Skip to main content
လာမည့်ဆီးဂိမ်းတွင် ကစားသမားများအတွက် အကောင်းဆုံး ပံ့ပိုးမှုများ လုပ်ထားဟုဆို
Ads Block

လာမည့်ဆီးဂိမ်းတွင် ကစားသမားများအတွက် အကောင်းဆုံး ပံ့ပိုးမှုများ လုပ်ထားဟုဆို


လာမည့်ဆီးဂိမ်းတွင် ကစားသမားများအတွက် ပံ့ပိုးမှုများ အကောင်းဆုံး လုပ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။
ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် နိုဝင်ဘာလ (၉)ရက်က ကျင်းပသည့် မိုင်လို(မြန်မာ)မှ ဆီးဂိမ်းတွင်ယှဉ်ပြိုင်မည့် ကစားသမားများအတွက် အဟာရပစ္စည်းများ ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ကစားသမားတွေကို လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးထားပါတယ်။ အဖွဲ့ချုပ်အသီးသီးနဲ့လည်း ချိတ်ဆက်ပြီး၊ လိုအပ်တဲ့အရာ မှန်သမျှကို အကောင်းဆုံးထောက်ပံ့ပေးထားတဲ့အတွက် ကစားသမား တွေလည်း ပြိုင်ပွဲမှာအကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြပါလို့ ပြောချင်ပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။
(၃၀) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာလ (၃၀) ရက်မှ ဒီဇင်ဘာလ (၁၀)ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး၊ အားကစားနည်း (၅၆) မျိုးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ အားကစားနည်း (၃၁) မျိုးကို အားကစားသမား (၅၀၀) ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်လည်း ဖြစ်သည်။
“ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ဆိုတာကတော့ ပြိုင်ပွဲအတွေ့ အကြုံရှိဖို့လိုတာပေါ့။ ဘယ်လိုပဲထောက်ပံ့မှုပဲပေးပေး ကိုယ်တွေနဲ့ ယှဉ် ပြိုင်ရတဲ့ ကစားသမားတွေက ပြိုင်ပွဲအတွေ့အကြုံရှိတဲ့ သူတွေချည်းပဲ။ အဓိကပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ပြိုင်ပွဲ အတွေ့အကြုံ များများရှိဖို့လိုအပ်ပါတယ်”ဟု မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၆၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်း ပဖူးပြီး၊ ၁၉၆၅ ခုနှစ်က နိုင်ငံအလိုက်ဆုတံဆိပ် ရပ်တည်မှု ပထမရရှိခဲ့ကာ ၂၀၁၃ ခုနှစ်က ဒုတိယရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းနှင့် ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းတို့တွင် နိုင်ငံလိုက် ဆုတံဆိပ်ရပ်တည်မှု အဆင့်(၇)တွင်သာ ရှိခဲ့သည်။
 

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version


လာမည့္ဆီးဂိမ္းတြင္ ကစားသမားမ်ားအတြက္ ပံ့ပိုးမႈမ်ား အေကာင္းဆံုး လုပ္ထားေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီး ဌာန ညႊန္ၾကားေရးမွဴး ဦးစိုးေအာင္က ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ ေအာင္ဆန္း အားကစားကြင္းတြင္ ႏုိ၀င္ဘာလ (၉)ရက္က က်င္းပသည့္ မိုင္လို(ျမန္မာ)မွ ဆီးဂိမ္းတြင္ယွဥ္ၿပိဳင္မည့္ ကစားသမားမ်ားအတြက္ အဟာရပစၥည္းမ်ား ေပးအပ္ပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ကၽြန္ေတာ္တို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနအေနနဲ႔ ကစားသမားေတြကို လိုအပ္တဲ့ ပံ့ပိုးမႈေတြ လုပ္ေပးထားပါတယ္။ အဖြဲ႔ခ်ဳပ္အသီးသီးနဲ႔လည္း ခ်ိတ္ဆက္ၿပီး၊ လိုအပ္တဲ့အရာ မွန္သမွ်ကို အေကာင္းဆံုးေထာက္ပံ့ေပးထားတဲ့အတြက္ ကစားသမား ေတြလည္း ၿပိဳင္ပြဲမွာအေကာင္းဆံုးႀကိဳးစားယွဥ္ၿပိဳင္ၾကပါလို႔ ေျပာခ်င္ပါတယ္”ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ညႊန္ ၾကားေရးမွဴး ဦးစိ္ုးေအာင္က ေျပာသည္။
(၃၀) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲကို ယခုႏွစ္ ႏုိ၀င္ဘာလ (၃၀) ရက္မွ ဒီဇင္ဘာလ (၁၀)ရက္အထိ က်င္းပ သြားမည္ျဖစ္ၿပီး၊ အားကစားနည္း (၅၆) မ်ိဳးကို ထည့္သြင္းက်င္းပသြားမည္ျဖစ္သည္။
ျမန္မာႏုိင္ငံမွ အားကစားနည္း (၃၁) မ်ိဳးကို အားကစားသမား (၅၀၀) ေက်ာ္ျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမည္လည္း ျဖစ္သည္။
“ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရဖို႔ဆိုတာကေတာ့ ၿပိဳင္ပြဲအေတြ႔ အႀကံဳရွိဖို႔လိုတာေပါ့။ ဘယ္လိုပဲေထာက္ပံ့မႈပဲေပးေပး ကိုယ္ေတြနဲ႔ ယွဥ္ ၿပိဳင္ရတဲ့ ကစားသမားေတြက ၿပိဳင္ပြဲအေတြ႔အႀကံဳရွိတဲ့ သူေတြခ်ည္းပဲ။ အဓိကၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရဖို႔ ၿပိဳင္ပြဲ အေတြ႔အႀကံဳ မ်ားမ်ားရွိဖို႔လိုအပ္ပါတယ္”ဟု ျမန္မာ့လက္ေရြးစင္ ဘိလိယက္ကစားသမား ေနေသြးဦးက ေျပာသည္။
ျမန္မာႏုိင္ငံအေနျဖင့္ ၁၉၆၅ ခုႏွစ္ႏွင့္ ၂၀၁၃ ခုႏွစ္တို႔တြင္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္း ပဖူးၿပီး၊ ၁၉၆၅ ခုႏွစ္က ႏုိင္ငံအလိုက္ဆုတံဆိပ္ ရပ္တည္မႈ ပထမရရွိခဲ့ကာ ၂၀၁၃ ခုႏွစ္က ဒုတိယရရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၈ ႀကိမ္ေျမာက္ စင္ကာပူဆီးဂိမ္းႏွင့္ ၂၉ ႀကိမ္ေျမာက္ မေလးရွားဆီးဂိမ္းတို႔တြင္ ႏုိင္ငံလိုက္ ဆုတံဆိပ္ရပ္တည္မႈ အဆင့္(၇)တြင္သာ ရွိခဲ့သည္။
 

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။