Skip to main content
နှာခေါင်းဖြင့် အားမပေးကြရန် Myanmar Idol ပရိသတ်များကို အဆိုတော် သာဒီးလူ မေတ္တာရပ်ခံ
Ads Block

နှာခေါင်းဖြင့် အားမပေးကြရန် Myanmar Idol ပရိသတ်များကို အဆိုတော် သာဒီးလူ မေတ္တာရပ်ခံ

လက်ရှိ လူကြိုက်များနေသည့် Myanmar Idol သီချင်းဆိုပြိုင်ပွဲကို အားပေးကြသည့် ပရိသတ်များကို မျက်စိ၊ နှာခေါင်းများနှင့် သီချင်းနားမထောင် နားရွက်ဖြင့် သီချင်းနားထောင်ကာ အားပေးကြရန် အဆိုတော်သာဒီးလူက မေတ္တာရပ်ခံလိုက်သည်။
နိုဝင်ဘာလ ၈ ရက်ညပိုင်းက ကျင်းပသည့် Myanmar Idol Season 4 Top-10 Result Show တွင် လာရောက်ဖျော်ဖြေစဉ် မေတ္တာရပ်ခံ ပြောကြားလိုက်ခြင်းဖြစ်သည်။
“စစ်မှန်တဲ့ Voting တွေ မှန်ကန်တဲ့ အားပေးမှုတွေ ရွေးချယ်မှုတွေရဖို့အတွက်ကို ပြိုင်ပွဲဝင်တစ်ဦးချင်း တစ်ဦးချင်းစီတိုင်းရဲ့ သီ ဆိုဖျော်ဖြေမှုကို လူကြီးမင်းတို့ရဲ့ နားနဲ့နားထောင်ပြီးဆုံးဖြတ် ပေးကြပါလို့ ဒီနေ ရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ အားပေးကြ တယ်ဆိုတာကို မျက်စိတွေ နှာခေါင်းတွေနဲ့ သီချင်းနား မထောင်ကြပါနဲ့။ နားရွက်နဲ့ သီချင်းနားထောင်ပါ”ဟု သာဒီးလူ က ပြော သည်။
ပြိုင်ပွဲဝင်များအနေဖြင့် အရှုံးဖြင့် အိမ်ပြန်ရသော်လည်း နောက်ပိုင်းတွင် အနုပညာလမ်းကြောင်း၌ ခြေစုံရပ်၍ လျှောက်လှမ်းနိုင် သည့်အတွက် အားမငယ်ကြရန်လည်း အားပေးစကားပြောကြားခဲ့သေးသည်။
Myanmar Idol Season 4 Top-10 Result Show တွင် ပြိုင်ပွဲဝင် နော်စေးစေးထူးမှာ ပရိတ်သတ်ပေးသည့် Voting အနည်းဆုံး ရရှိခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း Save Song သီဆိုပြီးချိန်တွင် ဒိုင် (၃)ဦး၏ save လုပ်ခြင်းခံရသည့်အတွက် နောက်တစ် ဆင့်သို့ ထပ်မံတက်လှမ်းနိုင်ခဲ့ကြောင်း သိရ သည်။
နောက်တစ်ပတ် Top-10 ပြိုင်ပွဲဝင်များအနေဖြင့် အမှတ်တရ တေးသီးချင်းများနှင့် သီဆိုဖျော်ဖြေရမည် ဖြစ်ပြီး Top-11 မှ Top-5 အတွင်း တစ်ကြိမ်အသုံးပြုနိုင်သည့် ဒိုင်သုံးဦး၏ Save ခြင်းခံရသည့်အတွက် လာမည့်အပတ်တွင် ပြိုင်ပွဲဝင် နှစ်ဦး နုတ်ဆက် ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

-  ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

 

Zawgyi Version

 

