြင်းလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေအတွက် စားစရာတွေ၊ အုတ်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ အခြား လက်ဖြစ် လက်နက်ကိရိယာတွေကို ကြိုတင်စုဆောင်းထားကြကြောင်း သိရပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။