Skip to main content
၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သူ႔ကို မဲေပးရမည္ကို ျပည္သူက သိရိွၿပီးသားျဖစ္ေၾကာင္း NLD ေျပာခြင့္ရေျပာ
Ads Block

၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သူ႔ကို မဲေပးရမည္ကို ျပည္သူက သိရိွၿပီးသားျဖစ္ေၾကာင္း NLD ေျပာခြင့္ရေျပာ

၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သူ႔ကို မဲေပးရမည္ကို ျပည္သူလူထုက သိရိွၿပီးသားျဖစ္ေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဗဟုိျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး မုံရြာ ဦးေအာင္ရွင္က ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ပတ္သက္၍ ႏုိ၀င္ဘာ ၁၂ ရက္က ဆက္သြယ္ေမးျမန္းစဥ္ ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“၂၀၂၀ေရြးေကာက္ပြဲအတြက္ ႏုိင္ငံေရးပါတီေတြမ်ားလုိ႔ မဲျပန္႔သြားမွာ အစုိးရ မဖြဲ႔ႏုိင္မွာကုိ ပါတီက စုိးရိမ္တာ မရွိဘူးလုိ႔ ကြ်န္ ေတာ္က ေျပာခ်င္ပါတယ္ဗ်။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ ၁၉၉၀ ေရြးေကာက္ပြဲတုန္းကလည္း ဒီလုိပါပဲ။ ေစာပုိင္းတုန္း ကဆုိရင္ ႏုိင္ငံေရးပါတီေပါင္း ၂၀၀ ေက်ာ္ရွိတယ္ဗ်ာ။ ၉၀ ခုနွစ္တုန္းက။ ေနာက္ေတာ့ ေရြးေကာက္ပြဲနီးလာေတာ့ တျဖည္းျဖည္း ေလ်ာ့က်သြားတာ ကြ်န္ေတာ္ထင္တယ္။ ၇၀ ၀န္းက်င္ေလာက္ပဲ ရွိမယ္ထင္တယ္။ အဲဒီေလာက္၀န္းက်င္ရွိတာေတာင္ ကြ်န္ေတာ္ တုိ႔ အျပတ္အသတ္ပဲ။ ေသာင္ၿပဳိ ကမ္းၿပဳိႏုိင္ခဲ့တာပဲ။ အခုလည္းဒီလုိပါပဲ။ ကြ်န္ေတာ္တုိ႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ႏုိင္ငံေရးပါတီ ဘယ္ေလာက္ပဲ မ်ားမ်ား၊ ျပည္သူလူထုက ဘယ္သူ႔ကုိ မဲေပးရမယ္။ ဘယ္သူ႔ကုိ မဲမေပးရဘူးဆုိတာ သိၿပီးသားျဖစ္ပါတယ္။ ဒါ ေၾကာင့္မုိ႔ ဒီကိစၥအေပၚမွာ ျပည္သူလူထုရဲ႕ လြတ္လပ္တဲ့ဆႏၵအေပၚမွာ ကြ်န္ေတာ္ သံသယမရွိပါဘူး”ဟု မုံရြာ ဦးေအာင္ရွင္က ေျပာသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပါတီသည္ ၁၉၉၀ ေရြးေကာက္ပြဲတြင္ အႏုိင္ရရွိခဲ့ၿပီး ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ တစ္ႀကိမ္၊ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ တစ္ႀကိမ္ ေထာက္ခံဆႏၵမဲမ်ားအျပားျဖင့္ အျပတ္အသတ္အႏိုင္ရရိွထားသည့္ ပါတီတစ္ခု ျဖစ္ၿပီး လက္ရိွအခ်ိန္ထိ ေထာက္ခံအားေပးသည့္ ျပည္သူအမ်ားအျပားရိွေနဆဲပင္ ျဖစ္သည္။
လက္ရွိတြင္ ႏုိင္ငံေရးပါတီေပါင္း ၉၆ ပါတီရွိၿပီး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရိွမည့္ လူဦးေရမွာ လတ္တေလာ အ ခ်က္အလက္မ်ားအရ  ၂၀၁၅ ခုနွစ္ေရြးေကာက္ပြဲတြင္ဆႏၵမဲေပးခြင့္ရွိသူေပါင္း၃၄သန္းေက်ာ္ရွိကာ ၃၇ သန္း၀န္းက်င္ရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၂၀ ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးရမည်ကို ပြည်သူလူထုက သိရှိပြီးသားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၂ ရက်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေများလို့ မဲပြန့်သွားမှာ အစိုးရ မဖွဲ့နိုင်မှာကို ပါတီက စိုးရိမ်တာ မရှိဘူးလို့ ကျွန် တော်က ပြောချင်ပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပါပဲ။ စောပိုင်းတုန်း ကဆိုရင် နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်ရှိတယ်ဗျာ။ ၉၀ ခုနှစ်တုန်းက။ နောက်တော့ ရွေးကောက်ပွဲနီးလာတော့ တဖြည်းဖြည်း လျော့ကျသွားတာ ကျွန်တော်ထင်တယ်။ ၇၀ ဝန်းကျင်လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီလောက်ဝန်းကျင်ရှိတာတောင် ကျွန်တော် တို့ အပြတ်အသတ်ပဲ။ သောင်ပြို ကမ်းပြိုနိုင်ခဲ့တာပဲ။ အခုလည်းဒီလိုပါပဲ။ ကျွန်တော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ဘယ်လောက်ပဲ များများ၊ ပြည်သူလူထုက ဘယ်သူ့ကို မဲပေးရမယ်။ ဘယ်သူ့ကို မဲမပေးရဘူးဆိုတာ သိပြီးသားဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ဒီကိစ္စအပေါ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်တဲ့ဆန္ဒအပေါ်မှာ ကျွန်တော် သံသယမရှိပါဘူး”ဟု မုံရွာ ဦးအောင်ရှင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ကြိမ်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ် ထောက်ခံဆန္ဒမဲများအပြားဖြင့် အပြတ်အသတ်အနိုင်ရရှိထားသည့် ပါတီတစ်ခု ဖြစ်ပြီး လက်ရှိအချိန်ထိ ထောက်ခံအားပေးသည့် ပြည်သူအများအပြားရှိနေဆဲပင် ဖြစ်သည်။
လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၆ ပါတီရှိပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိမည့် လူဦးရေမှာ လတ်တလော အ ချက်အလက်များအရ  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခွင့်ရှိသူပေါင်း၃၄သန်းကျော်ရှိကာ ၃၇ သန်းဝန်းကျင်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။