Skip to main content
အမ်ဳိးသား (၃) ဦးစီးလာသည့္ ဆုိင္ကယ္ လမ္းမီးတိုင္ ၀င္တုိက္ရာမွ (၂) ဦးေသ (၁)ဦးဒဏ္ရာရ 
Ads Block

အမ်ဳိးသား (၃) ဦးစီးလာသည့္ ဆုိင္ကယ္ လမ္းမီးတိုင္ ၀င္တုိက္ရာမွ (၂) ဦးေသ (၁)ဦးဒဏ္ရာရ 

 

အမ်ဳိးသား (၃)ဦး စီးနင္းလာသည့္ ဆုိင္ကယ္မွာ အရွိန္မထိန္းႏုိင္ဘဲ လမ္းမီးတိုင္အား ၀င္ေရာက္တုိက္မိရာမွ (၂)ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္တစ္ခု မႏၱေလးတုိင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔မွ သိရသည္။
ႏိုဝင္ဘာလ ၁၁ ရက္ည ၉ နာရီခြဲခန္႔တြင္ သပိတ္က်င္းၿမိဳ႕နယ္၊ ကြင္း(၃၀)ေက်း႐ြာအတြင္း ၌ ကြင္း(၃၀) ေက်း႐ြာဘက္မွ ကြင္း (၂၉) ေက်း႐ြာဘက္သို႔ ေက်ာ္မင္းထြန္း(၂၀)ႏွစ္ေမာင္းႏွင္ၿပီး မင္းကိုကို (၁၃)ႏွစ္ႏွင့္ ခ်စ္ဦးေမာင္(၁၆)ႏွစ္တို႔ လိုက္ပါလာေသာ ဆိုင္ကယ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းမီးတိုင္အား ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းသုိ႔ ၀င္ေရာက္တုိက္မိခဲ့ေသာေၾကာင့္ ေက်ာ္မင္းထြန္းပါ (၃) ဦးတြင္ ယာခ်ိဳေစာင္း/ ေနာက္ေစ့/ ယာပါး ေပါက္ၿပဲဒဏ္ရာမ်ား (စိုးရိမ္ရ)ရရွိခဲ့ၿပီး သပိတ္က်င္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ အခင္းျဖစ္ပြားသည့္ ည ၁၀ နာရီ ၅၀ ခန္႔တြင္ ေက်ာ္မင္းထြန္း ႏွင့္ မင္းကိုကိုတို႔ (၂) ဦးမွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ 
အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေက်ာ္မင္းထြန္း(ေသဆုံး)အား သပိတ္က်င္းၿမိဳ႕မရဲစခန္း၊ ယာဥ္(ပ) ၅၄/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္ မ ၃၀၄-က/၃၃၈ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အမျိုးသား (၃)ဦး စီးနင်းလာသည့် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမီးတိုင်အား ဝင်ရောက်တိုက်မိရာမှ (၂)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၁၁ ရက်ည ၉ နာရီခွဲခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကွင်း(၃၀)ကျေးရွာအတွင်း ၌ ကွင်း(၃၀) ကျေးရွာဘက်မှ ကွင်း (၂၉) ကျေးရွာဘက်သို့ ကျော်မင်းထွန်း(၂၀)နှစ်မောင်းနှင်ပြီး မင်းကိုကို (၁၃)နှစ်နှင့် ချစ်ဦးမောင်(၁၆)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းမီးတိုင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်တိုက်မိခဲ့သောကြောင့် ကျော်မင်းထွန်းပါ (၃) ဦးတွင် ယာချိုစောင်း/ နောက်စေ့/ ယာပါး ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ပြီး သပိတ်ကျင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် အခင်းဖြစ်ပွားသည့် ည ၁၀ နာရီ ၅၀ ခန့်တွင် ကျော်မင်းထွန်း နှင့် မင်းကိုကိုတို့ (၂) ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျော်မင်းထွန်း(သေဆုံး)အား သပိတ်ကျင်းမြို့မရဲစခန်း၊ ယာဉ်(ပ) ၅၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ် မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။