Skip to main content
အင္ဒုိနီးရွား ရဲဌာနခ်ဳပ္အျပင္တြင္ အေသခံဗုံးေဖာက္ခြဲခဲ့သူမွာ တကၠသုိလ္ေက်ာင္းသားတစ္ဦးျဖစ္ဟု ရဲတပ္ဖြဲ႕ ထုတ္ျပန္ 
Ads Block

အင္ဒုိနီးရွား ရဲဌာနခ်ဳပ္အျပင္တြင္ အေသခံဗုံးေဖာက္ခြဲခဲ့သူမွာ တကၠသုိလ္ေက်ာင္းသားတစ္ဦးျဖစ္ဟု ရဲတပ္ဖြဲ႕ ထုတ္ျပန္ 

 

အင္ဒုိနီးရွားႏုိင္ငံ ေျမာက္ဆူမာၾတားေဒသ မီဒန္ၿမိဳ႕ရွိ ရဲဌာနခ်ဳပ္ အျပင္မွာ လူ ၆ ဦး ဒဏ္ရာရေစခဲ့တဲ့ အေသခံဗုံးေဖာက္ခြဲခဲ့သူ ဘယ္သူဘယ္၀ါဆုိတာ ေဖာ္ထုတ္သိရွိရၿပီျဖစ္ေၾကာင္း အင္ဒုိရဲတပ္ဖြဲ႕က ဗုဒၶဟူးေန ့မွာ ထုတ္ျပန္ခဲ့ပါတယ္။  
လက္ေဗြရာ တုိက္ဆုိင္စစ္ေဆးခ်က္ေတြအရ အေသခံဗုံးေဖာက္ခြဲမႈအတြင္း ေသဆုံးသြားခဲ့တဲ့ သံသယ ရွိသူဟာ မီဒန္ၿမိဳ႕ဖြား အသက္ ၂၄ ႏွစ္အရြယ္ တကၠသုိလ္ေက်ာင္းသားတစ္ဦးျဖစ္တယ္လုိ ့ အမ်ဳိးသား ရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရွိသူ ဒက္ဒီပရာဆက္ယုိ က ေျပာဆုိပါတယ္။ သူ႕အေနနဲ႕ေတာ့ ဗုံးခြဲတုိက္ခုိက္မႈဟာ တစ္ကုိယ္ေတာ္ က်ဴးလြန္ခ့ဲတာျဖစ္တယ္လုိ ့ ယုံၾကည္ေပမယ့္ စစ္ေသြးၾကြအဖြဲ႕ေတြနဲ႕ ဆက္ႏြယ္မႈရွိ မရွိကုိ ရဲတပ္ဖြဲ႕က ဆက္လက္စုံစမ္းေနတယ္လုိ ့လည္း ၄င္းက ဆုိပါတယ္။ 
တုိက္ခုိက္သူကုိ ေဖာ္ထုတ္ရာမွာ အေထာက္အကူျဖစ္ေစမယ့္ လူ႕ခႏၶာကုိယ္ အစိတ္အပုိင္းအခ်ဳိ႕ ရရွိ ထားၿပီး ဒီအန္ေအ စစ္ေဆးေနေၾကာင္းနဲ႕ ဒီအန္ေအ စစ္ေဆးခ်က္ရလဒ္က လက္ေဗြတုိက္ဆုိင္စစ္ေဆးမႈကုိ အေထာက္အပံ့ျဖစ္ေစမွာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ 
ဗုဒၶဟူးေန ့ မနက္ပုိင္း ၉ နာရီေလာက္က မီဒန္ရဲဌာနခ်ဳပ္ အျပင္က ကားပါကင္တစ္ခုမွာ ဗုံးေပါက္ ကြဲမႈျဖစ္ခဲ့တာျဖစ္ၿပီး ရဲေလးဦးနဲ႕ အရပ္သားႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း ပရာဆက္ယုိက ေျပာဆုိပါတယ္။ ဗုံးေဖာက္ခြဲသူဟာ သူ႕ကုိယ္မွာ ဗုံး၀တ္စုံ ၀တ္လာခဲ့တာျဖစ္ေၾကာင္း ပရာဆက္ယုိက ေျပာေပမယ့္ ဘယ္လုိဗုံး အမ်ဳိးအစားျဖစ္တယ္ဆုိတာေတာ့ မေျပာခဲ့ပါဘူး။ 
အင္အားျပင္း အဆင့္ျမင့္ ေဖာက္ခြဲေရးပစၥည္းလား အဆင့္နိမ့္ ပစၥည္းလားဆုိတာ သိရွိႏုိင္ဖုိ ့ အခင္း ျဖစ္ေနရာက ေတြ႕ရွိတဲ့ သက္ေသအေထာက္အထားအားလုံးကုိ မူခင္းဓါတ္ခြဲခန္းမွာ စစ္ေဆးေနၾကဆဲ ျဖစ္တယ္လုိ ့ဆုိပါတယ္။ 
