Skip to main content
၀န်ကြီးများရုံးအတွင်းဖွင့်လှစ်ထားသော Spa ပိတ်သိမ်းမည် 
Ads Block

၀န်ကြီးများရုံးအတွင်းဖွင့်လှစ်ထားသော Spa ပိတ်သိမ်းမည် 

 

ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် လာရောက်ဖွင့်လှစ်ထားသော Spa ကိုပိတ်သိမ်းရန် De Beau Wellness Centre ကသဘောတူလိုက်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးထံမှ သိရသည်။ 
ဝန်ကြီးများရုံးတွင် Spa အပါအဝင် ဈေးဆိုင်ခန်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဌာန ၄ ခုတို့ကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် နိုဝင်ဘာ(၈)ရက်၌ ကြားနာခဲ့ပြီးနောက် ယင်းကဲ့သို့သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
“ အဓိကကတော့ ဒါနဲ့ပတ်သက်ပြီးကြားနာမှုလုပ်တာပေါ့။ ကျွန်တော်တို့ကော်မတီက ပြည်သူတွေရဲ့ ဆန္ဒမပါဘူး။ ဒီလိုဖွင့်တာကို လူမှုကွန်ရက်ပေါ်မှာလည်းပြောဆိုနေကြတဲ့အတွက် နောက်ပြီး နိုင်ငံရဲ့အထင်ကရ အဆောက်အဦကြီးထဲမှာ ဒီလိုဖွင့်တာမသင့်လျော်တဲ့အတွက် ကျွန်တော်တို့ဘက်ကကန့်ကွက်ကြောင်း ပြောတယ်။ အဲဒါနဲ့နောက်ဆုံးမှာတော့ သူတို့ဘက်ကပိတ်သိမ်းပေးပါမယ်ဆိုပြီး သဘောတူလိုက်ပါတယ်။”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဋ္ဌေးက ပြောသည်။
De Beau Wellness Centre အမည်ရှိ Spa ကိုဝန်ကြီးများရုံးတွင် အောက်တိုဘာ ၂၆ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ 
ဝန်ကြီးများရုံးအဆောက်အဦကို (၁၈၈၉)ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၅)ခုနှစ်၌ ပြီးစီးခဲ့ကာ ဆောက်လုပ်စဉ်က တောင်ဘက်အဆောက်အဦကိုစတင်ဆောက်လုပ်ခဲ့ပြီး (၁၉၀၃)ခုနှစ်အရောက်တွင် အရှေ့ဘက်၊ အနောက်ဘက်စသည့် ကျန်အဆောက်အဦများကိုဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးများရုံးကိုလွတ်လပ်ရေးခေတ်မတိုင်ခင်က အတွင်းဝန်ရုံးဟုခေါ်ဝေါ်ခဲ့ကြပြီး (၁၉၄၈)ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးအခမ်းအနားနှင့်အလံတင်ပွဲကိုလည်း ဝန်ကြီးများရုံး၌ကျင်းပခဲ့သည်။
 

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

ရန္ကုန္ၿမိဳ႕၊ ဝန္ႀကီးမ်ား႐ုံးတြင္ လာေရာက္ဖြင့္လွစ္ထားေသာ Spa ကိုပိတ္သိမ္းရန္ De Beau Wellness Centre ကသေဘာတူလိုက္ေၾကာင္း မဂၤလာေတာင္ညြန႔္ၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးထံမွ သိရသည္။ 
၀န္ႀကီးမ်ား႐ုံးတြင္ Spa အပါအဝင္ ေဈးဆိုင္ခန္းမ်ားဖြင့္လွစ္မွုႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အပါအဝင္ ဌာန ၄ ခုတို႔ကိုရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ နိုဝင္ဘာ(၈)ရက္၌ ၾကားနာခဲ့ၿပီးေနာက္ ယင္းကဲ့သို႔သေဘာတူညီခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
“ အဓိကကေတာ့ ဒါနဲ႔ပတ္သက္ၿပီးၾကားနာမႈလုပ္တာေပါ့။ ကၽြန္ေတာ္တို႔ေကာ္မတီက ျပည္သူေတြရဲ႕ ဆႏၵမပါဘူး။ ဒီလိုဖြင့္တာကို လူမႈကြန္ရက္ေပၚမွာလည္းေျပာဆိုေနၾကတဲ့အတြက္ ေနာက္ၿပီး ႏုိင္ငံရဲ႕အထင္ကရ အေဆာက္အဦႀကီးထဲမွာ ဒီလိုဖြင့္တာမသင့္ေလ်ာ္တဲ့အတြက္ ကၽြန္ေတာ္တို႔ဘက္ကကန္႔ကြက္ေၾကာင္း ေျပာတယ္။ အဲဒါနဲ႔ေနာက္ဆံုးမွာေတာ့ သူတိ္ု႔ဘက္ကပိတ္သိမ္းေပးပါမယ္ဆိုၿပီး သေဘာတူလိုက္ပါတယ္။”ဟု မဂၤလာေတာင္ညြန႔္ၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေ႒းက ေျပာသည္။
De Beau Wellness Centre အမည္ရွိ Spa ကိုဝန္ႀကီးမ်ား႐ုံးတြင္ ေအာက္တိုဘာ ၂၆ ရက္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားအၾကား ေ၀ဖန္မႈမ်ားျမင့္တက္လာခဲ့ျခင္းျဖစ္သည္။ 
ဝန္ႀကီးမ်ား႐ုံးအေဆာက္အဦကို (၁၈၈၉)ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး (၁၉၀၅)ခုႏွစ္၌ ၿပီးစီးခဲ့ကာ ေဆာက္လုပ္စဥ္က ေတာင္ဘက္အေဆာက္အဦကိုစတင္ေဆာက္လုပ္ခဲ့ၿပီး (၁၉၀၃)ခုႏွစ္အေရာက္တြင္ အေရွ႕ဘက္၊ အေနာက္ဘက္စသည့္ က်န္အေဆာက္အဦမ်ားကိုဆက္လက္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးမ်ား႐ုံးကိုလြတ္လပ္ေရးေခတ္မတိုင္ခင္က အတြင္းဝန္႐ုံးဟုေခၚေဝၚခဲ့ၾကၿပီး (၁၉၄၈)ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးအခမ္းအနားႏွင့္အလံတင္ပြဲကိုလည္း ဝန္ႀကီးမ်ား႐ုံး၌က်င္းပခဲ့သည္။
 

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။