Skip to main content
၂၀၂၀ ေရြးေကာက္ပြဲ မဲျပန္႔မည္ကုိ ျပည္ခုိင္ၿဖဳိးပါတီ စုိးရိမ္မည္မဟုတ္ဟု ပါတီေျပာခြင့္ရ ေျပာ
Ads Block

၂၀၂၀ ေရြးေကာက္ပြဲ မဲျပန္႔မည္ကုိ ျပည္ခုိင္ၿဖဳိးပါတီ စုိးရိမ္မည္မဟုတ္ဟု ပါတီေျပာခြင့္ရ ေျပာ

 

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ားမွာ အရည္အတြက္အရ မ်ားျပားေနေသာ္လည္း မဲျပန္႔မည္ကိ္ု ျပည္ခိုင္ၿဖိဳးပတီအေနျဖင့္ မစိုးရိမ္ေၾကာင္း ပါတီ ေျပာေရးဆိုခြင့္ရိွသူ ဦးသိန္းထြန္းဦးက ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ပတ္သက္၍ ႀကိဳတင္ျပင္စင္ေနမႈအေျခေနႏွင့္ပတ္သက္၍ ေမးျမန္းစဥ္ ၎က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ပါတီမ်ားရင္ မဲျပန္႔မွာပဲ၊ ကုိယ့္ပါတီ တစ္ခုထဲျပန္႔မွာ မဟုတ္ဘူး။ အျခားပါတီေတြလည္း ျပန္႔မွာဆုိတဲ့အခါက်ေတာ့ ဒါကေတာ့ သိပ္စိတ္ပူစရာ အေၾကာင္းမရွိဘူးလုိ႔ထင္တယ္။ တစ္ခုတည္းအေပၚမွာ မဲကျပန္႔မွာ မဟုတ္ဘူး။ အျခားပါတီေတြမွာလည္း တခ်ိဳ႕ ၀င္ေနွာင့္ၾကမဲ့ ပါတီေတြရွိမွာပဲေလ။ ဒါေၾကာင့္မုိ႔လုိ႔ ျပန္႔သြားရင္လည္း ျပန္႔သြားတဲ့အေလွ်ာက္ အႏုိင္ရရွိၾကမယ္။ အႏုိင္ရရွိမႈအ ေပၚ အစုိးရ ဖြဲ႔နုိင္ၾကမွာပဲေလ။ ေနာက္တစ္ခ်က္က မဲေပးတဲ့ျပည္သူလူထုကလည္း ကုိယ္ေရြးခ်ယ္တဲ့ ကံၾကမၼာ ကုိယ္ပဲ။ ဒီ ၅ နွစ္ ကုိ လက္တြဲၾကရမွာေလ။ ကုိယ္ပဲခံစားရမွာ။ ေနာက္ႏုိင္ငံေရးပါတီေတြေပးတဲ့ ကတိေတြနဲ႔ လုပ္ေဆာင္ရမဲ့ အရာေတြကလည္း တ ကယ္လုပ္ေဆာင္ႏုိင္ဖုိ႔ အေရးႀကီးပါတယ္။ ေနာက္မဲေပးတဲ့ ျပည္သူလူထုကလည္း အစုိးရဖြဲ႔ႏုိင္တဲ့ ပါတီကုိ ေရြးခ်ယ္ႏုိင္ဖုိ႔လုိ တယ္” ဟု ၄င္းကေျပာသည္။
လက္ရွိတြင္ ႏုိင္ငံေရးပါတီေပါင္း ၉၆ ရွိၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ လူဦးေရ စာ ရင္းေကာက္ယူရာတြင္ ကနဦး အခ်က္အလက္မ်ားအရ ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္းခန္႔ရွိေၾကာင္း သိရသည္။
ျပည္ခုိင္ၿဖိဳးပါတီသည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ အႏုိင္ရရွိခဲ့ကာ အစိုးရဖြဲ႔ႏိုင္ခဲ့သျဖင့္ သမၼတ ဦးသိန္းစိန္ ေခါင္းေဆာင္ေသာ အစုိးရအဖြဲ႔မွ ၂၀၁၁ ခုနွစ္မွ စတင္ကာ၂၀၁၅ ခုနွစ္အထိ တာ၀န္ယူခဲ့ျခင္း ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ အရည်အတွက်အရ များပြားနေသော်လည်း မဲပြန့်မည်ကို ပြည်ခိုင်ဖြိုးပတီအနေဖြင့် မစိုးရိမ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်စင်နေမှုအခြေနေနှင့်ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပါတီများရင် မဲပြန့်မှာပဲ၊ ကိုယ့်ပါတီ တစ်ခုထဲပြန့်မှာ မဟုတ်ဘူး။ အခြားပါတီတွေလည်း ပြန့်မှာဆိုတဲ့အခါကျတော့ ဒါကတော့ သိပ်စိတ်ပူစရာ အကြောင်းမရှိဘူးလို့ထင်တယ်။ တစ်ခုတည်းအပေါ်မှာ မဲကပြန့်မှာ မဟုတ်ဘူး။ အခြားပါတီတွေမှာလည်း တချို့ ဝင်နှောင့်ကြမဲ့ ပါတီတွေရှိမှာပဲလေ။ ဒါကြောင့်မို့လို့ ပြန့်သွားရင်လည်း ပြန့်သွားတဲ့အလျှောက် အနိုင်ရရှိကြမယ်။ အနိုင်ရရှိမှုအ ပေါ် အစိုးရ ဖွဲ့နိုင်ကြမှာပဲလေ။ နောက်တစ်ချက်က မဲပေးတဲ့ပြည်သူလူထုကလည်း ကိုယ်ရွေးချယ်တဲ့ ကံကြမ္မာ ကိုယ်ပဲ။ ဒီ ၅ နှစ် ကို လက်တွဲကြရမှာလေ။ ကိုယ်ပဲခံစားရမှာ။ နောက်နိုင်ငံရေးပါတီတွေပေးတဲ့ ကတိတွေနဲ့ လုပ်ဆောင်ရမဲ့ အရာတွေကလည်း တ ကယ်လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ နောက်မဲပေးတဲ့ ပြည်သူလူထုကလည်း အစိုးရဖွဲ့နိုင်တဲ့ ပါတီကို ရွေးချယ်နိုင်ဖို့လို တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၆ ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လူဦးရေ စာ ရင်းကောက်ယူရာတွင် ကနဦး အချက်အလက်များအရ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းခန့်ရှိကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့သဖြင့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့မှ ၂၀၁၁ ခုနှစ်မှ စတင်ကာ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။