Skip to main content
ရည်းစားကို သတ်ကာ အလောင်းဖျောက်ရန် ကြိုးစားသူ ပါမောက္ခ အရက်မူးပြီး မြစ်ထဲကျသဖြင့် အမှုပေါ်
Ads Block

ရည်းစားကို သတ်ကာ အလောင်းဖျောက်ရန် ကြိုးစားသူ ပါမောက္ခ အရက်မူးပြီး မြစ်ထဲကျသဖြင့် အမှုပေါ်


ရုရှားနိုင်ငံမှာ အထင်ကရ သမိုင်းပါမောက္ခတစ်ဦးဟာ ၎င်းနဲ့တွဲနေတဲ့ ကျောင်းသူဟောင်းအားသတ်ကာ အလောင်းဖျောက်ရန် ကြံစည်မှုဖြင့် ဖြောင့်ချက်ပေးလိုက်ကြောင်း နိုဝင်ဘာလ ၁၁ ရက်မှာ သတင်းရရှိပါတယ်။
ပါမောက္ခ အိုလက်ခ် ဆိုကိုလော့ဗ်ဟာ ၎င်းရဲ့နေအိမ်မှာ သူမကို သတ်အပြီး အလောင်းဖျက်ကာ မြစ်ထဲသို့ လာစွန့်ပစ်ချိန်မှာ အရက်မူးပြီး မြစ်ထဲကျခဲ့ပါတယ်။ သူ့ကို မြစ်ထဲမှ ကယ်ဆယ်ချိန်မှာ အတူတွေ့ရတဲ့ အိတ်ထဲ ကနေ အမျိုးသမီး လက်တစ်ဖက်ကို တွေ့ခဲ့ရပါတယ်။
ထို့ကြောင့် နေအိမ်ကိုလည်း ဆက်လက်ရှာဖွေခဲ့ရာမှာ ၎င်းနဲ့တွဲနေတဲ့ အသက် ၂၄ နှစ်အရွယ် ကျောင်းသူ ဟောင်း အနာ့စတာစီးယား ယက်ရှ်ချန်ကို ရဲ့ အလောင်းကို တစ်စစီရှာတွေ့ခဲ့ပါတယ်။
နပိုလီယန်အထူးပြု ပါမောက္ခဟာ ၎င်းရဲ့လုပ်ရပ်အတွက် နောင်တရမိပြီး ယခုဆိုရင် ဖြောင့်ချက်ပေးကာ အမှုမြန်ဆန်အောင် ကူညီပေးနေတယ်လို့ သိရပါတယ်။ ၎င်းရဲ့အစီအစဉ်ဟာ အလောင်းဖျောက်ဖျက်ပြီးရင် လူမြင်ကွင်းမှာ နပိုလီယန်လို ဝတ်ဆင်ပြီး သေကြောင်းကြံရန်ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စ ယက်ရှ်ချန်ကို ဟာ သမိုင်းဘွဲ့လွန်ကျောင်းသူတစ်ဦးဖြစ်ပြီး သမိုင်းပြဇာတ်အချို့ကို ပါမောက္ခ ဆိုကိုလော့ဖ် နဲ့အတူ ပြုစုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ပညာရေးမှာ ထူးချွန်ရုံမက လှပသူလည်း ဖြစ်ပါတယ်။
ပါမောက္ခမှာ အိမ်ထောင်ရှိပေမယ့် သူမနဲ့ပါမောက္ခတို့ တွဲနေကြောင်းကို တက္ကသိုလ်တစ်ခုလုံး သိကြပြီး တွဲနေ တာလည်း သုံးနှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။ သူမအပေါ် မနာလိုဝန်တိုရာ ကနေ အသတ်ခံခြင်း ဖြစ်နိုင်ကြောင်း၊ ဆက်ဆံရေးမပြေလည်ကြောင်းကို အသတ်မခံရမီ သောကြာနေ့မနက်မှာ ငိုယိုပြီး ဖုန်းဆက်ပြောခဲ့တယ်လို့ သူမရဲ့အစ်ကိုက ပြောပြပါတယ်။ လောလောဆယ်မှာတော့ ပါမောက္ခ ဆိုကိုလော့ဖ် ဟာ မြစ်ထဲကျရာကနေ အအေးမိသွားတဲ့အတွက် ဆေးရုံမှာ ကုသခံနေရတယ်လို့ သိရပါတယ်။

- ZHO (အကုန်သိ သတင်းဌာန) | ( ကိုးကား - bbc )

