Skip to main content
ဟောင်ကောင်တွင် ဆန္ဒပြသူကို ရဲက ကျည်အစစ်ဖြင့် အနီးကပ်ပစ်ခတ်မှု ထပ်မံဖြစ်ပွား
Ads Block

ဟောင်ကောင်တွင် ဆန္ဒပြသူကို ရဲက ကျည်အစစ်ဖြင့် အနီးကပ်ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ဟောင်ကောင်မှာ ဆန္ဒပြအရပ်သားလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်က ကျည်အစစ်ဖြင့် ပစ်ခတ်တဲ့ဖြစ်ရပ်တစ်ခု နိုဝင်ဘာလ ၁၁ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဟောင်ကောင်အရှေ့ကျွန်း ဆိုင်ဝန်ဟိုရပ်ကွက်မှာ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆန္ဒပြသူတစ်ဦးရဲ့ရင်ပိုင်းကို ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထို့နောက်မှာ ၎င်းက ကျည်နှစ်ချက် ထပ်ဖောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိထားပါတယ်။
အဆိုပါဖြစ်ရပ်အကြောင်း အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်အရ ထိုရဲအရာရှိထံ လူတွေဝိုင်းလာဟန်ရှိတာကြောင့် ၎င်းက သေနတ်အရင်ထုတ်ခဲ့ပါတယ်။ ၎င်းနဲ့ ဆန္ဒပြသူတစ်ဦးတို့ လုံးထွေးနေစဉ် အနက်ဝတ် ဒုတိယဆန္ဒပြသူ တစ်ဉီး ချဉ်းကပ်လာခဲ့ပြီး ထိုသေနတ်ကို ပုတ်ချ (သို့) လက်ဝှေ့ယမ်းပြရန် ကြိုစားခဲ့ချိန်မှာ ရဲအရာရှိက ၎င်းကို အနီးကပ် ပစ်ခတ်လိုက်ပါတယ်။
ယင်းဖြစ်ရပ်ကြောင့် ဆန္ဒပြသူတွေ ဝိုင်းလာပြီး ရဲကို ဝင်လုံးကြချိန်မှာလည်း ၎င်းက ကျည်နှစ်ချက် ထပ်ဖောက် ခဲ့တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရသွားတဲ့ ဆန္ဒပြသူကို ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသနေပြီး ၎င်းရဲ့ အခြေအနေဟာလည်း စိုးရိမ်ရတယ်လို့ ဟောင်ကောင်ဆေးရုံအာဏာပိုင်အဖွဲ့က ဆိုပါတယ်။
ရဲထုတ်ပြန်ချက်မှာတော့ အဆိုပါရဲအရာရှိဟာ သူ့ရဲ့ခြောက်လုံးပြူးကို ပစ်ခတ်ခဲ့ကြောင်း အတည်ပြုထားပြီး အဆင်အခြင်မဲ့ လက်နက်အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက် ကောလာဟလတွေကိုလည်း မှားယွင်းကြောင်း ငြင်းဆိုထားပါတယ်။ ယခုဆိုရင် ရဲတွေက ၎င်းဆန္ဒပြသူပစ်ခတ်ခံခဲ့ရတဲ့ နေရာကို ပိတ်ဆို့ဝန်းရံထားလိုက်ပြီဖြစ်ပြီး ယင်းမှာလည်း လူစုခွဲရန် မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဟောင်ကောင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ဇူလိုင်လတုန်းက ပြည်မကြီးထံသို့တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စတင်ဆန့်ကျင်ခဲ့ရာကနေစပြီး အရှိန်မပြတ်သေးတာ ငါးလခန့်ရှိနေပါပြီ။ ၎င်းမူကြမ်းကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပေမယ့် ဆန္ဒပြသူတွေက ရဲတွေရဲ့ လူမဆန်စွာအင်အားသုံးမှုအကြောင်း လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးရန်နဲ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်ရန်တို့ အပါအဝင် အဓိကအကြောင်းအရာ ငါးခုကို ဆက်လက်တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

(ကိုးကား - CNN)

ZHO (အကုန်သိ သတင်းဌာန) 

