Skip to main content
ရေနံစည် ၅၃ ဘီလျံစာ ကြီးမားသော ရေနံသိုက်အသစ် တွေ့ရှိဟု အီရန်ကြေညာ
Ads Block

ရေနံစည် ၅၃ ဘီလျံစာ ကြီးမားသော ရေနံသိုက်အသစ် တွေ့ရှိဟု အီရန်ကြေညာ

အီရန်နိုင်ငံဟာ ရေနံစည်ပေါင်း ဘီလျံနဲ့ချီ ကြီးမားတဲ့ ရေနံသိုက်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သမ္မတ ရူဟာနီက နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။
နိုင်ငံပိုင်ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ အဆိုပါကြေညာချက်အရ ၎င်းရေနံသိုက်ဟာ အီရန်အနောက်တောင်ပိုင်း ခူဇက်စတန်ပြည်နယ်မှာ တည်ရှိပြီး ပမာဏအားဖြင့် ရေနံစည် ၅၃ ဘီလျံခန့်အထိ ကြီးမားတယ်လို့ သိရ ပါတယ်။ အကျယ်အားဖြင့်ဆိုရင် ပြည်နယ်အတွင်း အီရတ်နယ်စပ်ကနေ ကီလိုမီတာ ၂၀၀ ခန့်မှ ပြည်နယ်မြို့တော် အိုမိဒိယ အထိ ရှိပါတယ်။
ထိုပမာဏဟာ အီရန်ရဲ့ လက်ရှိရေနံကြွယ်ဝမှု စည်ပေါင်း ၁၅၅.၆ ဘီလျံရဲ့ ၃၄ ရာခိုင်နှုန်းအထိ များပြားပြီး အမှန်တကယ် တူးဖော်ရယူနိုင်ပါက OPEC အဖွဲ့မှာလည်း ရေနံအများဆုံး အဆင့်(၄) ကနေ အဆင့်(၃)အထိ မြင့်တက်သွားနိုင်ပါတယ်။
ဒါပေမဲ့ အီရန်အနေနဲ့ ထိုရေနံသိုက်ကနေ အကျိုးအမြတ်ဘယ်လို ရယူမလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဉီးမှာပဲ ဖြစ်ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် စီးပွားရေးကျဆင်း နေပါတယ်။ အီရန်သမ္မတကတော့ ၎င်းတို့ရဲ့စီးပွားရေးအခြေအနေ ပြန်လည်တည်ငြိမ်ပြီလို့ ပြောထားပေမယ့် ပိတ်ဆို့အရေးယူခံရမှုကြောင့် သွင်းကုန်ဈေးတွေ တက်နေကာ ရေနံကိုလည်း သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ရောင်းချရပါတယ်လို့ အချို့က ခန့်မှန်းကြပါတယ်။

(ကိုးကား - AFP)

ZHO (အကုန်သိ သတင်းဌာန)

Zawgyi Version 

ေရနံစည္ ၅၃ ဘီလ်ံစာ ႀကီးမားေသာ ေရနံသိုက္အသစ္ ေတြ႕ရွိဟု အီရန္ေၾကညာ
အီရန္ႏိုင္ငံဟာ ေရနံစည္ေပါင္း ဘီလ်ံနဲ႔ခ်ီ ႀကီးမားတဲ့ ေရနံသိုက္အသစ္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သမၼတ ႐ူဟာနီက ႏိုဝင္ဘာလ ၁၁ ရက္မွာ ေၾကညာလိုက္ပါတယ္။
ႏိုင္ငံပိုင္႐ုပ္သံမွာ ထုတ္လႊင့္ခဲ့တဲ့ အဆိုပါေၾကညာခ်က္အရ ၎ေရနံသိုက္ဟာ အီရန္အေနာက္ေတာင္ပိုင္း ခူဇက္စတန္ျပည္နယ္မွာ တည္ရွိၿပီး ပမာဏအားျဖင့္ ေရနံစည္ ၅၃ ဘီလ်ံခန႔္အထိ ႀကီးမားတယ္လို႔ သိရ ပါတယ္။ အက်ယ္အားျဖင့္ဆိုရင္ ျပည္နယ္အတြင္း အီရတ္နယ္စပ္ကေန ကီလိုမီတာ ၂၀၀ ခန႔္မွ ျပည္နယ္ၿမိဳ႕ေတာ္ အိုမိဒိယ အထိ ရွိပါတယ္။
ထိုပမာဏဟာ အီရန္ရဲ႕ လက္ရွိေရနံႂကြယ္ဝမႈ စည္ေပါင္း ၁၅၅.၆ ဘီလ်ံရဲ႕ ၃၄ ရာခိုင္ႏႈန္းအထိ မ်ားျပားၿပီး အမွန္တကယ္ တူးေဖာ္ရယူႏိုင္ပါက OPEC အဖြဲ႕မွာလည္း ေရနံအမ်ားဆုံး အဆင့္(၄) ကေန အဆင့္(၃)အထိ ျမင့္တက္သြားႏိုင္ပါတယ္။
ဒါေပမဲ့ အီရန္အေနနဲ႔ ထိုေရနံသိုက္ကေန အက်ိဳးအျမတ္ဘယ္လို ရယူမလဲဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရဉီးမွာပဲ ျဖစ္ပါတယ္။ အီရန္ဟာ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေၾကာင့္ စီးပြားေရးက်ဆင္း ေနပါတယ္။ အီရန္သမၼတကေတာ့ ၎တို႔ရဲ႕စီးပြားေရးအေျခအေန ျပန္လည္တည္ၿငိမ္ၿပီလို႔ ေျပာထားေပမယ့္ ပိတ္ဆို႔အေရးယူခံရမႈေၾကာင့္ သြင္းကုန္ေဈးေတြ တက္ေနကာ ေရနံကိုလည္း သမား႐ိုးက်မဟုတ္တဲ့ နည္းလမ္းေတြနဲ႔ ေရာင္းခ်ရပါတယ္လို႔ အခ်ိဳ႕က ခန႔္မွန္းၾကပါတယ္။

(ကိုးကား - AFP)

ZHO (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။