Skip to main content
အစၥေရးဒုံးက်ည္ ေနအိမ္ကိုထိမွန္သျဖင့္ ပါလက္စတိုင္း အစၥလာမစ္ဂ်ီဟာ့ဒ္ အဖြဲ႕ရဲ႕ တပ္မႉး ေသဆုံး
Ads Block

အစၥေရးဒုံးက်ည္ ေနအိမ္ကိုထိမွန္သျဖင့္ ပါလက္စတိုင္း အစၥလာမစ္ဂ်ီဟာ့ဒ္ အဖြဲ႕ရဲ႕ တပ္မႉး ေသဆုံး

 

ဂါဇာကမ္းေျမႇာင္မွာ ပါလက္စတိုင္း အၾကမ္းဖက္အဖြဲ႕ အစၥလာမစ္ဂ်ီဟာ့ဒ္ရဲ႕ ထိပ္သီးေခါင္းေဆာင္တစ္ဦးကို အစၥေရးက ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ထိမွန္ေသဆုံးသြားေၾကာင္း သတင္းရရွိပါတယ္။
အစၥေရးတို႔က အစၥလာမစ္ဂ်ီဟာ့ဒ္အဖြဲ႕ တပ္မႉး ဘာဟာ အဘူ အယ္လ္အတၱာ ရဲ႕ ေနအိမ္ကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ထိုအဖြဲ႕ကို အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားတယ္လို႔ သိရပါတယ္။ ၎ တပ္မႉးဟာ အစၥေရးနယ္ထဲကို နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈ၊ ေခ်ာင္းေျမာင္းပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အစၥေရးဘက္က ဆိုပါတယ္။
ဂါဇာၿမိဳ႕ ရွီဂ်ိဳင္ယားရပ္ကြက္ရွိ ေနအိမ္ကို ပစ္မွတ္ထားတဲ့ အဆိုပါတိုက္ခိုက္မႈမွာ အယ္လ္အတၱာရဲ႕ဇနီးလည္း ေသဆုံးသြားၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ၎တို႔အဖြဲ႕က ထုတ္ျပန္ထားပါတယ္။ တိုက္ခိုက္မႈအၿပီး မ်ားမၾကာမီမွာပဲ ပါလက္စတိုင္းနယ္ဘက္ကေန အစၥေရးနယ္ထဲသို႔ ဒုံးက်ည္ေတြနဲ႔ ျပန္လည္ပစ္ခတ္ခဲ့ပါတယ္။ ဒါေပမဲ့ အစၥေရးရဲ႕ ေလေၾကာင္းကာကြယ္ေရးစနစ္က ပစ္ခ်ေနတဲ့ ဗီဒီယိုဖိုင္တစ္ခု ေပၚထြက္ပ်ံ႕ႏွံ႔လာၿပီး ထိခိုက္ေသဆုံးမႈစာရင္းလည္း မၾကားသိရေသးပါဘူး။
အစၥေရးစစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ အယ္လ္အတၱာ အား ရွင္းလင္းရန္ ဝန္ႀကီးခ်ဳပ္ ေနတန္ယာဟု က အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။ အစၥလာမစ္ဂ်ီဟာ့ဒ္အဖြဲ႕ဟာ အစၥေရးပ်က္စီးရာပ်က္စီးေၾကာင္းကို ေရွးရႈရာမွာ ဟားမာ့စ္အဖြဲ႕နဲ႔ လမ္းစဥ္ခ်င္း တူေပမယ့္ အီဂ်စ္ရဲ႕ၾကားဝင္ေစ့စပ္မႈေၾကာင့္ ႏွစ္ဖက္အပစ္အခတ္ ရပ္စဲတာကိုေတာ့ မႏွစ္ၿမိဳ႕ပါဘူး။ ၎အဖြဲ႕ဟာ မိမိတို႔နယ္စပ္မွာ လက္နက္ကိုင္လက္ပါးေစအျဖစ္ အီရန္က ေထာက္ပံ့ခ်ထားတဲ့အဖြဲ႕ ျဖစ္တယ္လို႔ အစၥေရးဘက္က သုံးသပ္ထားပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန )  | ( ကိုးကား - Reuters )

Unicode Version

 

ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ အစ္စလာမစ်ဂျီဟာ့ဒ်ရဲ့ ထိပ်သီးခေါင်းဆောင်တစ်ဦးကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။
အစ္စရေးတို့က အစ္စလာမစ်ဂျီဟာ့ဒ်အဖွဲ့ တပ်မှူး ဘာဟာ အဘူ အယ်လ်အတ္တာ ရဲ့ နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုအဖွဲ့ကို အီရန်က ကျောထောက်နောက်ခံ ပေးထားတယ်လို့ သိရပါတယ်။ ၎င်း တပ်မှူးဟာ အစ္စရေးနယ်ထဲကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု၊ ချောင်းမြောင်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။
ဂါဇာမြို့ ရှီဂျိုင်ယားရပ်ကွက်ရှိ နေအိမ်ကို ပစ်မှတ်ထားတဲ့ အဆိုပါတိုက်ခိုက်မှုမှာ အယ်လ်အတ္တာရဲ့ဇနီးလည်း သေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအပြီး များမကြာမီမှာပဲ ပါလက်စတိုင်းနယ်ဘက်ကနေ အစ္စရေးနယ်ထဲသို့ ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးစနစ်က ပစ်ချနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ပေါ်ထွက်ပျံ့နှံ့လာပြီး ထိခိုက်သေဆုံးမှုစာရင်းလည်း မကြားသိရသေးပါဘူး။
အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ အယ်လ်အတ္တာ အား ရှင်းလင်းရန် ဝန်ကြီးချုပ် နေတန်ယာဟု က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ အစ္စလာမစ်ဂျီဟာ့ဒ်အဖွဲ့ဟာ အစ္စရေးပျက်စီးရာပျက်စီးကြောင်းကို ရှေးရှုရာမှာ ဟားမာ့စ်အဖွဲ့နဲ့ လမ်းစဉ်ချင်း တူပေမယ့် အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် နှစ်ဖက်အပစ်အခတ် ရပ်စဲတာကိုတော့ မနှစ်မြို့ပါဘူး။ ၎င်းအဖွဲ့ဟာ မိမိတို့နယ်စပ်မှာ လက်နက်ကိုင်လက်ပါးစေအဖြစ် အီရန်က ထောက်ပံ့ချထားတဲ့အဖွဲ့ ဖြစ်တယ်လို့ အစ္စရေးဘက်က သုံးသပ်ထားပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန )  | ( ကိုးကား - Reuters )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။