Skip to main content
ပြည်ခိုင်ဖြိုးပါတီသည်လေပါတီမဟုတ်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ပြော
Ads Block

ပြည်ခိုင်ဖြိုးပါတီသည်လေပါတီမဟုတ်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ပြော

 

ပြည်ခိုင်ဖြိုးပါတီသည် လေပါတီမဟုတ်ဘဲ ပြောထားသည့်အတိုင်းလုပ်ဆောင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 
အကုန်သိသတင်းဌာနမှ နိုဝင်ဘာလ ၈ ရက်၌ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ ရွေးကောက်ပွဲနီးလို့မဲဆွယ်တဲ့ပြောစကားမဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီက ပြောထားတဲ့အတိုင်းပဲလုပ်တယ်။ ပြည်ခိုင်ဖြိုးပါတီက ပြောထားတဲ့အတိုင်းလေထဲမှာလွှင့်သွားတဲ့လေပါတီမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ကျွန်တော်တို့ပါတီက လေပါတီမဟုတ်ဘူးလို့ဒီလိုပဲပြောချင်ပါတယ်။ တောင်သူလယ်သမားဝန်ကြီးဌာန ဖွဲ့စည်းပေးဖို့ဆိုတာ အခုမှထလုပ်တာမဟုတ်ပါဘူး။ အရင်သန်လျင်မြို့နယ်ကို ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီး ကွင်းဆင်းတုန်းက စိတ်ကူးထဲပေါ်လာတာကို ပါတီမူဝါဒအဖြစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ကြာပါပြီ။ ဒါကို ၂၀၂၀ မှာ အမှန်တကယ်နိုင်ခဲ့ရင်ပြောတဲ့အတိုင်းပဲလုပ်မှာပါ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
လက်ရှိတွင် လယ်သမားများသည် စပါးဈေးအခက်ကြုံနေပြီး အစိုးရကလည်း စပါးများဆင်းဝယ်ရန် အခြေခံစပါးဈေးများကို လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်း၊ မြို့ပြနေလူဦးရေ ၃၀ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးကိုအဓိကထားအသက်မွေးဝမ်းကျောင်းပြုရကြောင်း သိရသည်။

 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version

 

ျပည္ခိုင္ၿဖိဳးပါတီသည္ ေလပါတီမဟုတ္ဘဲ ေျပာထားသည့္အတိုင္းလုပ္ေဆာင္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။ 
အကုန္သိသတင္းဌာနမွ ႏုိ၀င္ဘာလ ၈ ရက္၌ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ 
“ ေရြးေကာက္ပြဲနီးလုိ႔မဲဆြယ္တဲ့ေျပာစကားမဟုတ္ပါဘူး။ ျပည္ခုိင္ၿဖဳိးပါတီက ေျပာထားတဲ့အတုိင္းပဲလုပ္တယ္။ ျပည္ခုိင္ၿဖဳိးပါတီက ေျပာထားတဲ့အတုိင္းေလထဲမွာလႊင့္သြားတဲ့ေလပါတီမဟုတ္ပါဘူး။ တစ္နည္းအားျဖင့္ ကြ်န္ေတာ္တုိ႔ပါတီက ေလပါတီမဟုတ္ဘူးလုိ႔ဒီလုိပဲေျပာခ်င္ပါတယ္။ ေတာင္သူလယ္သမား၀န္ႀကီးဌာန ဖြဲ႔စည္းေပးဖုိ႔ဆုိတာ အခုမွထလုပ္တာမဟုတ္ပါဘူး။ အရင္သန္လ်င္ၿမိဳ႕နယ္ကုိ ကြ်န္ေတာ္တုိ႔ပါတီဥကၠ႒ႀကီး ကြင္းဆင္းတုန္းက စိတ္ကူးထဲေပၚလာတာကုိ ပါတီမူ၀ါဒအျဖစ္ခ်မွတ္လုိက္တာျဖစ္ပါတယ္။ၾကာပါၿပီ။ ဒါကုိ ၂၀၂၀ မွာ အမွန္တကယ္ႏုိင္ခဲ့ရင္ေျပာတဲ့အတုိင္းပဲလုပ္မွာပါ” ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။
လက္ရွိတြင္ လယ္သမားမ်ားသည္ စပါးေစ်းအခက္ႀကဳံေနၿပီး အစုိးရကလည္း စပါးမ်ားဆင္း၀ယ္ရန္ အေျခခံစပါးေစ်းမ်ားကုိ လ်ာထားသတ္မွတ္ထားၿပီးျဖစ္ေၾကာင္းသိရသည္။
ျမန္မာႏုိင္ငံတြင္ေက်းလက္ေနလူဦးေရ ၇၀ ရာခုိင္ႏႈန္း၊ ၿမိဳ႕ျပေနလူဦးေရ ၃၀ ရာခုိင္နႈန္းရွိၿပီး တစ္ႏုိင္ငံလုံး၏ ၇၀ ရာခုိင္ႏႈန္းမွာ စုိက္ပ်ိဳးေရးကိုအဓိကထားအသက္ေမြး၀မ္းေက်ာင္းျပဳရေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။