Skip to main content
ဘဂၤါလီေတြအေပၚ က်ဴးလြန္ခဲ့မႈေတြနဲ႕ ပတ္သက္ၿပီး ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္အပါအ၀င္ ျမန္မာ အရပ္ဘက္၊ စစ္ဘက္ေခါင္းေဆာင္ေတြကုိ ဘဂၤါလီအဖြဲ႕အစည္းက တရားစြဲ 
Ads Block

ဘဂၤါလီေတြအေပၚ က်ဴးလြန္ခဲ့မႈေတြနဲ႕ ပတ္သက္ၿပီး ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္အပါအ၀င္ ျမန္မာ အရပ္ဘက္၊ စစ္ဘက္ေခါင္းေဆာင္ေတြကုိ ဘဂၤါလီအဖြဲ႕အစည္းက တရားစြဲ 

 

ဘဂၤါလီ(မူရင္းအသုံး ရုိဟင္ဂ်ာ) မြတ္ဆလင္ေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအတြက္ ဆုိကာ ျမန္မာ စစ္ဘက္၊ အရပ္ဘက္ ထိပ္တန္းအရာရွိေတြအေပၚ အာဂ်င္တီးနားႏုိင္ငံ တရားရုံးမွာ တရားစြဲဆုိခဲ့ရာမွာ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ပါ၀င္ ခဲ့ေၾကာင္း သိရပါတယ္။ ဒါဟာ ယင္း ျပႆနာနဲ႕ ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရး ႏုိဗယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ဥပေဒေၾကာင္းအရ ပထမဆုံး ပစ္မွတ္ထားလာျဖင္း ျဖစ္ပါတယ္။ 
ႏုိင္ငံအမ်ားအျပားက ဥပေဒေတြမွာ လက္ခံထားတဲ့ ႏုိင္ငံတကာ တရားစီရင္ပုိင္ခြင့္ (universal jurisdiction) သေဘာတရားအရ ဘဂၤါလီနဲ႕ လက္တင္အေမရိက လူ႕အခြင့္အေရးအဖြဲ႕ေတြက အာဂ်င္တီးနားမွာ တရားစြဲတင္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ စစ္ရာဇ၀တ္မႈေတြ၊ လူသားထုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြ အပါအ၀င္ အလြန္ဆုိး၀ါးတဲ့ ျပစ္မႈေတြအေပၚ ယင္း တရားစီရင္ပုိင္ခြင့္အရ ဘယ္ႏုိင္ငံမွာမဆုိ တရားစြဲတင္ႏုိင္ဆယ္လုိ ့ ဆုိပါတယ္။ 
ဘဂၤါလီေတြရင္ဆုိင္ခဲ့ရတဲ့ အသက္ရွင္ရပ္တည္မႈဆုိင္ရာ ၿခိမ္းေျခာက္ခံရမႈအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ အရပ္ဘက္ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္တုိ ့ အပါအ၀င္ စစ္ေရး၊ ႏုိင္ငံေရး ထိပ္တန္းေခါင္းေဆာင္ေတြကုိ တရားစီရင္ ေပးဖုိ ့ စြဲတင္ခ်က္မွာ ေတာင္းဆုိထားေၾကာင္း သိရပါတယ္။ 
ျမန္မာ အာဏာပုိင္ေတြဟာ မိမိတုိ႕အေပၚခြဲျခားထားတဲ့ လူမ်ဳိးစုတစ္ခုအျဖစ္ ကန္႔သတ္မႈ ေတြလုပ္ျခင္း၊ မိမိတုိ ့မူရင္းႏုိင္ငံကေန ထြက္ခြာေျပးေအာင္ အင္အားသုံးျခင္း၊ သတ္ျဖတ္ျခင္းေတြ လုပ္ျခင္းအားျဖင့္ မိမိတုိ ့ကုိ ေမာင္းထုတ္ဖယ္ရွားဖုိ ့ ဆယ္စုႏွစ္မ်ားစြာ ႀကိဳးစားခဲ့ေၾကာင္း ၿဗိတိန္ အေျခစုိက္ ဘဂၤါလီအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Burmese Rohingya Organisation UK(BROUK) ရဲ႕ ဥကၠ႒ ဦးထြန္းခင္က ေျပာဆုိခဲ့ပါတယ္။ 
အာဂ်င္တီးနားႏုိင္ငံ တရားရုံးေတြဟာ စပိန္ႏုိင္ငံရဲ႕ အာဏာရွင္ေဟာင္း ဖရန္စစၥကုိ ဖရန္ကုိ နဲ႔ ဆက္စပ္တဲ့ အမႈ၊ တရုတ္ႏုိင္ငံရဲ႕ Falun Gong လႈပ္ရွားမႈေတြအပါအ၀င္ အျခား ႏုိင္ငံတကာ တရားစီရင္ပုိင္ခြင့္အမႈေတြကုိ ကုိင္တြယ္ေနတယ္လုိ ့လည္း သိရပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

 

ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) မွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆိုကာ မြန်မာ စစ်ဘက်၊ အရပ်ဘက် ထိပ်တန်းအရာရှိတွေအပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ တရားစွဲဆိုခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင် ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ယင်း ပြဿနာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဥပဒေကြောင်းအရ ပထမဆုံး ပစ်မှတ်ထားလာဖြင်း ဖြစ်ပါတယ်။ 
နိုင်ငံအများအပြားက ဥပဒေတွေမှာ လက်ခံထားတဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) သဘောတရားအရ ဘင်္ဂါလီနဲ့ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားမှာ တရားစွဲတင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ အပါအဝင် အလွန်ဆိုးဝါးတဲ့ ပြစ်မှုတွေအပေါ် ယင်း တရားစီရင်ပိုင်ခွင့်အရ ဘယ်နိုင်ငံမှာမဆို တရားစွဲတင်နိုင်ဆယ်လို့ ဆိုပါတယ်။ 
ဘင်္ဂါလီတွေရင်ဆိုင်ခဲ့ရတဲ့ အသက်ရှင်ရပ်တည်မှုဆိုင်ရာ ခြိမ်းခြောက်ခံရမှုအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် စစ်ရေး၊ နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တွေကို တရားစီရင် ပေးဖို့ စွဲတင်ချက်မှာ တောင်းဆိုထားကြောင်း သိရပါတယ်။ 
မြန်မာ အာဏာပိုင်တွေဟာ မိမိတို့အပေါ်ခွဲခြားထားတဲ့ လူမျိုးစုတစ်ခုအဖြစ် ကန့်သတ်မှု တွေလုပ်ခြင်း၊ မိမိတို့မူရင်းနိုင်ငံကနေ ထွက်ခွာပြေးအောင် အင်အားသုံးခြင်း၊ သတ်ဖြတ်ခြင်းတွေ လုပ်ခြင်းအားဖြင့် မိမိတို့ကို မောင်းထုတ်ဖယ်ရှားဖို့ ဆယ်စုနှစ်များစွာ ကြိုးစားခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဘင်္ဂါလီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Burmese Rohingya Organisation UK(BROUK) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုခဲ့ပါတယ်။ 
အာဂျင်တီးနားနိုင်ငံ တရားရုံးတွေဟာ စပိန်နိုင်ငံရဲ့ အာဏာရှင်ဟောင်း ဖရန်စစ္စကို ဖရန်ကို နဲ့ ဆက်စပ်တဲ့ အမှု၊ တရုတ်နိုင်ငံရဲ့ Falun Gong လှုပ်ရှားမှုတွေအပါအဝင် အခြား နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အမှုတွေကို ကိုင်တွယ်နေတယ်လို့လည်း သိရပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။