Skip to main content
၂၀၂၀ မှ စပြီး ပြည်တွင်းဘဏ်များ၏ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားဘဏ်များ ဝယ်ယူခွင့်ရမည်
Ads Block

၂၀၂၀ မှ စပြီး ပြည်တွင်းဘဏ်များ၏ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားဘဏ်များ ဝယ်ယူခွင့်ရမည်



နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုမည့်အပြင် ၂၀၂၀ ဇန်နဝါရီလမှ စတင်၍ ပြည်တွင်းဘဏ်များ၏ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။
ယင်းကဲ့သို့ နိုင်ငံခြားဘဏ်များ ထပ်တိုးခွင့်ပြုနိုင်ရန်အတွက် အတိုင်ပင်ခံကုမ္ပဏီ ဖွဲ့စည်းရန်ပြင်ဆင်နေပြီး ယင်းအတွက် တင်ဒါ ခေါ်ယူထားရာ နောက်ဆုံးအဆင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ဘဏ်ခွဲများကို စိစစ်ခွင့်ပြုနိုင်ရန်အတွက် ယင်းအဖွဲ့အစည်းကို ဖွဲ့စည်းခြင်းဖြစ်ပြီး ရွေးချယ်ပြီးပါက ယခုနှစ်အတွင်း နိုင်ငံ ခြားဘဏ်ခွဲများကို ရွေးချယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံခြားဘဏ်တွေကို ထပ်တိုးခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ်ဘယ်နှစ်ခု ခွင့်ပြုသွားမလဲဆိုတာကိုတော့ မသိသေးဘူး။ ဘယ်နှစ်ဘဏ်လျှောက်မလဲဆိုတာကိုလည်း မသိသေးတဲ့အတွက် ပြောလို့မရသေးဘူး”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိ ယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်ညိုထွန်းက ပြောသည်။
၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်အနေဖြင့် ၁၃ ဘဏ်ခွင့်ပြုထားပြီး၊ ယခုအကြိမ်တွင် ဘဏ်ခွဲနှင့် လက်အောက်ခံ ဘဏ်ပုံစံနှစ်မျိုးဖြင့် ခွင့်ပြုသွားမည်ဖြစ်ပြီး လက်အောက်ခံဘဏ်ပုံစံအဖြစ် ဆောင်ရွက်ပါက လက်လီဘဏ်လုပ် ငန်း လုပ်ကိုင်ခွင့်ပြုမည့်အပြင် နေရာ ၁၀ ခုအထိ ဘဏ်ခွဲ အေတီအမ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ဇန်နဝါရီလ ၁ ရက်မှစ၍ မြန်မာဘဏ်များ၏ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်း ဘဏ် များ၏ အရင်းအနှီးအလိုက် ဝယ်ယူမှုတစ်ခုချင်းစီကို စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version


ႏိုင္ငံျခားဘဏ္ခြဲမ်ား ထပ္မံခြင့္ျပဳမည့္အျပင္ ၂၀၂၀ ဇန္နဝါရီလမွ စတင္၍ ျပည္တြင္းဘဏ္မ်ား၏ အစုရွယ္ယာ ၃၅ ရာခိုင္ႏႈန္း ဝယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ ထုတ္ျပန္ေၾကညာခ်က္မွ သိရသည္။
ယင္းကဲ့သို႔ ႏိုင္ငံျခားဘဏ္မ်ား ထပ္တိုးခြင့္ျပဳႏိုင္ရန္အတြက္ အတိုင္ပင္ခံကုမၸဏီ ဖြဲ႕စည္းရန္ျပင္ဆင္ေနၿပီး ယင္းအတြက္ တင္ဒါ ေခၚယူထားရာ ေနာက္ဆုံးအဆင့္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံျခား ဘဏ္ခြဲမ်ားကို စိစစ္ခြင့္ျပဳႏိုင္ရန္အတြက္ ယင္းအဖြဲ႕အစည္းကို ဖြဲ႕စည္းျခင္းျဖစ္ၿပီး ေ႐ြးခ်ယ္ၿပီးပါက ယခုႏွစ္အတြင္း ႏိုင္ငံ ျခားဘဏ္ခြဲမ်ားကို ေ႐ြးခ်ယ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ႏိုင္ငံျခားဘဏ္ေတြကို ထပ္တိုးခြင့္ျပဳမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဘဏ္ဘယ္ႏွစ္ခု ခြင့္ျပဳသြားမလဲဆိုတာကိုေတာ့ မသိေသးဘူး။ ဘယ္ႏွစ္ဘဏ္ေလွ်ာက္မလဲဆိုတာကိုလည္း မသိေသးတဲ့အတြက္ ေျပာလို႔မရေသးဘူး”ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ဒုတိ ယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚတင္ညိဳထြန္းက ေျပာသည္။
၂၀၁၄ ခုႏွစ္တြင္ ပထမအႀကိမ္၊ ၂၀၁၆ ခုႏွစ္တြင္ ဒုတိယအႀကိမ္အေနျဖင့္ ၁၃ ဘဏ္ခြင့္ျပဳထားၿပီး၊ ယခုအႀကိမ္တြင္ ဘဏ္ခြဲႏွင့္ လက္ေအာက္ခံ ဘဏ္ပုံစံႏွစ္မ်ိဳးျဖင့္ ခြင့္ျပဳသြားမည္ျဖစ္ၿပီး လက္ေအာက္ခံဘဏ္ပုံစံအျဖစ္ ေဆာင္႐ြက္ပါက လက္လီဘဏ္လုပ္ ငန္း လုပ္ကိုင္ခြင့္ျပဳမည့္အျပင္ ေနရာ ၁၀ ခုအထိ ဘဏ္ခြဲ ေအတီအမ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၂၀ ဇန္နဝါရီလ ၁ ရက္မွစ၍ ျမန္မာဘဏ္မ်ား၏ အစုရွယ္ယာ ၃၅ ရာခိုင္ႏႈန္းအထိ ဝယ္ယူခြင့္ျပဳမည္ျဖစ္ၿပီး ျပည္တြင္း ဘဏ္ မ်ား၏ အရင္းအႏွီးအလိုက္ ဝယ္ယူမႈတစ္ခုခ်င္းစီကို စိစစ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။