Zawgyi Version

ေဟာင္ေကာင္တြင္ ဆႏၵျပသူကို ရဲက က်ည္အစစ္ျဖင့္ အနီးကပ္ပစ္ခတ္မႈ ထပ္မံျဖစ္ပြား

ေဟာင္ေကာင္မွာ ဆႏၵျပအရပ္သားလူငယ္တစ္ဦးကို ရဲတပ္ဖြဲ႕ဝင္က က်ည္အစစ္ျဖင့္ ပစ္ခတ္တဲ့ျဖစ္ရပ္တစ္ခု ႏိုဝင္ဘာလ ၁၁ ရက္ မနက္အေစာပိုင္းမွာ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိပါတယ္။ ေဟာင္ေကာင္အေရွ႕ကြၽန္း ဆိုင္ဝန္ဟိုရပ္ကြက္မွာ ယာဥ္ထိန္းရဲအရာရွိတစ္ဦးက ဆႏၵျပသူတစ္ဦးရဲ႕ရင္ပိုင္းကို က်ည္အစစ္ျဖင့္ ပစ္ခတ္ခဲ့ၿပီး ထို႔ေနာက္မွာ ၎က က်ည္ႏွစ္ခ်က္ ထပ္ေဖာက္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိထားပါတယ္။
အဆိုပါျဖစ္ရပ္အေၾကာင္း အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္အရ ထိုရဲအရာရွိထံ လူေတြဝိုင္းလာဟန္ရွိတာေၾကာင့္ ၎က ေသနတ္အရင္ထုတ္ခဲ့ပါတယ္။ ၎နဲ႔ ဆႏၵျပသူတစ္ဦးတို႔ လုံးေထြးေနစဥ္ အနက္ဝတ္ ဒုတိယဆႏၵျပသူ တစ္ဉီး ခ်ဥ္းကပ္လာခဲ့ၿပီး ထိုေသနတ္ကို ပုတ္ခ် (သို႔) လက္ေဝွ႔ယမ္းျပရန္ ႀကိဳစားခဲ့ခ်ိန္မွာ ရဲအရာရွိက ၎ကို အနီးကပ္ ပစ္ခတ္လိုက္ပါတယ္။
ယင္းျဖစ္ရပ္ေၾကာင့္ ဆႏၵျပသူေတြ ဝိုင္းလာၿပီး ရဲကို ဝင္လုံးၾကခ်ိန္မွာလည္း ၎က က်ည္ႏွစ္ခ်က္ ထပ္ေဖာက္ ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒဏ္ရာရသြားတဲ့ ဆႏၵျပသူကို ေဆး႐ုံတစ္ခုမွာ ခြဲစိတ္ကုသေနၿပီး ၎ရဲ႕ အေျခအေနဟာလည္း စိုးရိမ္ရတယ္လို႔ ေဟာင္ေကာင္ေဆး႐ုံအာဏာပိုင္အဖြဲ႕က ဆိုပါတယ္။
ရဲထုတ္ျပန္ခ်က္မွာေတာ့ အဆိုပါရဲအရာရွိဟာ သူ႔ရဲ႕ေျခာက္လုံးျပဴးကို ပစ္ခတ္ခဲ့ေၾကာင္း အတည္ျပဳထားၿပီး အဆင္အျခင္မဲ့ လက္နက္အသုံးျပဳတယ္ဆိုတဲ့ စြပ္စြဲခ်က္ ေကာလာဟလေတြကိုလည္း မွားယြင္းေၾကာင္း ျငင္းဆိုထားပါတယ္။ ယခုဆိုရင္ ရဲေတြက ၎ဆႏၵျပသူပစ္ခတ္ခံခဲ့ရတဲ့ ေနရာကို ပိတ္ဆို႔ဝန္းရံထားလိုက္ၿပီျဖစ္ၿပီး ယင္းမွာလည္း လူစုခြဲရန္ မ်က္ရည္ယိုဗုံးေတြ အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။
ေဟာင္ေကာင္ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲေတြဟာ ဇူလိုင္လတုန္းက ျပည္မႀကီးထံသို႔တရားခံလႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို စတင္ဆန႔္က်င္ခဲ့ရာကေနစၿပီး အရွိန္မျပတ္ေသးတာ ငါးလခန႔္ရွိေနပါၿပီ။ ၎မူၾကမ္းကို ႐ုပ္သိမ္းခဲ့ၿပီး ျဖစ္ေပမယ့္ ဆႏၵျပသူေတြက ရဲေတြရဲ႕ လူမဆန္စြာအင္အားသုံးမႈအေၾကာင္း လြတ္လပ္စြာ စုံစမ္းစစ္ေဆးေပးရန္နဲ႔ ဒီမိုကရက္တစ္ျပဳျပင္ေျပာင္းလဲေရးေတြ က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ေဆာင္ရန္တို႔ အပါအဝင္ အဓိကအေၾကာင္းအရာ ငါးခုကို ဆက္လက္ေတာင္းဆိုေနဆဲ ျဖစ္ပါတယ္။

(ကိုးကား - CNN)

ZHO (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။