Skip to main content
 ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ၾကက္သြန္နီေစ်းႏွဳန္းထိန္းခ်ဳပ္ႏိုင္ၿပီဟု ဆို 
Ads Block

 ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ၾကက္သြန္နီေစ်းႏွဳန္းထိန္းခ်ဳပ္ႏိုင္ၿပီဟု ဆို 

ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ၾကက္သြန္နီေစ်းႏွဳန္းကို ယခုအခါတြင္ ထိန္းခ်ဳပ္ႏိုင္ျပီျဖစ္ေၾကာင္း စက္မွဳ၀န္ႀကီး နာရူးလ္မဂ်စ္မာမြတ္ က ပါလီမန္၌ ေျပာဆိုသည္ဟု ဘဂၤလားအေျခစိုက္ The Daily Star ( ဘဂၤါလီဘာသာ ) က ယမန္ေန႔ေရးသားသည္။
ႏိုင္ငံေတာ္အတြင္း ၾကက္သြန္နီေစ်းႏွုန္းႏွင့္ ပတ္သက္၍ အတိုက္အခံ BNP ပါတီ ပါလီမန္အမတ္၏ ေမးျမန္းခ်က္ကို ကုန္သြယ္ေရး၀န္ႀကီးကိုယ္စား ၀န္ၾကီးမာမြတ္ က ေျဖဆိုရာ၌ အဆိုပါၾကက္သြန္နီေစ်းကို ယခုအခါ အစိုးရက ထိန္းသိမ္းႏိုင္ျပီဟု မိမိယံုၾကည္ေၾကာင္း ေဖာ္ျပထားသည္ဟု ဆိုသည္။
ေန႔စဥ္ ဟင္းလ်ာခ်က္ျပဳတ္ရာတြင္ မပါမၿပီးသည့္ ၾကက္သြန္နီေစ်းႏွဳန္း အလြန္အမင္းျမင့္တက္ေနသည့္အတြက္ သာမန္လက္လုပ္လက္စား ျပည္သူတို႔တြင္ အၾကပ္အတည္းခံစားေနရျခင္းအေပၚ ဘဂၤလားေဒ့ရွ္ အ၀ါမီလိခ္ အစိုးရ၏ ကိုင္တြယ္ေဆာင္ရြက္လွ်က္ရွိပံုကို ၀န္ၾကီးမာမြတ္ က ယခုကဲ့သို႔ မွတ္ခ်က္ျပဳျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ေကာက္ယူရရွိသည့္ အခ်က္အလက္မ်ားအရ အဂၤါေန႔ ဒါကာၿမိဳ႕လက္လီေစ်းကြက္တြင္ ၾကက္သြန္နီေစ်းမွာ တစ္ကီလိုလွ်င္ အေမရိကန္ေဒၚလာ ၆ ဆင့္ခန္႔ ရွိသည္။ ထိုေစ်းႏွဳန္းမွာ ၾကက္သြန္နီ ေစ်းတက္ကတည္းက အျမင့္ဆံုးျဖစ္သည္။
အိႏၵိယက ေရၾကီးေရလွ်ံျခင္းေၾကာင့္ ၄င္း၏ ၾကက္သြန္နီျပည္ပတင္ပို႔ျခင္းကို ရပ္ဆိုင္းလိုက္ရာ ဘဂၤလားေဒ့ရွ္တြင္ ၾကက္သြန္နီ အ၀င္နည္းျခင္းျဖစ္ေပၚခဲ့ရသည္၊ သို႔ေသာ္လည္း ျမန္မာႏွင့္ တူရကီတို႔ထံမွ တင္သြင္းျခင္းျဖင့္ လ်င္ျမန္မာစြာ ျပႆနာ ေျဖရွင္းႏိုင္ခဲ့သည္။
ပံုမွန္အားျဖင့္ ယခုကဲ့သို႔ရာသီတြင္ႏွစ္စဥ္ ၾကက္သြန္နီ ေစ်းတက္ေလ့ရွိရာ ယခုႏွစ္တြင္လည္း အလားတူ ျဖစ္ပါေၾကာင္း၊ ျပည္တြင္းစိုက္ပ်ိဳး ထုတ္လုပ္ေသာ ၾကက္သြန္နီမ်ား ေစ်းကြက္သို႔ ရက္အနည္းငယ္အတြင္း ေရာက္ရွိလာမည္ျဖစ္ေၾကာင္း၊ အစိုးရ႒ာနဆိုင္ရာမ်ားအပါအ၀င္ အမ်ိဳးသားစားသံုးသူ ကာကြယ္ေရးညႊန္ၾကားမွဳ ဦးစီး႒ာနကလည္း ေစ်းကြက္ေစာင့္ၾကည့္ထိန္းညွိျခင္းမ်ား ျပဳလုပ္လွ်က္ရွိပါေၾကာင္း ၀န္ၾကီးမာမြတ္ က ဆက္လက္ေျဖဆိုသည္။

