Skip to main content
ပါတီစုံဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားလူနည်းစုများပါ ပါဝင်လာရေး ရွေးကောက်ပွဲများအား PR စနစ်ကျင့်သုံးသင့်ဟု NDF ပြော
Ads Block

ပါတီစုံဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားလူနည်းစုများပါ ပါဝင်လာရေး ရွေးကောက်ပွဲများအား PR စနစ်ကျင့်သုံးသင့်ဟု NDF ပြော

 

ပါတီစုံဒီမိုကရေစီထူထောင်ရာတွင် တိုင်းရင်းသားလူနည်းစုများပါ ပါဝင်လာရေး ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု စနစ်(PR)ကို ကျင့်သုံးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ဇင်က ပြော သည်။
နိုဝင်ဘာလ ၉ ရက်က ပြုလုပ်သည့် "အချိုးကျကိုယ်စားပြုစနစ် ပြန်စဉ်းစားသင့်သလား" ခေါင်းစဉ်ဖြင့် ဒီဗွီဘီဒီ ဘိတ်အစီအစဉ် တွင် ၎င်းက ယင်းကဲ့သို့ ပြောသည်။
“ဘာကြောင့် PR စနစ်သုံးသင့်သလဲဆိုရင် ကျွန်တော်တို့ ဖြတ်သန်းလာတဲ့အခါမှာ တစ်ပါတီတည်းပဲပေါ့နော်။ ဖဆပလ လက် ထက်ရော၊ ၂၀၁၀ ရော၊ အခု ၂၀၁၅ ရောက တစ်ပါတီတည်းဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ပါတီစုံဒီမိုကရေစီဖြစ်ဖို့ဆိုရင် တိုင် ရင်းသားလူနည်းစုတွေ ပါဝင်လာဖို့အတွက် ကျွန်တော် PR စနစ်ကို ရည်ရွယ် ပြီးတင်ခဲ့တာဖြစ်ပါတယ်”ဟု NDF ပါတီမှ အတွင်း ရေးမှူး ဦးအောင်ဇင်က ပြောသည်။
အဆိုပါ PR စနစ်သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပထမအကြိမ် လွှတ်တော်သက် တမ်းအတွင်း၌ ဆုံးဖြတ်ခဲ့သောကြောင့် လက်ရှိတွင် နိုင်သူက အကုန်ယူ(FPTP)စနစ်ကိုသာ ကျင့်သုံးနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာက တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိတယ်။ ပြည်နယ်က ၇ ခုရှိတယ်။ နောက်တိုင်း ဒေသကြီးက ၇ ခု။ ပြည်နယ် ၇ ခုမှာ တိုင်းရင်းသားတွေရှိတယ်။ အဲဒီတိုင်းရင်းသားအနည်းစု တွေပါလာဖို့ဆိုရင် ကျွန်တော်တို့ များသူနိုင်ယူ စ နစ်နဲ့ သွားမယ်ဆိုရင်တော့ အမြဲတမ်း များတဲ့သူက နိုင်နေမှာပဲလေ။ အဲဒါကြောင့်မို့လို့ စုံပြီးတော့ ဝင်လာနိုင်ဖို့ အားနည်းနေ တယ်လို့ ကျွန်တော်ပြောချင်ပါတယ်”ဟု အတွင်းရေးမှူး ဦးအောင်ဇင်က ပြောသည်။
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင် အားစု(NDF) ပါတီဝင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပထမအကြိမ်လွှတ်တော်တွင် တင်သွင်းခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ပါတီစုံဖြစ်ခြင်း မဖြစ်ခြင်းဆိုတာက ရွေးကောက်ပွဲ စနစ်တစ်ခုတည်းတင် ကြည့်စရာမဟုတ်ဘူး။ ဒီအခြေခံ ဥပ ဒေမှာ ပြဋ္ဌာန်းထားတဲ့ ပါတီတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေပေါ့။ တကယ်တမ်းကျတော့ အခြေခံဥပဒေ တစ်ခုလုံးကဆွဲထားတဲ့ ပါတီစနစ်တွေပေါ်မှာကြည့်ပြီးမှ ဒီနိုင်ငံမှာရှိတဲ့ ပါတီတွေက ပါတီစုံဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား ကျွန်တော်တို့ သုံးသပ်လို့ ရမှာပေါ့နော်။ အဲဒီတော့ ရွေးကောက်ပွဲတစ်ခုတည်းတင်မဟုတ်၊ အခြေခံဥပဒေမှာပါထားတဲ့ နိုင်ငံရဲ့ပါတီစနစ်တွေရယ်၊ ရွေး ကောက်ပွဲစနစ်ရယ်ကို ချိန်တွယ်သုံးသပ်ပြီးတော့မှ သုံးသပ်လို့ရမယ်”ဟု သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်အစား အချိုးကျကိုယ်စားပြုစနစ်(PR)ကို အကောင်အထည်ဖော် ဆောင်ရန် မဖြစ်မနေ စီမံရမည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်က ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားထားသည်။
 

