Skip to main content
အငြင်းပွားပင်လယ်ပြင်ဆိုင်ရာ ဝေဖန်မှုတွေကြောင့် ဗီယက်နမ် ခရီးစဉ်ကို မင်းသားကြီး ဂျက်ကီချမ်း ဖျက်သိမ်း 
Ads Block

အငြင်းပွားပင်လယ်ပြင်ဆိုင်ရာ ဝေဖန်မှုတွေကြောင့် ဗီယက်နမ် ခရီးစဉ်ကို မင်းသားကြီး ဂျက်ကီချမ်း ဖျက်သိမ်း 

            အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုအတွက် ဗီယက်နမ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ကိုယ်ခံပညာ သိုင်းရုပ်ရုပ်ကားတွေနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချမ်းဟာ တောင်တရုတ် ပင်လယ်ဒေသကို တရုတ်အစိုးရက မောင်ပိုင်စီးခဲ့တာနဲ့ ဆက်စပ်ပြီး သူ့အပေါ် တိုက်ခိုက်ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ 
              ဟောင်ကောင်ဖွား မင်းသားကြီးဟာ မျက်နှာပြင် ပုံပန်းမကျတဲ့ ကလေးငယ်တွေကို အခမဲ့ ခွဲစိတ်ပေးမယ့် ပရဟိတအဖွဲ့အစည်း Operaation Smile ကို ထောက်ခံအားပေးဖို့အတွက် နိုဝင်ဘာ ၁၀ ရက်မှာ ဟနွိုင်မြို့ကို သွားရောက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ သူ့ရဲ့ ခရီးစဉ်ကို ပရဟိတ အဖွဲ့အစည်းက ၎င်းတို့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ကြေညာခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက် အသုံးပြုသူ ထောင်ချီက ယင်း အစီအစဉ်အပေါ် ဒေါသတကြီး ဝေဖန်မှတ်ချက်ရေးခဲ့ကြတာကြောင့် ခရီးစဉ် ဖျက်သိမ်း လိုက်ရတာဖြစ်ပါတယ်။ 
              တရုတ် အခေါ် အမှတ် ၉ စက်ပါ မျဉ်းလိုင်း နယ်နိမိတ်ဟာ သံယံဇာတကြွယ်ဝတဲ့ ပင်လယ်ပြင် ဒေသရှိ ၎င်းတို့ရဲ့ ပိုင်နက်ဖြစ်တယ်ဆိုတာ တရားနည်းလမ်းကျတဲ့ သမိုင်းကြောင်း အထောက်အထားဖြစ် ကြောင်း တရုတ်အစိုးရရဲ့ ထုတ်ဖော်ပြောဆိုထားမှုကို ချန်းက ဖွင့်ဟ ထောက်ခံခဲ့ဖူးတယ်လို့အချို့ မှတ်ချက် တွေမှာ ရေးသားခဲ့ပါတယ်။ သို့သော်လည်း အငြင်းပွားဖွယ်ရာ ပင်လယ်ပြင်နယ်နိမိတ် ကိစ္စနဲ့ပတ်သက်လို့ ချန်းက လူသိရှင်ကြား အတည့်အလင်း ထောက်ခံပြောဆိုမှုမျိုး ရှိမထားခဲ့ဘူးလို့ သိရပါတယ်။ 
              ဒေသတွင်း ကာလကြာရှည် တင်းမာမှု အရင်းအမြစ်ဖြစ်နေခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွား မှုမှာ တရုတ်နဲ့အတူ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဘရုနိုင်းတို့ ပါဝင်ပတ်သက်နေခဲ့ပါတယ်။ 
          ဗီယက်နမ် လူထုရဲ့ တုံ့ပြန်လာနိုင်မှုကို ကြိုတင်ခန့်မှန်းထားခြင်းမရှိတဲ့ ပရဟိတအဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ရာမှာ သူတို့ရဲ့ လုပ်ငန်းဟာ နိုင်ငံရေးနဲ့ မသက်ဆိုင်ပါကြောင်း ဆိုခဲ့ ပါတယ်။ Operation Smile အနေနဲ့ ဗီယက်နမ်မှာ ချန်း ပူးပေါင်းပါဝင်တဲ့ အစီအစဉ်တွေ မဆောင်ရွက်နိုင် တော့တဲ့အတွက် မိမိတို့ အလွန် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ 
           ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်အပေါ် အပြင်းထန်ဆုံး ဆန့်ကျင် ဝေဖန်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ 

