Skip to main content
ေနာက္ ဆယ္စုႏွစ္တစ္ခုေလာက္မွာ ယူႏုိက္တက္ကင္းဒမ္းဟာ လက္ရွိနယ္ေျမစုစည္းမႈအတုိင္း ရွိမေနႏုိင္ေတာ့ဟု ႏုိင္ငံသားထက္၀က္ခန္ ့က ယူဆ 
Ads Block

ေနာက္ ဆယ္စုႏွစ္တစ္ခုေလာက္မွာ ယူႏုိက္တက္ကင္းဒမ္းဟာ လက္ရွိနယ္ေျမစုစည္းမႈအတုိင္း ရွိမေနႏုိင္ေတာ့ဟု ႏုိင္ငံသားထက္၀က္ခန္ ့က ယူဆ 

 

ယူႏုိက္တက္ကင္းဒမ္း (ယူေက) ဟာ ေနာက္ ၁၀ ႏွစ္ေလာက္မွာ လက္ရွိနယ္ေျမဖြဲ႕စည္းမႈအတုိင္း ရွိမေနႏုိင္ေတာ့ဘူးလုိ ့ ယင္းႏုိင္ငံသားေတြက ယုံၾကည္ယူဆၾကေၾကာင္း Ipsos MORI က ေကာက္ယူခဲ့တဲ့ လူထုစစ္တမ္းတစ္ခုအရ ေတြ႕ရွိခဲ့ပါတယ္။ 
အဂၤလန္၊ စေကာ့တလန္၊ ေ၀းလ္၊ ေျမာက္အုိင္ယာလန္ေဒသတုိ႕ စုစည္းထူေထာင္ထားတဲ့ ယူႏုိက္တက္ကင္းဒမ္းဟာ ဥေရာပသမဂၢေန ထြက္ခြာေရး ၂၀၁၆ ခုႏွစ္က မဲေပးမႈမွာ ေထာက္ခံ ၅၂၊ ကန္ ့ကြက္ ၄၈ ရာခုိင္ႏႈန္းရွိခဲ့ပါတယ္။ ယင္းမွာ စေကာ့တလန္နဲ႕ ေျမာက္အုိင္ယာလန္တုိ ့က အီးယူမွာ ဆက္ရွိေရး ဘက္ကေနခဲ့ကာ အဂၤလန္နဲ႕ စေကာ့တလန္တုိ ့ကေတာ့ ခြဲထြက္ေရးဘက္မွာ ရွိခဲ့ပါတယ္။ 
ဘရီဇစ္ေခၚ အီးယူက ခြဲထြက္ေရး အစီအစဥ္ ေနာက္ဆုံးသတ္မွတ္ရက္ ဇန္န၀ါရီ ၃၁ ရက္သုိ ့ တျဖည္းျဖည္း ခ်ဥ္းကပ္လာၿပီျဖစ္တဲ့ ယူေကဟာ စေကာ့တလန္မွာ လြတ္လပ္ေရး ဆႏၵခံယူပြဲတစ္ခု ျပဳလုပ္ေပးဖုိ ့နဲ႕ ေျမာက္အုိင္ယာလန္မွာေတာ့ အုိင္ယာလန္ သမၼတႏုိင္ငံနဲ႕ ျပန္လည္ေပါင္းစည္းေရး မဲေပးပြဲ တစ္ခုလုပ္ေပးဖုိ ့ ေတာင္းဆုိမႈေတြ အားေကာင္းလာခဲ့ပါတယ္။ စေကာ့တလန္သားေတြကေတာ့ ၂၀၁၄ ခုႏွစ္ ဆႏၵခံယူပြဲမွာ ကန္ ့ကြက္ ၅၅၊ ေထာက္ခံ ၄၅ ရာခုိင္ႏႈန္းနဲ႕ လြတ္လပ္ေရးယူဖုိ ့ ျငင္းဆုိထားပါတယ္။ 
Ipsos MORI ရဲ႕ စစ္တမ္းအရ ယူေကႏုိင္ငံသား ၅၀ ရာခုိင္ႏႈန္းက ေနာက္ ၁၀ ႏွစ္မွာ ယူေကဟာ လက္ရွိအတုိင္း ရွိမေနႏုိင္္ေတာ့ဘူးလုိ ့ ေျဖဆုိခဲ့ၾကပါတယ္။ ဒါဟာ ၂၀၁၄ ခုႏွစ္က ေကာက္ယူခဲ့တဲ့ စစ္တမ္းမွာ ယင္းသုိ ့ ထင္ျမင္မႈ ၄၃ ရာခုိင္ႏႈန္းရွိခဲ့ရာမွ ပုိတုိးလာခဲ့တာျဖစ္ပါတယ္။ ယင္း အခ်ိန္က ယူေကဟာ လက္ရွိအတုိင္း ဆက္တည္ၿမဲေနမယ္လုိ ့ ယူဆသူ ၄၅ ရာခုိင္ႏႈန္းရွိခဲ့ၿပီး ယခုႏွစ္စစ္တမ္းမွာေတာ့ ၂၉ ရာခုိင္ႏႈန္းသာ ရွိပါေတာ့တယ္။ 
