Skip to main content
'' အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းနဲ႔ပတ္သက္ၿပီး ေအေအလက္နက္ကိုင္အဖြဲ႕ရဲ႕ စြပ္စြဲခ်က္ေတြက မွားယြင္းေနတဲ့ တစ္ဖက္သတ္ေျပာဆိုခ်က္ေတြသာ ျဖစ္တယ္ '' ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈ၀န္ႀကီး ဦးစိုးထက္ႏွင္
Ads Block

'' အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းနဲ႔ပတ္သက္ၿပီး ေအေအလက္နက္ကိုင္အဖြဲ႕ရဲ႕ စြပ္စြဲခ်က္ေတြက မွားယြင္းေနတဲ့ တစ္ဖက္သတ္ေျပာဆိုခ်က္ေတြသာ ျဖစ္တယ္ '' ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈ၀န္ႀကီး ဦးစိုးထက္ႏွင္

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းဟာ ႏိုဝင္ဘာလ ၃ ရက္က  ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ကေန စစ္ေတြၿမိဳ႕သို႔ စက္ေလွ၂စီးနဲ႔ ထြက္ခြာလာစဥ္ ေက်ာက္တန္း႐ြာအေရာက္မွာ ဦးေ၀ွ႔တင္းနဲ႔အတူ အိႏၵိယ ႏိုင္ငံသား ၅ ဦး၊ စကားျပန္၂ ဦးနဲ႔ စက္ေလွေမာင္းသူ ၂ ဦးတို႔ကို ေအေအလက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ အဲဒီေနာက္မွာ က်န္ ၉ဦးကို ျပန္လည္လႊတ္ေပးခဲ့ၿပီး ဦးေ၀ွ႔တင္းကိုေတာ့ ဆက္လက္ဖမ္းဆီးထားခဲ့ပါတယ္။ ဦးေ၀ွ႔တင္းကို ျပန္လည္လႊတ္ေပးဖို႔အတြက္ NLD ပါတီနဲ႔ ခ်င္းအဖြဲ႕အစည္းေတြက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေပမယ့္ ယေန႔ (ႏို၀င္ဘာ ၁၄ရက္)အထိ ဆက္လက္ဖမ္းဆီးထားဆဲျဖစ္ပါတယ္။ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရး၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈ၀န္ႀကီး ဦးစိုးထက္နဲ႔ ေတြ႕ဆံုေမးျမန္းထားပါတယ္။ 
ေမး။ နယ္ေျမေအးခ်မ္းမႈမရွိတာေတြေၾကာင့္ မူလက ေမွ်ာ္မွန္းထားတဲ့  ၂၀၂၀ ခုႏွစ္မွာ ပလက္၀ - ဇိုရမ္ပြီးလမ္းႏွင့္ ကုလားတန္ျမစ္ကူးတံတားစီမံကိန္းေတြ ၿပီးစီးႏိုင္ပါ့မလား ။
ေျဖ။ ပလက္၀-  ဇိုရမ္ပြီးလမ္းက ၿပီးခဲ့တဲ့သက္တမ္းက စတင္ခဲ့တဲ့ စီမံကိန္းျဖစ္သလို သူက ၃ ႏွစ္ စီမံကိန္းျဖစ္ပါတယ္။ ၿပီးေတာ့ ေအေအလက္နက္ကိုင္ေတြက ကုလားတန္ျမစ္ကူးတံတားစီမံကိန္းက သံေပါင္ေတြကို မီးရိႈ႕လိုက္တဲ့အတြက္ေၾကာင့္ တံတားကလည္း ဖြင့္ပြဲလုပ္ဖို႔အတြက္ ခက္ခဲသြားၿပီးေတာ့ အခ်ိန္မီ မၿပီးႏိုင္ေတာ့ဘူး။ ေနာက္တစ္ခါ ပလက္၀- ဇိုရမ္ပြီးလမ္းကလည္း ၃ႏွစ္စီမံကိန္းလုပ္တဲ့အခါမွာ အခုေလာေလာဆယ္ ေအေအလက္နက္ကိုင္ေတြက ၀န္ထမ္းေတြကို ဖမ္းဆီးတာေတြ ၊လမ္းေဖာက္တဲ့ ဆုထူးပန္ကုမၸဏီက ၀န္ထမ္းေတြကို ဖမ္းဆီးတာေတြ၊ ကားေတြကို မီးရိႈ႕ဖ်က္ဆီးတာေတြ ရွိတဲ့အခါမွာ ၀န္ထမ္းေတြက အလုပ္မလုပ္ရဲေတာ့ဘူး။ တစ္ဆက္တည္းမွာပဲ မိုးတြင္းလည္း ျဖစ္သြားေတာ့ အဲဒါက အခက္အခဲျဖစ္တယ္။ ေနာက္ ပလက္၀ -  ဇိုရမ္ပီြးလမ္းကို လုပ္ဖို႔အတြက္ တင္ဒါေအာင္တဲ့ကုမၸဏီက ႏွစ္ခုရွိတယ္။ EPI  နဲ႔ RPPဆိုတဲ့ ကုမၸဏီႏွစ္ခုရွိတဲ့အထဲမွာ အခုအသစ္၀င္လာတဲ့  RPP ကုမၸဏီက တာ၀န္ခံ၃ေယာက္နဲ႔ EPIကုမၸဏီက တာ၀န္ခံႏွစ္ေယာက္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းတို႔ေတြကို ႏို၀င္ဘာလ ၃ရက္ေန႔မွာ ေအေအလက္နက္ကိုင္ေတြက ဖမ္းဆီးသြားတယ္။ အဲဒီထဲမွာ RPPထဲက အသက္ ၆၀ေက်ာ္ရွိတဲ့ တာ၀န္ခံအင္ဂ်င္နီယာ တစ္ေယာက္က အေမာဆို႔ ေသဆံုးသြားခဲ့တယ္။ အဲဒီလိုျဖစ္စဥ္ေၾကာင့္ အိႏိၵယအစိုးရဘက္ကေရာ ကုမၸဏီဖက္ကေရာ စိုးရိမ္ေၾကာင့္ၾကမႈေတြေတာ့ ရွိႏိုင္တယ္။ ဒါေၾကာင့္ လုပ္ငန္းခ်က္ျခင္းႀကီး စဖို႔ဆိုတာလည္း နယ္ေျမလံုၿခံဳေရးကုိ ရွင္းလင္းေဆာင္ရြက္ၿပီးမွ လုပ္ႏိုင္မယ့္အေနအထားမ်ိဳးေတာ့ ေတြ႕ပါတယ္။
ေမး ။ အေထာက္အထားေတြအရ ပလက္၀ေဒသမွာ ေအေအလက္နက္ကိုင္ေတြ ဘယ္အခ်ိန္က စတင္အေျခခ်ခဲ့တာလဲ။ 
ေျဖ။ ေအေအလက္နက္ကိုင္ေတြ ပလက္၀ေဒသမွာ စတင္အေျခခ်ခဲ့တာကေတာ့ ၂၀၁၅ - ၂၀၁၆ ခုႏွစ္ေလာက္မွာ ေအေအအဖြဲ႕ေတြ နယ္စပ္မွာ စတင္လႈပ္ရွားခဲ့တယ္။ အဲဒီလို ယာယီအေျခခ်တာကေန အခုဆို မထြက္ေတာ့တဲ့ပံုစံံ ျဖစ္သြားတာေပါ့။ ပလက္၀တစ္နယ္လံုးကို လာၿပီး ဒုကၡေပးသလိုျဖစ္ေနတယ္။ ေအေအ (AA)ေတြအေနနဲ႔ သူတို႔ဘာသာသူတို႔ စစ္ေရးအေျခအေန ေတာ္လွန္ေရးလုပ္တာက တစ္ပိုင္းေပါ့။
အခုေနာက္ပိုင္းက်ေတာ့ ေအေအလက္နက္ကိုင္လုပ္ရပ္ေတြက နယ္ေျမလူထုကို ေတာ္ေတာ္ေလး ဒုကၡေပးတဲ့ပံုစံ ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ တိုက္ပြဲေတြကလည္း ေတာက္ေလွ်ာက္ ျဖစ္ေနတယ္။ ပလက္၀အထက္ပိုင္း ၊ အိႏိၵယနယ္စပ္ ၊ဘဂၤလားေဒ့ရွ္နယ္စပ္တစ္ေလွ်ာက္မွာ ရွိတဲ့ေက်းရြာေတြမွာ ျပည္သူေတြ ထြက္ေျပးေနရတယ္။ အိုးအိမ္ေတြလည္း ပ်က္စီးၿပီး ေတာ္ေတာ္ေလး ဒုကၡေရာက္ေနၾကရၿပီ ျဖစ္တယ္။
ေမး။ လက္ရွိမွာ ခ်င္းျပည္နယ္အတြင္း ေအေအလက္နက္ကိုင္အဖြဲ႕ရဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရသူဦးေရ ဘယ္ေလာက္ရွိေနၿပီလဲ။