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

အျငင္းပြားပင္လယ္ျပင္ဆုိင္ရာ ေ၀ဖန္မႈေတြေၾကာင့္ ဗီယက္နမ္ ခရီးစဥ္ကုိ မင္းသားႀကီး ဂ်က္ကီခ်မ္း ဖ်က္သိမ္း 
            အကူအညီေပးေရး အဖြဲ႕အစည္းတစ္ခုအတြက္ ဗီယက္နမ္ႏုိင္ငံကုိ သြားေရာက္ဖုိ ့ စီစဥ္ထားတဲ့ ကုိယ္ခံပညာ သုိင္းရုပ္ရုပ္ကားေတြနဲ႕ နာမည္ေက်ာ္ခဲ့တဲ့ မင္းသားႀကီး ဂ်က္ကီခ်မ္းဟာ ေတာင္တရုတ္ ပင္လယ္ေဒသကုိ တရုတ္အစုိးရက ေမာင္ပုိင္စီးခဲ့တာနဲ႕ ဆက္စပ္ၿပီး သူ႕အေပၚ တုိက္ခုိက္ေ၀ဖန္မႈေတြ ေပၚေပါက္ခဲ့တာေၾကာင့္ ခရီးစဥ္ကုိ ဖ်က္သိမ္းလုိက္ေၾကာင္း သိရပါတယ္။ 
              ေဟာင္ေကာင္ဖြား မင္းသားႀကီးဟာ မ်က္ႏွာျပင္ ပုံပန္းမက်တဲ့ ကေလးငယ္ေတြကုိ အခမဲ့ ခြဲစိတ္ေပးမယ့္ ပရဟိတအဖြဲ႕အစည္း Operaation Smile ကုိ ေထာက္ခံအားေပးဖုိ ့အတြက္ ႏုိ၀င္ဘာ ၁၀ ရက္မွာ ဟႏြဳိင္ၿမိဳ႕ကုိ သြားေရာက္ဖုိ ့ စီစဥ္ထားတာပါ။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ သီတင္းပတ္မွာ သူ႕ရဲ႕ ခရီးစဥ္ကုိ ပရဟိတ အဖြဲ႕အစည္းက ၄င္းတုိ ့ရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္ကေန ေၾကညာခဲ့ၿပီးေနာက္ပုိင္း လူမႈကြန္ရက္ အသုံးျပဳသူ ေထာင္ခ်ီက ယင္း အစီအစဥ္အေပၚ ေဒါသတႀကီး ေ၀ဖန္မွတ္ခ်က္ေရးခဲ့ၾကတာေၾကာင့္ ခရီးစဥ္ ဖ်က္သိမ္း လုိက္ရတာျဖစ္ပါတယ္။ 
              တရုတ္ အေခၚ အမွတ္ ၉ စက္ပါ မ်ဥ္းလုိင္း နယ္နိမိတ္ဟာ သံယံဇာတၾကြယ္၀တဲ့ ပင္လယ္ျပင္ ေဒသရွိ ၄င္းတုိ ့ရဲ႕ ပုိင္နက္ျဖစ္တယ္ဆုိတာ တရားနည္းလမ္းက်တဲ့ သမုိင္းေၾကာင္း အေထာက္အထားျဖစ္ ေၾကာင္း တရုတ္အစုိးရရဲ႕ ထုတ္ေဖာ္ေျပာဆုိထားမႈကုိ ခ်န္းက ဖြင့္ဟ ေထာက္ခံခဲ့ဖူးတယ္လုိ ့အခ်ဳိ႕ မွတ္ခ်က္ ေတြမွာ ေရးသားခဲ့ပါတယ္။ သုိ ့ေသာ္လည္း အျငင္းပြားဖြယ္ရာ ပင္လယ္ျပင္နယ္နိမိတ္ ကိစၥနဲ႕ပတ္သက္လုိ ့ ခ်န္းက လူသိရွင္ၾကား အတည့္အလင္း ေထာက္ခံေျပာဆုိမႈမ်ဳိး ရွိမထားခဲ့ဘူးလုိ ့ သိရပါတယ္။ 
              ေဒသတြင္း ကာလၾကာရွည္ တင္းမာမႈ အရင္းအျမစ္ျဖစ္ေနခဲ့တဲ့ ပင္လယ္ျပင္နယ္နိမိတ္ အျငင္းပြား မႈမွာ တရုတ္နဲ႕အတူ ဗီယက္နမ္၊ မေလးရွား၊ ဖိလစ္ပုိင္၊ ထုိင္၀မ္နဲ႕ ဘရုႏုိင္းတုိ ့ ပါ၀င္ပတ္သက္ေနခဲ့ပါတယ္။ 
          ဗီယက္နမ္ လူထုရဲ႕ တုံု႔ျပန္လာႏုိင္မႈကုိ ႀကိဳတင္ခန္ ့မွန္းထားျခင္းမရွိတဲ့ ပရဟိတအဖြဲ႕က ႏုိ၀င္ဘာ ၈ ရက္မွာ ထုတ္ျပန္ခ်က္တစ္ခုထုတ္ခဲ့ရာမွာ သူတုိ ့ရဲ႕ လုပ္ငန္းဟာ ႏုိင္ငံေရးနဲ႕ မသက္ဆုိင္ပါေၾကာင္း ဆုိခဲ့ ပါတယ္။ Operation Smile အေနနဲ႕ ဗီယက္နမ္မွာ ခ်န္း ပူးေပါင္းပါ၀င္တဲ့ အစီအစဥ္ေတြ မေဆာင္ရြက္ႏုိင္ ေတာ့တဲ့အတြက္ မိမိတုိ ့ အလြန္ ၀မ္းနည္းစိတ္မေကာင္းျဖစ္ရပါေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိခဲ့ပါတယ္။ 
           ဗီယက္နမ္ဟာ ေတာင္တရုတ္ပင္လယ္အေရးနဲ႕ပတ္သက္ၿပီး တရုတ္အေပၚ အျပင္းထန္ဆုံး ဆန္ ့က်င္ ေ၀ဖန္တဲ့ႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။