Skip to main content
dfdjt
Ads Block

ခရီးသည္တင္မွန္လုံယာဥ္တစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္ ၁၅း၄၅ အခ်ိန္ ပင္ေလာင္းၿမိဳ႕နယ္၊ ေနာင္ဝိုးေက်း႐ြာအနီး ေအာင္ပန္း-လြိဳင္ေကာ္ကားလမ္းမိုင္တိုင္(၆၂/၆-၇)ၾကား၌ ေအာင္ပန္းမွလြိဳင္ေကာ္သို႔ ေဇာ္မင္း (၃၆) ႏွစ္ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ေဝယံလြင္ဦး(၂၁) ႏွစ္ႏွင့္ သက္ပိုင္(၃၀) ႏွစ္ပါ ၄၄ ဦး(က်ား ၁၆၊ မ ၂၈)လိုက္ပါလာသည့္ 9J/xxxx Fuso Express “ေ႐ႊျပည္စံ” ခရီးသည္တင္မွန္လုံယာဥ္သည္ ဘရိတ္ေပါက္ၿပီး လမ္း၏ယာဘက္သို႔ ထိုးက်တိမ္းေမွာက္သြားခဲ့ပါသည္။


အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေဇာ္မင္းပါ ၃ ဦး(က်ား ၂၊ မ ၁)တို႔တြင္ ဦးေခါင္း၊ နဖူး၊ ဝဲေျခေထာက္ေပါက္ၿပဲ ဒဏ္ရာမ်ား(စိုးရိမ္ရ) ႏွင့္ သက္ပိုင္ပါ ၇ ဦး(က်ား ၃၊ မ ၄) တို႔တြင္ ဦးေခါင္း၊ မ်က္ခုံး၊ ဒူး၊ ေျခေထာက္ပြန္းပဲ့ဒဏ္ရာမ်ား(မစိုးရိမ္ရ) ရရွိ၍ ဖယ္ခုံၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ရာ ၁၆၃၀ အခ်ိန္တြင္ ေဇာ္မင္းပါ ၃ ဦး(က်ား ၂၊ မ ၁)တို႔အား လြိဳင္ေကာ္ၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံသို႔ လႊဲေျပာင္းပို႔ေဆာင္ကုသခဲ့ၿပီး ၁၆း၅၀ အခ်ိန္တြင္ ေဇာ္မင္း(ဖမ္းမိ)အား ပင္ေလာင္းၿမိဳ႕မရဲစခန္း၊ ယာဥ္(ပ) ၁၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇/၂၇၉ (ျပင္းထန္/သာမန္နာက်င္ေစမႈ၊ ယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

AKT

 

Unicode  Version

ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် ၁၅း၄၅ အချိန် ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာအနီး အောင်ပန်း-လွိုင်ကော်ကားလမ်းမိုင်တိုင်(၆၂/၆-၇)ကြား၌ အောင်ပန်းမှလွိုင်ကော်သို့ ဇော်မင်း (၃၆) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဝေယံလွင်ဦး(၂၁) နှစ်နှင့် သက်ပိုင်(၃၀) နှစ်ပါ ၄၄ ဦး(ကျား ၁၆၊ မ ၂၈)လိုက်ပါလာသည့် 9J/xxxx Fuso Express “ရွှေပြည်စံ” ခရီးသည်တင်မှန်လုံယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်း၏ယာဘက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့ပါသည်။


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ဇော်မင်းပါ ၃ ဦး(ကျား ၂၊ မ ၁)တို့တွင် ဦးခေါင်း၊ နဖူး၊ ဝဲခြေထောက်ပေါက်ပြဲ ဒဏ်ရာများ(စိုးရိမ်ရ) နှင့် သက်ပိုင်ပါ ၇ ဦး(ကျား ၃၊ မ ၄) တို့တွင် ဦးခေါင်း၊ မျက်ခုံး၊ ဒူး၊ ခြေထောက်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိ၍ ဖယ်ခုံမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ၁၆၃၀ အချိန်တွင် ဇော်မင်းပါ ၃ ဦး(ကျား ၂၊ မ ၁)တို့အား လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကုသခဲ့ပြီး ၁၆း၅၀ အချိန်တွင် ဇော်မင်း(ဖမ်းမိ)အား ပင်လောင်းမြို့မရဲစခန်း၊ ယာဉ်(ပ) ၁၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ (ပြင်းထန်/သာမန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

AKT

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။