ေျဖ။ ေအေအလက္နက္ကိုင္အဖြဲ႕ေတြက သိသိသာသာႀကီး ဖမ္းဆီးေခၚေဆာင္သြားတာဆိုရင္ ကင္းတလင္းရြာသား (၅၄) ဦး ေခၚသြားတယ္။ အဲဒီထဲမွာ အဘြားႀကီးတစ္ေယာက္က သူတို႔စခန္းမွာပဲ ဆံုးသြားတယ္။ ေနာက္ အဲဒီစခန္းကေန ပထမႏွစ္ေယာက္ ထြက္ေျပးလာတယ္။ ေနာက္ (၁၂ ) ေယာက္ ထပ္ထြက္ေျပးလာတယ္။ က်န္ေနတဲ့  ၃၉ေယာက္ကိုေတာ့ ေနာက္ပိုင္းမွာ သူတို႔ တရား၀င္လႊတ္ေပးတယ္။ အဲဒီအျပင္ ခေမာင္း၀ဆိုတဲ့ ရခိုင္ရြာကေန ရခိုင္လူမ်ိဳး ၆၉ ေယာက္ကို ေခၚသြားတယ္။ လက္ရွိမွာေတာ့ ျပန္လႊတ္ေပးတာ မရွိေသးတဲ့အတြက္ ကြ်န္ေတာ္တို႔ကေတာ့ ေအေအဖမ္းဆီးတဲ့ စာရင္းထဲမွာ ထည့္ထား ေပးတယ္။ ဒါေၾကာင့္ ေအေအဖမ္းဆီးတာေတြက စာရင္းအရဆိုရင္ ၈၂ ေယာက္ရွိေနတယ္။ အဲဒီထဲမွာ ရခိုင္ရြာက ၆၉ ေယာက္ကို ႏုတ္လိုက္မယ္ဆိုရင္ ၁၃ေယာက္ က်န္ဦးမယ္။ အဲဒီ၁၃ေယာက္က ပလက္၀၊ႏွမဒါ ေအာက္နားက ပါတယ္။ ေနာက္တစ္ခါ ေလးၿမိဳ႕ေခ်ာင္းထဲမွာ ရွိတဲ့ ကြ်န္ေတာ္တို႔ခ်င္းေတြ ပါတယ္။ ေနာက္ၿပီးေတာ့ ထမင္းေရာင္းေနတဲ့ ပညာေရးအေထြေထြ၀န္ထမ္း ဦးေတာင္ပန္းပါတယ္။ အခု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ဆို ေအေအလက္နက္ကိုင္ ဖမ္းဆီးေခၚထားတာ ၁၅ ေယာက္ ရွိေန ပါတယ္။
ေမး။ ေအေအအဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္ေတြမွာ  ဦးေ၀ွ႔တင္းကို စြပ္စြဲထားတာေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုျမင္ပါ သလဲခင္ဗ်။
ေျဖ။ ခိုင္သုခတို႔ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ကို ၾကည့္လိုက္တဲ့အခါမွာ ဦးေ၀ွ႔တင္းက လြဲၿပီး အရပ္သားေတြ ဖမ္းဆီးထားတာ မရွိေတာ့ဘူးလို႔ ေျပာတယ္။ ဒါေပမဲ့ သူတို႔ဖမ္းဆီးသြားတဲ့သူေတြက အခုထိ အိမ္လည္း မေရာက္ေသးဘူး။ ေျမျပင္မွာလည္း ဘာသတင္းမွ မၾကားရေသးဘူး။ အဲဒီလိုမ်ိဳးေတြေတာ့ ျဖစ္ေနတယ္။ ဒါေၾကာင့္ ေအေအအဖြဲ႕က ေျပာဆိုတာေတြနဲ႔ ေျမျပင္ကြဲလြဲခ်က္ေတြေတာ့ ရွိတာေပါ့ ။
ၿပီးေတာ့ ဦးေ၀ွ႔တင္းကို မလႊတ္ခ်င္လို႔ စြပ္စြဲတဲ့ပံုစံေတြပဲ ျဖစ္ပါတယ္။ ဦးေ၀ွ႔တင္းဆိုတာက လူထုက ေရြးခ်ယ္တင္ေျမာက္တဲ့ ကိုယ္စားလွယ္ျဖစ္ပါတယ္။ သူ႔ဘာသာသူ မီဒီယာနဲ႔ ေတြ႕ရင္ ေတြ႕မယ္ ၊ျပည္သူလူထုကို လႊတ္ေတာ္အေတြ႕အႀကံဳေတြ ရွင္းျပတာ ရွိမယ္၊ လူထုေတြ႕ဆံုပြဲေတြ လုပ္ရင္ လုပ္မယ္။ သူ  က လူငယ္ျဖစ္တဲ့အတြက္ေၾကာင့္ ေျပာဆိုတာေတြ ရွိရင္ရွိမယ္ေလ။  ေနာက္ၿပီး သူတို႔ စြပ္စြဲတဲ့အထဲမွာ ပလက္၀မွာ ေညာင္ပင္စြန္းက အိမ္တစ္အိမ္ ငွားၿပီးေတာ့ ဆန္႔က်င္ေရးလုပ္ငန္းေတြ လုပ္တယ္ဆိုၿပီး စြပ္စြဲတာေတြ ရွိတယ္။ အဲဒါေတြက တကယ္ေတာ့ မဟုတ္ပါဘူး။ ရန္ကုန္က အေျခစိုက္ခ်င္းအဖြဲ႕အစည္း NGO တစ္ခုကေန MEET ဆိုတဲ့ ပရဟိတလုပ္ၾကတယ္။ ေနာက္ၿပီးေတာ့ စစ္ေဘးေရွာင္ေတြကို ကူညီတယ္။ ေဒသဖြံ႕ၿဖိဳးေရးေတြကို အတိုင္းအတာတစ္ခုထိ ကူညီတယ္။ အဲဒီလုပ္ငန္းပဲ လုပ္ၾကတာ စစ္ေဘးေရွာင္စာရင္းေတြကို ေကာက္ေပးတယ္။ စစ္ေဘးေရွာင္ေတြကို ကူညီတယ္။ တတ္ႏိုင္သေလာက္ ေထာက္ပံ့တယ္။ အဲဒီလို NGO  အဖြဲ႕အစည္း ျဖစ္တယ္။ ဦးေ၀ွ႔တင္းနဲ႔ပတ္သက္ျခင္း မရွိဘူး။ အဲဒါကို ဦးေ၀ွ႔တင္းကို တစ္ဖက္သတ္ႀကီး စြပ္စြဲတာေတာ့ လံုးလံုးႀကီးကို မွားယြင္းေနတာျဖစ္တယ္။ ေနာက္ၿပီးေတာ့ တပ္ကို သတင္းပို႔တယ္ ။ ေအေအကို တိုက္ခိုက္ေနတယ္ဆိုတာကလည္း အခ်ိန္ သံသယနဲ႔ စြပ္စြဲတာပဲ ျဖစ္တယ္။ ဒါေပမဲ့ သူတို႔က ဦးေ၀ွ႔တင္းရဲ႕ ဖုန္းကို သိမ္းၿပီးေတာ့ ရွာၾကည့္ရင္ေတာ့ ေဖ့စ္ဘြတ္ခ္ေပၚမွာ Like , Comment , Share လုပ္တာေတြရွိရင္ ရွိမွာေပါ့။ လက္ရွိ ေဖ့စ္ဘြတ္ခ္မွာေတာ့ လူတိုင္း ဆိုရွယ္မီဒီယာကို သံုးေနၾကတာ ရွိမွာေပါ့။ အဲဒီလိုမ်ိဳးသာ စြပ္စြဲေနရင္ေတာ့ မွန္ကန္တဲ့ တရားမွ်တမႈရွိမွာ မဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။

-  ဆလုိင္းေက်ာ္မုိး ( အကုန္သိ သတင္းဌာန )

Unicode Version 

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာလ ၃ ရက်က  ချင်းပြည်နယ် ပလက်ဝမြို့ကနေ စစ်တွေမြို့သို့ စက်လှေ၂စီးနဲ့ ထွက်ခွာလာစဉ် ကျောက်တန်းရွာအရောက်မှာ ဦးဝှေ့တင်းနဲ့အတူ အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန်၂ ဦးနဲ့ စက်လှေမောင်းသူ ၂ ဦးတို့ကို အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ကျန် ၉ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားခဲ့ပါတယ်။ ဦးဝှေ့တင်းကို ပြန်လည်လွှတ်ပေးဖို့အတွက် NLD ပါတီနဲ့ ချင်းအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ယနေ့ (နိုဝင်ဘာ ၁၄ရက်)အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ 