လက္ရိွ လူႀကိဳက္မ်ားေနသည့္ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကို အားေပးၾကသည့္ ပရိသတ္မ်ားကို မ်က္စိ၊ ႏွာေခါင္းမ်ားႏွင့္ သီခ်င္းနားမေထာင္ နားရြက္ျဖင့္ သီခ်င္းနားေထာင္ကာ အားေပးၾကရန္ အဆုိေတာ္သာဒီးလူက ေမတၱာရပ္ခံလုိက္သည္။
ႏုိဝင္ဘာလ ၈ ရက္ညပိုင္းက က်င္းပသည့္ Myanmar Idol Season 4 Top-10 Result Show တြင္ လာေရာက္ေဖ်ာ္ေျဖစဥ္ ေမတၱာရပ္ခံ ေျပာၾကားလုိက္ျခင္းျဖစ္သည္။
“စစ္မွန္တဲ့ Voting ေတြ မွန္ကန္တဲ့ အားေပးမႈေတြ ေရြးခ်ယ္မႈေတြရဖုိ႔အတြက္ကို ၿပိဳင္ပြဲဝင္တစ္ဦးခ်င္း တစ္ဦးခ်င္းစီတုိင္းရဲ႕ သီ ဆုိေဖ်ာ္ေျဖမႈကို လူႀကီးမင္းတုိ႔ရဲ႕ နားနဲ႔နားေထာင္ၿပီးဆံုးျဖတ္ ေပးၾကပါလုိ႔ ဒီေန ရာကေန ေမတၱာရပ္ခံခ်င္ပါတယ္။ အားေပးၾက တယ္ဆုိတာကို မ်က္စိေတြ ႏွာေခါင္းေတြနဲ႔ သီခ်င္းနား မေထာင္ၾကပါနဲ႔။ နားရြက္နဲ႔ သီခ်င္းနားေထာင္ပါ”ဟု သာဒီးလူ က ေျပာ သည္။
ၿပိဳင္ပြဲဝင္မ်ားအေနျဖင့္ အရႈံးျဖင့္ အိမ္ျပန္ရေသာ္လည္း ေနာက္ပိုင္းတြင္ အႏုပညာလမ္းေၾကာင္း၌ ေျခစံုရပ္၍ ေလွ်ာက္လွမ္းႏိုင္ သည့္အတြက္ အားမငယ္ၾကရန္လည္း အားေပးစကားေျပာၾကားခဲ့ေသးသည္။
Myanmar Idol Season 4 Top-10 Result Show တြင္ ၿပိဳင္ပြဲဝင္ ေနာ္ေစးေစးထူးမွာ ပရိတ္သတ္ေပးသည့္ Voting အနည္းဆံုး ရရွိခဲ့ၿပီး ၿပိဳင္ပြဲမွ ထြက္ခဲ့ရေသာ္လည္း Save Song သီဆုိၿပီးခ်ိန္တြင္ ဒိုင္ (၃)ဦး၏ save လုပ္ျခင္းခံရသည့္အတြက္ ေနာက္တစ္ ဆင့္သို႔ ထပ္မံတက္လွမ္းႏုိင္ခဲ့ေၾကာင္း သိရ သည္။
ေနာက္တစ္ပတ္ Top-10 ၿပိဳင္ပြဲဝင္မ်ားအေနျဖင့္ အမွတ္တရ ေတးသီးခ်င္းမ်ားႏွင့္ သီဆုိေဖ်ာ္ေျဖရမည္ ျဖစ္ၿပီး Top-11 မွ Top-5 အတြင္း တစ္ႀကိမ္အသံုးျပဳႏုိင္သည့္ ဒိုင္သံုးဦး၏ Save ျခင္းခံရသည့္အတြက္ လာမည့္အပတ္တြင္ ၿပိဳင္ပြဲဝင္ ႏွစ္ဦး ႏုတ္ဆက္ ထြက္ခြာရမည္ျဖစ္ေၾကာင္း သိရသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။