Skip to main content
မည္သည့္ ႏုိင္ငံက တပ္မေတာ္မွ အၾကမ္းဖက္အဖြဲ႔ႏွင့္ ေဆြးေႏြးညုိႏႈိင္းျခင္းမရွိဟု ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းေျပာ
Ads Block

မည္သည့္ ႏုိင္ငံက တပ္မေတာ္မွ အၾကမ္းဖက္အဖြဲ႔ႏွင့္ ေဆြးေႏြးညုိႏႈိင္းျခင္းမရွိဟု ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းေျပာ

 

ျမန္မာ့တပ္မေတာ္ႏွင့္ သုံ႔ပန္းခ်င္းလဲရန္ AA လက္နက္ကုိင္အဖြဲ႔က ထုတ္ျပန္မႈအေပၚ မည္သည့္ ႏုိင္ငံတကာ တပ္မေတာ္ကမွ အ ၾကမ္းဖက္အဖြဲ႔မ်ားႏွင့္ ေဆြးေႏြးညုိႏႈိင္းျခင္းမရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္ မင္းထြန္းက ေျပာသည္။ 

မည္သည့္ ႏုိင္ငံက တပ္မေတာ္မွ အၾကမ္းဖက္အဖြဲ႔ႏွင့္ ေဆြးေႏြးညုိႏႈိင္းျခင္းမရွိဟု ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းေျပာ