မေး။ နယ်မြေအေးချမ်းမှုမရှိတာတွေကြောင့် မူလက မျှော်မှန်းထားတဲ့  ၂၀၂၀ ခုနှစ်မှာ ပလက်၀ - ဇိုရမ်ပွီးလမ်းနှင့် ကုလားတန်မြစ်ကူးတံတားစီမံကိန်းတွေ ပြီးစီးနိုင်ပါ့မလား ။
ဖြေ။ ပလက်ဝ-  ဇိုရမ်ပွီးလမ်းက ပြီးခဲ့တဲ့သက်တမ်းက စတင်ခဲ့တဲ့ စီမံကိန်းဖြစ်သလို သူက ၃ နှစ် စီမံကိန်းဖြစ်ပါတယ်။ ပြီးတော့ အေအေလက်နက်ကိုင်တွေက ကုလားတန်မြစ်ကူးတံတားစီမံကိန်းက သံပေါင်တွေကို မီးရှို့လိုက်တဲ့အတွက်ကြောင့် တံတားကလည်း ဖွင့်ပွဲလုပ်ဖို့အတွက် ခက်ခဲသွားပြီးတော့ အချိန်မီ မပြီးနိုင်တော့ဘူး။ နောက်တစ်ခါ ပလက်ဝ- ဇိုရမ်ပွီးလမ်းကလည်း ၃နှစ်စီမံကိန်းလုပ်တဲ့အခါမှာ အခုလောလောဆယ် အေအေလက်နက်ကိုင်တွေက ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ ၊လမ်းဖောက်တဲ့ ဆုထူးပန်ကုမ္ပဏီက ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ၊ ကားတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိတဲ့အခါမှာ ဝန်ထမ်းတွေက အလုပ်မလုပ်ရဲတော့ဘူး။ တစ်ဆက်တည်းမှာပဲ မိုးတွင်းလည်း ဖြစ်သွားတော့ အဲဒါက အခက်အခဲဖြစ်တယ်။ နောက် ပလက်၀ -  ဇိုရမ်ပွီးလမ်းကို လုပ်ဖို့အတွက် တင်ဒါအောင်တဲ့ကုမ္ပဏီက နှစ်ခုရှိတယ်။ EPI  နဲ့ RPPဆိုတဲ့ ကုမ္ပဏီနှစ်ခုရှိတဲ့အထဲမှာ အခုအသစ်ဝင်လာတဲ့  RPP ကုမ္ပဏီက တာဝန်ခံ၃ယောက်နဲ့ EPIကုမ္ပဏီက တာဝန်ခံနှစ်ယောက်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတို့တွေကို နိုဝင်ဘာလ ၃ရက်နေ့မှာ အေအေလက်နက်ကိုင်တွေက ဖမ်းဆီးသွားတယ်။ အဲဒီထဲမှာ RPPထဲက အသက် ၆၀ကျော်ရှိတဲ့ တာဝန်ခံအင်ဂျင်နီယာ တစ်ယောက်က အမောဆို့ သေဆုံးသွားခဲ့တယ်။ အဲဒီလိုဖြစ်စဉ်ကြောင့် အိန္ဒိယအစိုးရဘက်ကရော ကုမ္ပဏီဖက်ကရော စိုးရိမ်ကြောင့်ကြမှုတွေတော့ ရှိနိုင်တယ်။ ဒါကြောင့် လုပ်ငန်းချက်ခြင်းကြီး စဖို့ဆိုတာလည်း နယ်မြေလုံခြုံရေးကို ရှင်းလင်းဆောင်ရွက်ပြီးမှ လုပ်နိုင်မယ့်အနေအထားမျိုးတော့ တွေ့ပါတယ်။
မေး ။ အထောက်အထားတွေအရ ပလက်ဝဒေသမှာ အေအေလက်နက်ကိုင်တွေ ဘယ်အချိန်က စတင်အခြေချခဲ့တာလဲ။ 
ဖြေ။ အေအေလက်နက်ကိုင်တွေ ပလက်ဝဒေသမှာ စတင်အခြေချခဲ့တာကတော့ ၂၀၁၅ - ၂၀၁၆ ခုနှစ်လောက်မှာ အေအေအဖွဲ့တွေ နယ်စပ်မှာ စတင်လှုပ်ရှားခဲ့တယ်။ အဲဒီလို ယာယီအခြေချတာကနေ အခုဆို မထွက်တော့တဲ့ပုံစံံ ဖြစ်သွားတာပေါ့။ ပလက်ဝတစ်နယ်လုံးကို လာပြီး ဒုက္ခပေးသလိုဖြစ်နေတယ်။ အေအေ (AA)တွေအနေနဲ့ သူတို့ဘာသာသူတို့ စစ်ရေးအခြေအနေ တော်လှန်ရေးလုပ်တာက တစ်ပိုင်းပေါ့။