ယခုအခါ ၿဗိတိသွ် ျပည္သူေတြဟာ သူတုိ ့ယူနီယံရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ပတ္သက္ၿပီး  ၂၀၁၄ ခုႏွစ္ကထက္ သိသိသာသာ ပုိမုိကြဲျပားလာၾကေၾကာင္း၊ ယင္းအခ်ိန္က စေကာ့တလန္ဟာ လြတ္လပ္ေရး ဆႏၵခံယူပြဲတစ္ခုလုပ္ဖုိ ့ သုံးလခန္ ့သာလုိေတာ့ခ်ိန္ျဖစ္ၿပီး အျငင္းအခုံေတြ ျပင္းထန္ေနတဲ့ ကာလျဖစ္ေၾကာင္း Ipsos MORI Scotland ရဲ႕ မန္ေနဂ်င္း ဒါရုိက္တာ အမ္မီလီ ဂေရးက ေျပာဆုိပါတယ္။ 
စေကာ့တလန္ ေရြးေကာက္ပြဲ မဲဆြယ္ဒီဘိတ္မွာ လြတ္လပ္ေရး ကိစၥက အဓိက အကြဲအၿပဲ တစ္ခုျဖစ္ခဲ့ၿပီး စေကာ့တလန္ကုိ ယူနီယံမွာ ဆက္ရွိေနလုိသူေတြအတြက္ စုိးရိမ္ပူပန္စရာအျဖစ္ မွတ္ယူႏုိင္သလုိ တစ္ခါ စေကာ့တလန္ လြတ္လပ္ေရး တုိက္တြန္းလႈံေဆာ္ေနသူအတြက္ ဆက္လက္ႀကိဳးပမ္းရမယ့္ လမ္းေၾကာင္းတစ္ခုအျဖစ္ ေမွ်ာ္လင့္ၾကမွာျဖစ္ေၾကာင္း ၄င္းက ဆုိပါတယ္။ 
Ipsos MORI ၿဗိတိန္တ၀န္းက အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ ၁၀၀၁ ဦးကုိ ေအာက္တုိဘာ ၂၅ ကေန ၂၈ ရက္ေန ့အထိ ေတြ႕ဆုံေမးျမန္းမႈေတြလုပ္ကာ စစ္တမ္းေကာက္ယူခဲ့တာျဖစ္ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ဟာ နောက် ၁၀ နှစ်လောက်မှာ လက်ရှိနယ်မြေဖွဲ့စည်းမှုအတိုင်း ရှိမနေနိုင်တော့ဘူးလို့ ယင်းနိုင်ငံသားတွေက ယုံကြည်ယူဆကြကြောင်း Ipsos MORI က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတစ်ခုအရ တွေ့ရှိခဲ့ပါတယ်။ 
အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်၊ မြောက်အိုင်ယာလန်ဒေသတို့ စုစည်းထူထောင်ထားတဲ့ ယူနိုက်တက်ကင်းဒမ်းဟာ ဥရောပသမဂ္ဂနေ ထွက်ခွာရေး ၂၀၁၆ ခုနှစ်က မဲပေးမှုမှာ ထောက်ခံ ၅၂၊ ကန့်ကွက် ၄၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ယင်းမှာ စကော့တလန်နဲ့ မြောက်အိုင်ယာလန်တို့က အီးယူမှာ ဆက်ရှိရေး ဘက်ကနေခဲ့ကာ အင်္ဂလန်နဲ့ စကော့တလန်တို့ကတော့ ခွဲထွက်ရေးဘက်မှာ ရှိခဲ့ပါတယ်။ 
