Skip to main content
ျမန္မာႏိုင္ငံအား ICJ တရားရံုးတြင္ ခိုင္လံုမႈမရွိေသာအခ်က္အလက္မ်ားႏွင့္တရားစြဲဆိုထားျခင္းျဖစ္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ ေျပာ 
Ads Block

ျမန္မာႏိုင္ငံအား ICJ တရားရံုးတြင္ ခိုင္လံုမႈမရွိေသာအခ်က္အလက္မ်ားႏွင့္တရားစြဲဆိုထားျခင္းျဖစ္ဟု NLD ပါတီမွ ေဒါက္တာမ်ိဳးညြန္႔ ေျပာ 



ျမန္မာႏိုင္ငံအား ICJ တရားရံုးတြင္ ခိုင္လံုမႈမရွိေသာအခ်က္အလက္မ်ားႏွင့္ တရားစြဲဆိုထားျခင္းျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီမွ ေျပာေရးဆိုခြင့္ရွိသူေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။
အကုန္သိသတင္းဌာနမွႏုိ၀င္ဘာလ (၁၄)ရက္၌ဆက္သြယ္ေမးျမန္းမႈအေပၚ ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။
 “  ကၽြန္ေတာ္တို႔ႏိုင္ငံကို ခိုင္လံုမႈမရွိတဲ့အခ်က္အလက္ေတြနဲ႔စြဲထားတာျဖစ္တယ္။ သူတို႔လုပ္ေနတာေတြကိုကၽြန္ေတာ္တို႔လက္မခံပါဘူးလို႔ ေျပာခ်င္ပါတယ္။ မွန္မွန္ကန္ကန္နဲ႔ လုပ္ေဆာင္မယ္ဆိုလို႔ကေတာ့ စိုးရိမ္စရာအေၾကာင္းမရွိပါဘူး။ ဒါေပမဲ့ အဖြဲ႕အစည္းနဲ႔ အင္အားေကာင္းေကာင္းလုပ္လာမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ႏိုင္ငံေရးအရ၊ စီးပြားေရးအရ ထိခိုက္တာေတာ့ ခံရႏုိင္ပါတယ္။ သူတို႔ရဲ႕ရည္ရြယ္ခ်က္ကေတာ့ ဘဂၤါလီေတြကို အလိုအေလ်ာက္ တိုင္းရင္းသားအျဖစ္ ျပန္လက္ခံဖို႔လုပ္ေနတာျဖစ္တဲ့အတြက္ ဒါ ႏိုင္ငံေရးအခ်ဳပ္အျခာအာဏာကို ထိပါးတာျဖစ္ပါတယ္” ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ ရခိုင္ျပည္နယ္ပဋိပကၡတြင္ ဘဂါၤလီမ်ားကို လူမ်ိဳးတံုးသတ္ျဖတ္သည္ဟုဆိုကာအာဖရိကႏုိင္ငံျဖစ္သည့္ ဂမ္ဘီယာဒီမိုကရက္တစ္ သမၼတႏုိင္ငံက ႏုိင္ငံတကာအျမင့္ဆံုးရာဇ၀တ္ခံုရုံးျဖစ္သည့္ ICJ တြင္ တရားစြဲဆိုရန္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ 
ထို႔အျပင္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ပဋိပကၡမ်ားအေပၚစြပ္စြဲၿပီး လက္တင္အေမရိကလူ႔အခြင့္ေရးအဖြဲ႕ႏွင့္ဘဂါၤလီအဖြဲ႕အစည္းမ်ားသည္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ႏုိ၀င္ဘာလ (၁၃)ရက္က အာဂ်င္တီးနားတရားရုံးတြင္ တင္သြင္းခဲ့ေၾကာင္းသိရသည္။
ႏုိင္ငံတကာသံုးႏႈန္းေခၚဆိုေနေသာရုိ္ဟင္ဂ်ာဆိုသည့္ အသံုးအႏႈန္းကိုလည္း လက္ရွိတြင္ ျမန္မာအစိုးရဘက္မွ လက္မခံထားဘဲ ေနရပ္စြန္႔ခြာသူမ်ားကို ျပန္လည္စိစစ္လက္ခံမည္ဟုလည္း ေျပာဆိုထားသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

မြန်မာနိုင်ငံအား ICJ တရားရုံးတွင် ခိုင်လုံမှုမရှိသောအချက်အလက်များနှင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က ပြောသည်။
အကုန်သိသတင်းဌာနမှနိုဝင်ဘာလ (၁၄)ရက်၌ဆက်သွယ်မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
 “  ကျွန်တော်တို့နိုင်ငံကို ခိုင်လုံမှုမရှိတဲ့အချက်အလက်တွေနဲ့စွဲထားတာဖြစ်တယ်။ သူတို့လုပ်နေတာတွေကိုကျွန်တော်တို့လက်မခံပါဘူးလို့ ပြောချင်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်မယ်ဆိုလို့ကတော့ စိုးရိမ်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ အဖွဲ့အစည်းနဲ့ အင်အားကောင်းကောင်းလုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိခိုက်တာတော့ ခံရနိုင်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ဘင်္ဂါလီတွေကို အလိုအလျောက် တိုင်းရင်းသားအဖြစ် ပြန်လက်ခံဖို့လုပ်နေတာဖြစ်တဲ့အတွက် ဒါ နိုင်ငံရေးအချုပ်အခြာအာဏာကို ထိပါးတာဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခတွင် ဘဂါၤလီများကို လူမျိုးတုံးသတ်ဖြတ်သည်ဟုဆိုကာအာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာဒီမိုကရက်တစ် သမ္မတနိုင်ငံက နိုင်ငံတကာအမြင့်ဆုံးရာဇဝတ်ခုံရုံးဖြစ်သည့် ICJ တွင် တရားစွဲဆိုရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့်ပဋိပက္ခများအပေါ်စွပ်စွဲပြီး လက်တင်အမေရိကလူ့အခွင့်ရေးအဖွဲ့နှင့်ဘဂါၤလီအဖွဲ့အစည်းများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်က အာဂျင်တီးနားတရားရုံးတွင် တင်သွင်းခဲ့ကြောင်းသိရသည်။
နိုင်ငံတကာသုံးနှုန်းခေါ်ဆိုနေသောရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကိုလည်း လက်ရှိတွင် မြန်မာအစိုးရဘက်မှ လက်မခံထားဘဲ နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်လက်ခံမည်ဟုလည်း ပြောဆိုထားသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။