အခုနောက်ပိုင်းကျတော့ အေအေလက်နက်ကိုင်လုပ်ရပ်တွေက နယ်မြေလူထုကို တော်တော်လေး ဒုက္ခပေးတဲ့ပုံစံ ဖြစ်နေတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေကလည်း တောက်လျှောက် ဖြစ်နေတယ်။ ပလက်ဝအထက်ပိုင်း ၊ အိန္ဒိယနယ်စပ် ၊ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ ရှိတဲ့ကျေးရွာတွေမှာ ပြည်သူတွေ ထွက်ပြေးနေရတယ်။ အိုးအိမ်တွေလည်း ပျက်စီးပြီး တော်တော်လေး ဒုက္ခရောက်နေကြရပြီ ဖြစ်တယ်။
မေး။ လက်ရှိမှာ ချင်းပြည်နယ်အတွင်း အေအေလက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူဦးရေ ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။ အေအေလက်နက်ကိုင်အဖွဲ့တွေက သိသိသာသာကြီး ဖမ်းဆီးခေါ်ဆောင်သွားတာဆိုရင် ကင်းတလင်းရွာသား (၅၄) ဦး ခေါ်သွားတယ်။ အဲဒီထဲမှာ အဘွားကြီးတစ်ယောက်က သူတို့စခန်းမှာပဲ ဆုံးသွားတယ်။ နောက် အဲဒီစခန်းကနေ ပထမနှစ်ယောက် ထွက်ပြေးလာတယ်။ နောက် (၁၂ ) ယောက် ထပ်ထွက်ပြေးလာတယ်။ ကျန်နေတဲ့  ၃၉ယောက်ကိုတော့ နောက်ပိုင်းမှာ သူတို့ တရားဝင်လွှတ်ပေးတယ်။ အဲဒီအပြင် ခမောင်းဝဆိုတဲ့ ရခိုင်ရွာကနေ ရခိုင်လူမျိုး ၆၉ ယောက်ကို ခေါ်သွားတယ်။ လက်ရှိမှာတော့ ပြန်လွှတ်ပေးတာ မရှိသေးတဲ့အတွက် ကျွန်တော်တို့ကတော့ အေအေဖမ်းဆီးတဲ့ စာရင်းထဲမှာ ထည့်ထား ပေးတယ်။ ဒါကြောင့် အေအေဖမ်းဆီးတာတွေက စာရင်းအရဆိုရင် ၈၂ ယောက်ရှိနေတယ်။ အဲဒီထဲမှာ ရခိုင်ရွာက ၆၉ ယောက်ကို နုတ်လိုက်မယ်ဆိုရင် ၁၃ယောက် ကျန်ဦးမယ်။ အဲဒီ၁၃ယောက်က ပလက်ဝ၊နှမဒါ အောက်နားက ပါတယ်။ နောက်တစ်ခါ လေးမြို့ချောင်းထဲမှာ ရှိတဲ့ ကျွန်တော်တို့ချင်းတွေ ပါတယ်။ နောက်ပြီးတော့ ထမင်းရောင်းနေတဲ့ ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်းပါတယ်။ အခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ဆို အေအေလက်နက်ကိုင် ဖမ်းဆီးခေါ်ထားတာ ၁၅ ယောက် ရှိနေ ပါတယ်။
မေး။ အေအေအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာ  ဦးဝှေ့တင်းကို စွပ်စွဲထားတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲခင်ဗျ။