ကမာၻ႕မြတ္ဆလင္ဦးေရအမ်ားဆုံး အင္ဒုိနီးရွားႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္မွစကာ ျပည္တြင္း စစ္ေသြးၾကြ ျပန္လည္ထၾကြလာမႈကုိ ရင္ဆုိင္လာရကာ ရဲတပ္ဖြဲ႕အေပၚ ပစ္မွတ္ထားတဲ့ တုိက္ခုိက္မႈေတြ ပုံမွန္လုိလုိ ေပၚေပါက္လာခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြားဒေသ မီဒန်မြို့ရှိ ရဲဌာနချုပ် အပြင်မှာ လူ ၆ ဦး ဒဏ်ရာရစေခဲ့တဲ့ အသေခံဗုံးဖောက်ခွဲခဲ့သူ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်သိရှိရပြီဖြစ်ကြောင်း အင်ဒိုရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။  
လက်ဗွေရာ တိုက်ဆိုင်စစ်ဆေးချက်တွေအရ အသေခံဗုံးဖောက်ခွဲမှုအတွင်း သေဆုံးသွားခဲ့တဲ့ သံသယ ရှိသူဟာ မီဒန်မြို့ဖွား အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တယ်လို့ အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒက်ဒီပရာဆက်ယို က ပြောဆိုပါတယ်။ သူ့အနေနဲ့တော့ ဗုံးခွဲတိုက်ခိုက်မှုဟာ တစ်ကိုယ်တော် ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပေမယ့် စစ်သွေးကြွအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိ မရှိကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။ 
တိုက်ခိုက်သူကို ဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေမယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ရရှိ ထားပြီး ဒီအန်အေ စစ်ဆေးနေကြောင်းနဲ့ ဒီအန်အေ စစ်ဆေးချက်ရလဒ်က လက်ဗွေတိုက်ဆိုင်စစ်ဆေးမှုကို အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ 
ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ၉ နာရီလောက်က မီဒန်ရဲဌာနချုပ် အပြင်က ကားပါကင်တစ်ခုမှာ ဗုံးပေါက် ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ရဲလေးဦးနဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပရာဆက်ယိုက ပြောဆိုပါတယ်။ ဗုံးဖောက်ခွဲသူဟာ သူ့ကိုယ်မှာ ဗုံးဝတ်စုံ ဝတ်လာခဲ့တာဖြစ်ကြောင်း ပရာဆက်ယိုက ပြောပေမယ့် ဘယ်လိုဗုံး အမျိုးအစားဖြစ်တယ်ဆိုတာတော့ မပြောခဲ့ပါဘူး။ 
အင်အားပြင်း အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်းလား အဆင့်နိမ့် ပစ္စည်းလားဆိုတာ သိရှိနိုင်ဖို့ အခင်း ဖြစ်နေရာက တွေ့ရှိတဲ့ သက်သေအထောက်အထားအားလုံးကို မူခင်းဓါတ်ခွဲခန်းမှာ စစ်ဆေးနေကြဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ 
ကမ္ဘာ့မွတ်ဆလင်ဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှစကာ ပြည်တွင်း စစ်သွေးကြွ ပြန်လည်ထကြွလာမှုကို ရင်ဆိုင်လာရကာ ရဲတပ်ဖွဲ့အပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပုံမှန်လိုလို ပေါ်ပေါက်လာခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။