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

ပါတီစုံဒီမိုကေရစီထူေထာင္ရာတြင္ တိုင္းရင္းသားလူနည္းစုမ်ားပါ ပါဝင္လာေရး ေ႐ြးေကာက္ပြဲမ်ားတြင္ အခ်ဳိးက်ကိုယ္စားျပဳ စနစ္(PR)ကို က်င့္သုံးသင့္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီအင္အားစု(NDF)ပါတီမွ အတြင္းေရးမွဴးျဖစ္သူ ဦးေအာင္ဇင္က ေျပာ သည္။
ႏိုဝင္ဘာလ ၉ ရက္က ျပဳလုပ္သည့္ "အခ်ဳိးက်ကိုယ္စားျပဳစနစ္ ျပန္စဥ္းစားသင့္သလား" ေခါင္းစဥ္ျဖင့္ ဒီဗြီဘီဒီ ဘိတ္အစီအစဥ္ တြင္ ၎က ယင္းကဲ့သို႔ ေျပာသည္။
“ဘာေၾကာင့္ PR စနစ္သုံးသင့္သလဲဆိုရင္ ကြ်န္ေတာ္တို႔ ျဖတ္သန္းလာတဲ့အခါမွာ တစ္ပါတီတည္းပဲေပါ့ေနာ္။ ဖဆပလ လက္ ထက္ေရာ၊ ၂၀၁၀ ေရာ၊ အခု ၂၀၁၅ ေရာက တစ္ပါတီတည္းျဖစ္ေနတယ္။ အဲဒါေၾကာင့္မို႔လို႔ ပါတီစုံဒီမိုကေရစီျဖစ္ဖို႔ဆိုရင္ တိုင္ ရင္းသားလူနည္းစုေတြ ပါဝင္လာဖို႔အတြက္ ကြ်န္ေတာ္ PR စနစ္ကို ရည္ရြယ္ ၿပီးတင္ခဲ့တာျဖစ္ပါတယ္”ဟု NDF ပါတီမွ အတြင္း ေရးမွဴး ဦးေအာင္ဇင္က ေျပာသည္။
အဆိုပါ PR စနစ္သည္ အေျခခံဥပေဒႏွင့္ ညီညြတ္မႈမရွိဟုဆိုကာ ဖြဲ႔စည္းပုံအေျခခံဥပေဒခုံ႐ုံးက ပထမအႀကိမ္ လႊတ္ေတာ္သက္ တမ္းအတြင္း၌ ဆုံးျဖတ္ခဲ့ေသာေၾကာင့္ လက္ရွိတြင္ ႏိုင္သူက အကုန္ယူ(FPTP)စနစ္ကိုသာ က်င့္သုံးေနျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက တိုင္းရင္းသားေပါင္း ၁၃၅ မ်ဳိးရွိတယ္။ ျပည္နယ္က ၇ ခုရွိတယ္။ ေနာက္တိုင္း ေဒသႀကီးက ၇ ခု။ ျပည္နယ္ ၇ ခုမွာ တိုင္းရင္းသားေတြရွိတယ္။ အဲဒီတိုင္းရင္းသားအနည္းစု ေတြပါလာဖို႔ဆိုရင္ ကြ်န္ေတာ္တို႔ မ်ားသူႏိုင္ယူ စ နစ္နဲ႔ သြားမယ္ဆိုရင္ေတာ့ အၿမဲတမ္း မ်ားတဲ့သူက ႏိုင္ေနမွာပဲေလ။ အဲဒါေၾကာင့္မို႔လို႔ စုံၿပီးေတာ့ ဝင္လာႏိုင္ဖို႔ အားနည္းေန တယ္လို႔ ကြ်န္ေတာ္ေျပာခ်င္ပါတယ္”ဟု အတြင္းေရးမွဴး ဦးေအာင္ဇင္က ေျပာသည္။