ႏုိ၀င္ဘာလ ၁၁ ရက္ ေန႔က AA အဖြဲ႔ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ေမးျမန္းစဥ္ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
 “အခုထုတ္ျပန္ထားတဲ့ လူေတြက စစ္သုံ႔ပန္းေတြ မဟုတ္ပါဘူး။ ဒါေတြသည္ ခရီးသြားလာေနတဲ့ သူေတြကုိ အၾကမ္းဖက္ဖမ္း ဆီးေခၚေဆာင္သြားျခင္းျဖစ္တယ္။ ေနာက္တစ္ခ်က္က ဘယ္ႏုိင္ငံတကာ တပ္မေတာ္မွ ဒီအၾကမ္းဖက္အဖြဲ႔ေတြနဲ႔ ညွိႏႈိင္းေဆြး ေႏြးတယ္ဆုိတာမရွိဘူး။ ကြ်န္ေတာ္တုိ႔ဖမ္းမိတဲ့ လူေတြကုိ စစ္ေဆးတယ္။ ၿပီးရင္တရားရုံးပုိ႔တယ္။ တရားရုံးကပဲ အမႈဖြင့္သင့္ မဖြင့္သင့္ကေတာ့ တရားရုံးဆုံးျဖတ္ခ်က္ပဲ။ အဲဒီအေပၚမွာ ကြ်န္ေတာ္တုိ႔အေနနဲ႔ ေစာဒက တက္စရာမရွိပါဘူး။ ႏုိင္ငံသားတုိင္း ဥပေဒကုိ လုိက္နာရမွာျဖစ္ပါတယ္”ဟု ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
AA လက္နက္ကုိင္အဖြဲ႔စည္း၏ ထုတ္ျပန္ခ်က္တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ ၂၆ ရက္ေန႔ ရခုိင္ျပည္၊ ရေသ့ေတာင္ၿမဳိ႕နယ္၊ ေရမ်က္ေက်းရြာအနီး၌ “ေရႊနဒီ” လူစီး အျမန္ေရယာဥ္ေပၚတြင္ လုိက္ပါလာသူမ်ားအား ရကိၡဳင့္တပ္မေတာ္မွ စစ္ေရးအေျခ အေန လုိအပ္ခ်က္အရ ေခၚယူစစ္ေဆးခဲ့ေၾကာင္း ႏွင့္  ထုိသုိ႔ေခၚယူစစ္ေဆးေနစဥ္အတြင္း ျမန္မာ့တပ္မေတာ္၏ ရဟတ္ယာဥ္ ၃ စီေပၚမွ စက္ေသနတ္၊ ေရာ့ကတ္မ်ားျဖင့္ ဥာဏ္အေမွ်ာ္အျမင္ နည္းပါးစြာ မဆင္မျခင္ပစ္ခတ္တုိက္ခုိက္ခဲ့ေသာေၾကာင့္ စက္ေလွ ၃ စီးေပၚ ရွိ ျမန္မာ့တပ္မေတာ္မွ တပ္ဖြဲ႔၀င္မ်ား၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ အရပ္သားျပည္သူအခ်ဳိ႕ ေသဆုံးခဲ့ရေၾကာင္း ေဖာ္ျပထား သည္။ 
အဆိုပါ ျဖစ္စဥ္အတြင္း အသက္ရွင္က်န္သာ စစ္ဖက္ႏွင့္ သက္ဆုိင္သည့္ သုံ႔ပန္း ၁၆ ဦး စာရင္းအား ဖမ္းဆီးထိန္းသိမ္းထား ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရိွသည္။
၄င္းတုိ႔အေနျဖင့္ ဖမ္းဆီးရမိထားေသာ သုံ႔ပန္းမ်ားကုိ ႏုိင္ငံတကာ သုံ႔ပန္းဥပေဒအရ၊ သုံ႔ပန္းထိန္း သိမ္းျခင္း ဆုိင္ရာစည္းကမ္း မ်ားႏွင့္အညီ ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ထားၿပီး ျမန္မာ့တပ္မေတာ္အေနျဖင့္လည္း ဖမ္းဆီးထားေသာ အရပ္သား မ်ားကုိ ေကာင္းမြန္စြာ ထိန္းသိမ္းထားမည္ဟု ေမွ်ာ္လင့္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာ့တပ်မတော်နှင့် သုံ့ပန်းချင်းလဲရန် AA လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်မှုအပေါ် မည်သည့် နိုင်ငံတကာ တပ်မတော်ကမှ အ ကြမ်းဖက်အဖွဲ့များနှင့် ဆွေးနွေးညိုနှိုင်းခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောသည်။ 
နိုဝင်ဘာလ ၁၁ ရက် နေ့က AA အဖွဲ့ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မေးမြန်းစဉ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 “အခုထုတ်ပြန်ထားတဲ့ လူတွေက စစ်သုံ့ပန်းတွေ မဟုတ်ပါဘူး။ ဒါတွေသည် ခရီးသွားလာနေတဲ့ သူတွေကို အကြမ်းဖက်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်။ နောက်တစ်ချက်က ဘယ်နိုင်ငံတကာ တပ်မတော်မှ ဒီအကြမ်းဖက်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေး နွေးတယ်ဆိုတာမရှိဘူး။ ကျွန်တော်တို့ဖမ်းမိတဲ့ လူတွေကို စစ်ဆေးတယ်။ ပြီးရင်တရားရုံးပို့တယ်။ တရားရုံးကပဲ အမှုဖွင့်သင့် မဖွင့်သင့်ကတော့ တရားရုံးဆုံးဖြတ်ချက်ပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ စောဒက တက်စရာမရှိပါဘူး။ နိုင်ငံသားတိုင်း ဥပဒေကို လိုက်နာရမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
AA လက်နက်ကိုင်အဖွဲ့စည်း၏ ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီး၌ “ရွှေနဒီ” လူစီး အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသူများအား ရက္ခိုင့်တပ်မတော်မှ စစ်ရေးအခြေ အနေ လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးခဲ့ကြောင်း နှင့်  ထိုသို့ခေါ်ယူစစ်ဆေးနေစဉ်အတွင်း မြန်မာ့တပ်မတော်၏ ရဟတ်ယာဉ် ၃ စီပေါ်မှ စက်သေနတ်၊ ရော့ကတ်များဖြင့် ဉာဏ်အမျှော်အမြင် နည်းပါးစွာ မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စက်လှေ ၃ စီးပေါ် ရှိ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားပြည်သူအချို့ သေဆုံးခဲ့ရကြောင်း ဖော်ပြထား သည်။ 
အဆိုပါ ဖြစ်စဉ်အတွင်း အသက်ရှင်ကျန်သာ စစ်ဖက်နှင့် သက်ဆိုင်သည့် သုံ့ပန်း ၁၆ ဦး စာရင်းအား ဖမ်းဆီးထိန်းသိမ်းထား ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းတို့အနေဖြင့် ဖမ်းဆီးရမိထားသော သုံ့ပန်းများကို နိုင်ငံတကာ သုံ့ပန်းဥပဒေအရ၊ သုံ့ပန်းထိန်း သိမ်းခြင်း ဆိုင်ရာစည်းကမ်း များနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ထားပြီး မြန်မာ့တပ်မတော်အနေဖြင့်လည်း ဖမ်းဆီးထားသော အရပ်သား များကို ကောင်းမွန်စွာ ထိန်းသိမ်းထားမည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။