Skip to main content
၂၀၂၀ အလြန္ မည္သည့္အစိုးရတက္တက္ ၿငိမ္းခ်မ္းေရး ဆက္လက္ေဖာ္ေဆာင္မည္ဟု UPDJC ဒုဥကၠ႒ေျပာ
Ads Block

၂၀၂၀ အလြန္ မည္သည့္အစိုးရတက္တက္ ၿငိမ္းခ်မ္းေရး ဆက္လက္ေဖာ္ေဆာင္မည္ဟု UPDJC ဒုဥကၠ႒ေျပာ

 

၂၀၂၀ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရန္ ရည္မွန္းခ်က္ မျဖစ္ႏုိင္ေတာ့ေသာ္လည္း မည္သည့္ အစုိးရတက္တက္ ၿငိမ္းခ်မ္းေရး ဆက္ လက္ေဖာ္ေဆာင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ဒုဥကၠ႒ ဦးသုေ၀က ေျပာ သည္။
“ၿငိမ္းခ်မ္းေရးကေတာ့ ဒီလုိပဲႀကိဳးစားေနတာေပါ့။ လုပ္ရုိးလုပ္စဥ္အတြက္ကေတာ့ အဟန္႔အတား ျဖစ္သြားတာေပါ့။ အဟန္႔အ တားျဖစ္သြားတာကုိ အမ်ားႀကီး ႀကဳိးစားေနတာေပါ့။ အဲဒီေတာ့ ဘယ္လုိျဖစ္သြားလဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ ေမွ်ာ္မွန္းထားတာက ေတာ့ ပထမတုန္းက ၂၀၂၀ မေရာက္ခင္ ၿပီးေအာင္လုပ္မွာေပါ့။ ဒါေပမဲ့ အဲဒီဟာက မျဖစ္ေတာ့ဘူးနဲ႔တူတယ္။ မျဖစ္ေပမယ့္လုိ႔ ကြ်န္ေတာ္တုိ႔က အခုဘာလုပ္ထားလဲဆုိေတာ့ ဒီ ၂၀၂၀ လြန္သြားေပမဲ့လည္း ဘယ္အစုိးရ တက္လာသည္ျဖစ္ေစ ဆက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးကုိ ေဖာ္ေဆာင္ဖုိ႔တဲ့သေဘာ ရွိတယ္။ အဲဒီေတာ့ ဆက္လုပ္ရမွာေပါ့ဗ်ာ”ဟု ဦးသုေ၀ကေျပာသည္။
သမၼတ ဦးသိန္းစိန္လက္ထက္ ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာ ၁၅ ရက္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ သေဘာ တူ စာခ်ဳပ္တြင္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔ လက္မွတ္ေရးထုိးခဲ့ၿပီး NLD အစိုးရလက္ထက္ ၂၀၁၇ ခုနွစ္တြင္ မြန္ျပည္ သစ္ပါတီႏွင့္ လားဟူဒီမုိကရက္တစ္ပါတီတုိ႔ ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
လက္ရွိတြင္ AA၊ KIA ၊TNLA၊ MNDAA ၊ SSPP/SSA ၊ KNPP စသည့္အဖြဲ႔မ်ား NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးရန္ က်န္ ရွိေနေသးသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

၂၀၂၀ ပြည်တွင်း ငြိမ်းချမ်းရေးရရန် ရည်မှန်းချက် မဖြစ်နိုင်တော့သော်လည်း မည်သည့် အစိုးရတက်တက် ငြိမ်းချမ်းရေး ဆက် လက်ဖော်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ ဦးသုဝေက ပြော သည်။
“ငြိမ်းချမ်းရေးကတော့ ဒီလိုပဲကြိုးစားနေတာပေါ့။ လုပ်ရိုးလုပ်စဉ်အတွက်ကတော့ အဟန့်အတား ဖြစ်သွားတာပေါ့။ အဟန့်အ တားဖြစ်သွားတာကို အများကြီး ကြိုးစားနေတာပေါ့။ အဲဒီတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့ မျှော်မှန်းထားတာက တော့ ပထမတုန်းက ၂၀၂၀ မရောက်ခင် ပြီးအောင်လုပ်မှာပေါ့။ ဒါပေမဲ့ အဲဒီဟာက မဖြစ်တော့ဘူးနဲ့တူတယ်။ မဖြစ်ပေမယ့်လို့ ကျွန်တော်တို့က အခုဘာလုပ်ထားလဲဆိုတော့ ဒီ ၂၀၂၀ လွန်သွားပေမဲ့လည်း ဘယ်အစိုးရ တက်လာသည်ဖြစ်စေ ဆက်ပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့တဲ့သဘော ရှိတယ်။ အဲဒီတော့ ဆက်လုပ်ရမှာပေါ့ဗျာ”ဟု ဦးသုဝေကပြောသည်။
သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူ စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် မွန်ပြည် သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် AA၊ KIA ၊TNLA၊ MNDAA ၊ SSPP/SSA ၊ KNPP စသည့်အဖွဲ့များ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ကျန် ရှိနေသေးသည်။
 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။