ေ႐ြးေကာက္ပြဲမ်ားတြင္ အခ်ဳိးက်ကိုယ္စားျပဳစနစ္(PR)ကို က်င့္သုံးရန္ အမ်ဳိးသားဒီမိုကေရစီအင္ အားစု(NDF) ပါတီဝင္ အမ်ဳိး သားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ဝိုင္းၾကည္က ပထမအႀကိမ္လႊတ္ေတာ္တြင္ တင္သြင္းခဲ့ ျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔က ပါတီစုံျဖစ္ျခင္း မျဖစ္ျခင္းဆိုတာက ေရြးေကာက္ပြဲ စနစ္တစ္ခုတည္းတင္ ၾကည့္စရာမဟုတ္ဘူး။ ဒီအေျခခံ ဥပ ေဒမွာ ျပ႒ာန္းထားတဲ့ ပါတီေတြနဲ႔ ပတ္သက္တဲ့ ဥပေဒေတြေပါ့။ တကယ္တမ္းက်ေတာ့ အေျခခံဥပေဒ တစ္ခုလုံးကဆြဲထားတဲ့ ပါတီစနစ္ေတြေပၚမွာၾကည့္ၿပီးမွ ဒီႏိုင္ငံမွာရွိတဲ့ ပါတီေတြက ပါတီစုံျဖစ္ႏိုင္သလား၊ မျဖစ္ႏိုင္ဘူးလား ကြ်န္ေတာ္တို႔ သုံးသပ္လို႔ ရမွာေပါ့ေနာ္။ အဲဒီေတာ့ ေရြးေကာက္ပြဲတစ္ခုတည္းတင္မဟုတ္၊ အေျခခံဥပေဒမွာပါထားတဲ့ ႏိုင္ငံရဲ႕ပါတီစနစ္ေတြရယ္၊ ေရြး ေကာက္ပြဲစနစ္ရယ္ကို ခ်ိန္တြယ္သုံးသပ္ၿပီးေတာ့မွ သုံးသပ္လို႔ရမယ္”ဟု သန္လ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္ကိုလတ္က ေျပာသည္။
ေရြးေကာက္ပြဲတြင္ ႏုိင္သူအကုန္ယူစနစ္အစား အခ်ိဳးက်ကုိယ္စားျပဳစနစ္(PR)ကို အေကာင္အထည္ေဖာ္ ေဆာင္ရန္ မျဖစ္မေန စီမံရမည္ဟုလည္း ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေဌးက ေနျပည္ေတာ္ရွိ ျပည္ခုိင္ၿဖဳိးပါတီ ဌာနခ်ဳပ္၌ ၿပီးခဲ့သည့္စက္တင္ဘာလ ၁၄ ရက္က က်င္းပခဲ့သည့္ ပဥၥမအႀကိမ္ ဗဟုိေကာ္မတီအစည္းအေဝးတြင္ ေျပာၾကားထားသည္။
 

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။