Zawgyi Version


႐ုရွားႏိုင္ငံမွာ အထင္ကရ သမိုင္းပါေမာကၡတစ္ဦးဟာ ၎နဲ႔တြဲေနတဲ့ ေက်ာင္းသူေဟာင္းအားသတ္ကာ အေလာင္းေဖ်ာက္ရန္ ႀကံစည္မႈျဖင့္ ေျဖာင့္ခ်က္ေပးလိုက္ေၾကာင္း ႏိုဝင္ဘာလ ၁၁ ရက္မွာ သတင္းရရွိပါတယ္။
ပါေမာကၡ အိုလက္ခ္ ဆိုကိုေလာ့ဗ္ဟာ ၎ရဲ႕ေနအိမ္မွာ သူမကို သတ္အၿပီး အေလာင္းဖ်က္ကာ ျမစ္ထဲသို႔ လာစြန႔္ပစ္ခ်ိန္မွာ အရက္မူးၿပီး ျမစ္ထဲက်ခဲ့ပါတယ္။ သူ႔ကို ျမစ္ထဲမွ ကယ္ဆယ္ခ်ိန္မွာ အတူေတြ႕ရတဲ့ အိတ္ထဲ ကေန အမ်ိဳးသမီး လက္တစ္ဖက္ကို ေတြ႕ခဲ့ရပါတယ္။
ထို႔ေၾကာင့္ ေနအိမ္ကိုလည္း ဆက္လက္ရွာေဖြခဲ့ရာမွာ ၎နဲ႔တြဲေနတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ေက်ာင္းသူ ေဟာင္း အနာ့စတာစီးယား ယက္ရွ္ခ်န္ကို ရဲ႕ အေလာင္းကို တစ္စစီရွာေတြ႕ခဲ့ပါတယ္။
နပိုလီယန္အထူးျပဳ ပါေမာကၡဟာ ၎ရဲ႕လုပ္ရပ္အတြက္ ေနာင္တရမိၿပီး ယခုဆိုရင္ ေျဖာင့္ခ်က္ေပးကာ အမႈျမန္ဆန္ေအာင္ ကူညီေပးေနတယ္လို႔ သိရပါတယ္။ ၎ရဲ႕အစီအစဥ္ဟာ အေလာင္းေဖ်ာက္ဖ်က္ၿပီးရင္ လူျမင္ကြင္းမွာ နပိုလီယန္လို ဝတ္ဆင္ၿပီး ေသေၾကာင္းႀကံရန္ျဖစ္တယ္လို႔ ဆိုပါတယ္။
မစၥ ယက္ရွ္ခ်န္ကို ဟာ သမိုင္းဘြဲ႕လြန္ေက်ာင္းသူတစ္ဦးျဖစ္ၿပီး သမိုင္းျပဇာတ္အခ်ိဳ႕ကို ပါေမာကၡ ဆိုကိုေလာ့ဖ္ နဲ႔အတူ ျပဳစုလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ သူမဟာ ပညာေရးမွာ ထူးခြၽန္႐ုံမက လွပသူလည္း ျဖစ္ပါတယ္။
ပါေမာကၡမွာ အိမ္ေထာင္ရွိေပမယ့္ သူမနဲ႔ပါေမာကၡတို႔ တြဲေနေၾကာင္းကို တကၠသိုလ္တစ္ခုလုံး သိၾကၿပီး တြဲေန တာလည္း သုံးႏွစ္ခန႔္ရွိၿပီလို႔ ဆိုပါတယ္။ သူမအေပၚ မနာလိုဝန္တိုရာ ကေန အသတ္ခံျခင္း ျဖစ္ႏိုင္ေၾကာင္း၊ ဆက္ဆံေရးမေျပလည္ေၾကာင္းကို အသတ္မခံရမီ ေသာၾကာေန႔မနက္မွာ ငိုယိုၿပီး ဖုန္းဆက္ေျပာခဲ့တယ္လို႔ သူမရဲ႕အစ္ကိုက ေျပာျပပါတယ္။ ေလာေလာဆယ္မွာေတာ့ ပါေမာကၡ ဆိုကိုေလာ့ဖ္ ဟာ ျမစ္ထဲက်ရာကေန အေအးမိသြားတဲ့အတြက္ ေဆး႐ုံမွာ ကုသခံေနရတယ္လို႔ သိရပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) | ( ကိုးကား - bbc )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။