ဘရီဇစ်ခေါ် အီးယူက ခွဲထွက်ရေး အစီအစဉ် နောက်ဆုံးသတ်မှတ်ရက် ဇန်နဝါရီ ၃၁ ရက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်တဲ့ ယူကေဟာ စကော့တလန်မှာ လွတ်လပ်ရေး ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ပေးဖို့နဲ့ မြောက်အိုင်ယာလန်မှာတော့ အိုင်ယာလန် သမ္မတနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေး မဲပေးပွဲ တစ်ခုလုပ်ပေးဖို့ တောင်းဆိုမှုတွေ အားကောင်းလာခဲ့ပါတယ်။ စကော့တလန်သားတွေကတော့ ၂၀၁၄ ခုနှစ် ဆန္ဒခံယူပွဲမှာ ကန့်ကွက် ၅၅၊ ထောက်ခံ ၄၅ ရာခိုင်နှုန်းနဲ့ လွတ်လပ်ရေးယူဖို့ ငြင်းဆိုထားပါတယ်။ 
Ipsos MORI ရဲ့ စစ်တမ်းအရ ယူကေနိုင်ငံသား ၅၀ ရာခိုင်နှုန်းက နောက် ၁၀ နှစ်မှာ ယူကေဟာ လက်ရှိအတိုင်း ရှိမနေနိုင်တော့ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ယင်းသို့ ထင်မြင်မှု ၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ပိုတိုးလာခဲ့တာဖြစ်ပါတယ်။ ယင်း အချိန်က ယူကေဟာ လက်ရှိအတိုင်း ဆက်တည်မြဲနေမယ်လို့ ယူဆသူ ၄၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်စစ်တမ်းမှာတော့ ၂၉ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ 
ယခုအခါ ဗြိတိသျှ ပြည်သူတွေဟာ သူတို့ယူနီယံရဲ့ အနာဂတ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး  ၂၀၁၄ ခုနှစ်ကထက် သိသိသာသာ ပိုမိုကွဲပြားလာကြကြောင်း၊ ယင်းအချိန်က စကော့တလန်ဟာ လွတ်လပ်ရေး ဆန္ဒခံယူပွဲတစ်ခုလုပ်ဖို့ သုံးလခန့်သာလိုတော့ချိန်ဖြစ်ပြီး အငြင်းအခုံတွေ ပြင်းထန်နေတဲ့ ကာလဖြစ်ကြောင်း Ipsos MORI Scotland ရဲ့ မန်နေဂျင်း ဒါရိုက်တာ အမ်မီလီ ဂရေးက ပြောဆိုပါတယ်။ 
စကော့တလန် ရွေးကောက်ပွဲ မဲဆွယ်ဒီဘိတ်မှာ လွတ်လပ်ရေး ကိစ္စက အဓိက အကွဲအပြဲ တစ်ခုဖြစ်ခဲ့ပြီး စကော့တလန်ကို ယူနီယံမှာ ဆက်ရှိနေလိုသူတွေအတွက် စိုးရိမ်ပူပန်စရာအဖြစ် မှတ်ယူနိုင်သလို တစ်ခါ စကော့တလန် လွတ်လပ်ရေး တိုက်တွန်းလှုံဆော်နေသူအတွက် ဆက်လက်ကြိုးပမ်းရမယ့် လမ်းကြောင်းတစ်ခုအဖြစ် မျှော်လင့်ကြမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။ 
Ipsos MORI ဗြိတိန်တဝန်းက အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁၀၀၁ ဦးကို အောက်တိုဘာ ၂၅ ကနေ ၂၈ ရက်နေ့အထိ တွေ့ဆုံမေးမြန်းမှုတွေလုပ်ကာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။