Skip to main content
ေဆးေျခာက္တရား၀င္ျဖစ္ေျမာက္ေရး လႈပ္ရွားမႈ ဦးေဆာင္သူႏွစ္ဦးကို ၿငိမ္းစု/စီပုဒ္မျဖင့္ အမႈဖြင့္
Ads Block

ေဆးေျခာက္တရား၀င္ျဖစ္ေျမာက္ေရး လႈပ္ရွားမႈ ဦးေဆာင္သူႏွစ္ဦးကို ၿငိမ္းစု/စီပုဒ္မျဖင့္ အမႈဖြင့္

 

ႏုိ၀င္ဘာလ (၁၁) ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ မဟာဗႏၶဳလပန္းၿခံတြင္ ျပဳလုပ္ခဲ့သည့္ ေဆးေျခာက္ တ ရား၀င္ျဖစ္ေျမာက္ေရး လႈပ္ရွားမႈ ဦးေဆာင္သူႏွစ္ဦးကို ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းတြင္ ၿငိမ္းစု/စီ ပုဒ္မ(၁၉)ျဖင့္ အမႈအေရး ယူထားေၾကာင္း သိရသည္။
အဆိုပါ စုေ၀းမႈတြင္ အလံကိုင္၊ ဆိုင္းဘုတ္တင္မႈမ်ား ျပဳလုပ္သည့္အတြက္ ပုဒ္မ(၁၉)ျဖင့္ အေရးယူျခင္းျဖစ္ေၾကာင္း ေက်ာက္ တံတားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးမ်ိဳးသက္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
“ဟုတ္ပါတယ္။ ၿငိ္မ္းစု/စီနဲ႔ အမႈဖြင့္လိုက္ပါၿပီ။ အလံကိုင္၊ ဆိုင္းဘုတ္တင္လို႔ပါ။ ဥပေဒမွာ ပါၿပီးသားပါ။ အလံမကိုင္ရဘူး။ ဆိုင္း ဘုတ္မတင္ရဘူးဆိုတာ။ လာၿပီးအမႈရင္ဆိုင္ရင္ အာမခံေပးပါမယ္။ မလာဘူးဆိုရင္ တရားခံေျပးျဖစ္ၿပီေပါ့။ တရားခံေျပးဆိုရင္ အာမခံ ေပးလို႔မရေတာ့ဘူးေပါ့”ဟု ေက်ာက္တံတားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးမ်ိဳးသက္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အမႈဖြင့္ခံထားရသူ (၂)ဦးမွာ အဆိုပါအဖြဲ႔၏ ဦးေဆာင္သူမ်ားျဖစ္ေသာ ကိုစိန္လွေမာင္ႏွင့္၊ ကိုထက္ႏုိင္စိုးတို႔ျဖစ္ေၾကာင္း သိရ သည္။
ယင္းလႈပ္ရွားမႈကို မဟာဗႏၶဳလပန္းၿခံထဲတြင္ မီးပံုးလႊတ္ျခင္းမ်ား ျပဳလုပ္ၿပီး လူငယ္ (၅၀)ဦး၀န္းက်င္ခန္႔က မဟာဗႏၶဳလပန္းၿခံ လြတ္လပ္ေရးေက်ာက္တိုင္မွ ၿမိဳ႕ေတာ္ခန္းမေရွ႕အထိ ခ်ီတက္ကာ ေတာင္းဆိုမႈကို ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
“သစ္ရြက္ေျခာက္ကို ဘာလို႔ကြိဳင္လာရွာတာလဲ”စသည့္ ဆိုင္းပုဒ္မ်ားကိုင္ေဆာင္ကာ ခ်ီတက္ေတာင္းဆိုမႈကို လူငယ္ (၅၀) ခန္႔ကပါ၀င္ခဲ့ၿပီး အခ်ိဳ႕မွာ မ်က္ႏွာဖံုးမ်ားလည္း ၀တ္ဆင္ထားမႈမ်ားလည္း ရွိခဲ့သည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

 

Unicode Version

 

နိုဝင်ဘာလ (၁၁) ရက် ညပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည့် ဆေးခြောက် တ ရားဝင်ဖြစ်မြောက်ရေး လှုပ်ရှားမှု ဦးဆောင်သူနှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ငြိမ်းစု/စီ ပုဒ်မ(၁၉)ဖြင့် အမှုအရေး ယူထားကြောင်း သိရသည်။
အဆိုပါ စုဝေးမှုတွင် အလံကိုင်၊ ဆိုင်းဘုတ်တင်မှုများ ပြုလုပ်သည့်အတွက် ပုဒ်မ(၁၉)ဖြင့် အရေးယူခြင်းဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသက်က အကုန်သိသတင်းဌာနသို့ ပြောသည်။
“ဟုတ်ပါတယ်။ ငြိမ်းစု/စီနဲ့ အမှုဖွင့်လိုက်ပါပြီ။ အလံကိုင်၊ ဆိုင်းဘုတ်တင်လို့ပါ။ ဥပဒေမှာ ပါပြီးသားပါ။ အလံမကိုင်ရဘူး။ ဆိုင်း ဘုတ်မတင်ရဘူးဆိုတာ။ လာပြီးအမှုရင်ဆိုင်ရင် အာမခံပေးပါမယ်။ မလာဘူးဆိုရင် တရားခံပြေးဖြစ်ပြီပေါ့။ တရားခံပြေးဆိုရင် အာမခံ ပေးလို့မရတော့ဘူးပေါ့”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသက်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အမှုဖွင့်ခံထားရသူ (၂)ဦးမှာ အဆိုပါအဖွဲ့၏ ဦးဆောင်သူများဖြစ်သော ကိုစိန်လှမောင်နှင့်၊ ကိုထက်နိုင်စိုးတို့ဖြစ်ကြောင်း သိရ သည်။
ယင်းလှုပ်ရှားမှုကို မဟာဗန္ဓုလပန်းခြံထဲတွင် မီးပုံးလွှတ်ခြင်းများ ပြုလုပ်ပြီး လူငယ် (၅၀)ဦးဝန်းကျင်ခန့်က မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်မှ မြို့တော်ခန်းမရှေ့အထိ ချီတက်ကာ တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သစ်ရွက်ခြောက်ကို ဘာလို့ကွိုင်လာရှာတာလဲ”စသည့် ဆိုင်းပုဒ်များကိုင်ဆောင်ကာ ချီတက်တောင်းဆိုမှုကို လူငယ် (၅၀) ခန့်ကပါဝင်ခဲ့ပြီး အချို့မှာ မျက်နှာဖုံးများလည်း ဝတ်ဆင်ထားမှုများလည်း ရှိခဲ့သည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။