- Htay Oung ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြက်သွန်နီဈေးနှုန်းကို ယခုအခါတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီး နာရူးလ်မဂျစ်မာမွတ် က ပါလီမန်၌ ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star ( ဘင်္ဂါလီဘာသာ ) က ယမန်နေ့ရေးသားသည်။
နိုင်ငံတော်အတွင်း ကြက်သွန်နီဈေးနှုန်းနှင့် ပတ်သက်၍ အတိုက်အခံ BNP ပါတီ ပါလီမန်အမတ်၏ မေးမြန်းချက်ကို ကုန်သွယ်ရေးဝန်ကြီးကိုယ်စား ဝန်ကြီးမာမွတ် က ဖြေဆိုရာ၌ အဆိုပါကြက်သွန်နီဈေးကို ယခုအခါ အစိုးရက ထိန်းသိမ်းနိုင်ပြီဟု မိမိယုံကြည်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
နေ့စဉ် ဟင်းလျာချက်ပြုတ်ရာတွင် မပါမပြီးသည့် ကြက်သွန်နီဈေးနှုန်း အလွန်အမင်းမြင့်တက်နေသည့်အတွက် သာမန်လက်လုပ်လက်စား ပြည်သူတို့တွင် အကြပ်အတည်းခံစားနေရခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် အဝါမီလိခ် အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်လျှက်ရှိပုံကို ဝန်ကြီးမာမွတ် က ယခုကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
ကောက်ယူရရှိသည့် အချက်အလက်များအရ အင်္ဂါနေ့ ဒါကာမြို့လက်လီဈေးကွက်တွင် ကြက်သွန်နီဈေးမှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၆ ဆင့်ခန့် ရှိသည်။ ထိုဈေးနှုန်းမှာ ကြက်သွန်နီ ဈေးတက်ကတည်းက အမြင့်ဆုံးဖြစ်သည်။
အိန္ဒိယက ရေကြီးရေလျှံခြင်းကြောင့် ၎င်း၏ ကြက်သွန်နီပြည်ပတင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ရာ ဘင်္ဂလားဒေ့ရှ်တွင် ကြက်သွန်နီ အဝင်နည်းခြင်းဖြစ်ပေါ်ခဲ့ရသည်၊ သို့သော်လည်း မြန်မာနှင့် တူရကီတို့ထံမှ တင်သွင်းခြင်းဖြင့် လျင်မြန်မာစွာ ပြဿနာ ဖြေရှင်းနိုင်ခဲ့သည်။
ပုံမှန်အားဖြင့် ယခုကဲ့သို့ရာသီတွင်နှစ်စဉ် ကြက်သွန်နီ ဈေးတက်လေ့ရှိရာ ယခုနှစ်တွင်လည်း အလားတူ ဖြစ်ပါကြောင်း၊ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်သော ကြက်သွန်နီများ ဈေးကွက်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အစိုးရဋ္ဌာနဆိုင်ရာများအပါအဝင် အမျိုးသားစားသုံးသူ ကာကွယ်ရေးညွှန်ကြားမှု ဦးစီးဋ္ဌာနကလည်း ဈေးကွက်စောင့်ကြည့်ထိန်းညှိခြင်းများ ပြုလုပ်လျှက်ရှိပါကြောင်း ဝန်ကြီးမာမွတ် က ဆက်လက်ဖြေဆိုသည်။

- Htay Oung ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။