ဖြေ။ ခိုင်သုခတို့ရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြည့်လိုက်တဲ့အခါမှာ ဦးဝှေ့တင်းက လွဲပြီး အရပ်သားတွေ ဖမ်းဆီးထားတာ မရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ဖမ်းဆီးသွားတဲ့သူတွေက အခုထိ အိမ်လည်း မရောက်သေးဘူး။ မြေပြင်မှာလည်း ဘာသတင်းမှ မကြားရသေးဘူး။ အဲဒီလိုမျိုးတွေတော့ ဖြစ်နေတယ်။ ဒါကြောင့် အေအေအဖွဲ့က ပြောဆိုတာတွေနဲ့ မြေပြင်ကွဲလွဲချက်တွေတော့ ရှိတာပေါ့ ။
ပြီးတော့ ဦးဝှေ့တင်းကို မလွှတ်ချင်လို့ စွပ်စွဲတဲ့ပုံစံတွေပဲ ဖြစ်ပါတယ်။ ဦးဝှေ့တင်းဆိုတာက လူထုက ရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ သူ့ဘာသာသူ မီဒီယာနဲ့ တွေ့ရင် တွေ့မယ် ၊ပြည်သူလူထုကို လွှတ်တော်အတွေ့အကြုံတွေ ရှင်းပြတာ ရှိမယ်၊ လူထုတွေ့ဆုံပွဲတွေ လုပ်ရင် လုပ်မယ်။ သူ  က လူငယ်ဖြစ်တဲ့အတွက်ကြောင့် ပြောဆိုတာတွေ ရှိရင်ရှိမယ်လေ။  နောက်ပြီး သူတို့ စွပ်စွဲတဲ့အထဲမှာ ပလက်ဝမှာ ညောင်ပင်စွန်းက အိမ်တစ်အိမ် ငှားပြီးတော့ ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်တယ်ဆိုပြီး စွပ်စွဲတာတွေ ရှိတယ်။ အဲဒါတွေက တကယ်တော့ မဟုတ်ပါဘူး။ ရန်ကုန်က အခြေစိုက်ချင်းအဖွဲ့အစည်း NGO တစ်ခုကနေ MEET ဆိုတဲ့ ပရဟိတလုပ်ကြတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေကို ကူညီတယ်။ ဒေသဖွံ့ဖြိုးရေးတွေကို အတိုင်းအတာတစ်ခုထိ ကူညီတယ်။ အဲဒီလုပ်ငန်းပဲ လုပ်ကြတာ စစ်ဘေးရှောင်စာရင်းတွေကို ကောက်ပေးတယ်။ စစ်ဘေးရှောင်တွေကို ကူညီတယ်။ တတ်နိုင်သလောက် ထောက်ပံ့တယ်။ အဲဒီလို NGO  အဖွဲ့အစည်း ဖြစ်တယ်။ ဦးဝှေ့တင်းနဲ့ပတ်သက်ခြင်း မရှိဘူး။ အဲဒါကို ဦးဝှေ့တင်းကို တစ်ဖက်သတ်ကြီး စွပ်စွဲတာတော့ လုံးလုံးကြီးကို မှားယွင်းနေတာဖြစ်တယ်။ နောက်ပြီးတော့ တပ်ကို သတင်းပို့တယ် ။ အေအေကို တိုက်ခိုက်နေတယ်ဆိုတာကလည်း အချိန် သံသယနဲ့ စွပ်စွဲတာပဲ ဖြစ်တယ်။ ဒါပေမဲ့ သူတို့က ဦးဝှေ့တင်းရဲ့ ဖုန်းကို သိမ်းပြီးတော့ ရှာကြည့်ရင်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ Like , Comment , Share လုပ်တာတွေရှိရင် ရှိမှာပေါ့။ လက်ရှိ ဖေ့စ်ဘွတ်ခ်မှာတော့ လူတိုင်း ဆိုရှယ်မီဒီယာကို သုံးနေကြတာ ရှိမှာပေါ့။ အဲဒီလိုမျိုးသာ စွပ်စွဲနေရင်တော့ မှန်ကန်တဲ့ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။

-  ဆလိုင်းကျော်မိုး ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။