Skip to main content
ကလေးငယ်တွေခေါ်ယူမွေးစားထားရပ်တန့်ထားဦးမယ့် ပရဟိမင်းသမီးခိုင်နှင်းဝေ
Ads Block
ကလေးငယ်တွေခေါ်ယူမွေးစားထားရပ်တန့်ထားဦးမယ့် ပရဟိမင်းသမီးခိုင်နှင်းဝေ
 သရုပ်ဆောင်ခိုင်နှင်းေ၀ က လက်ရှိမှာတော့ ကလေးငယ်တွေခေါ်ယူမွေးစားထားရပ်တန့်ထားပြီး လာမယ့် ၂၀၂၀ မှာဂေဟာဆောက်ပြီး ကလေးတွေကိုထပ်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ အကုန်သိသတင်းဌာနကိုရင်ဖွင့်ပြောပြလာပါတယ်။
ယခုလက်ရှိမှာ ကလေး ၂၈ ဦး ကို တာဝန်ယူစောင့်ရှောက်နေပြီး ရှေ့ဆက် ကျောင်းလိုမျိုးသွားမှသာအဆင်ပြေနိုင်မယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခိုင်နှင်းေ၀ က အကုန်သိသတင်းဌာနကိုပြောပြခဲ့ပါတယ်။ 
“ ခုလက်ရှိဆိုရင် ကလေးတွေကိုပဲ ပိုပြီးဂရုစိုက်ဖြစ်သလို လာမယ့် ၂၀၂၀ ဂေဟာဆောက်ဖို့အားလုံးပြင်ဆင်နေတယ်။  ဒီဂေဟာလေးဆောက်ဖို့အမ ကြိုးစားနေတယ်။ ဂေဟာဆောက်ပြီးရင် ကလေးတွေကိုထပ်လက်ခံလို့ ရပြီကလေးတွေကိုဘာလို့လက်ခံပေးလဲဆိုရင် ကလေးတွေကို ကျောင်းလိုမျိုး နောက်ပိုင်းကျရင် ကျောင်းလိုပုံစံမျိုးသွားမှသာများများကယ်လို့ရမှာဖြစ်ပြီး စောင့်ရှောက်ပေးနိုင်မှာ ။ ကျောင်းဆောက်ဖို့ လုပ်နေတယ်။ ကလေးတွေအားလုံးကိုမိခင်မေတ္တာပေးပေမယ်။မိခင်မေတ္တာပေးတဲ့ အတွက်သားသမီးတွေကျောင်းဆောက်ပြီးလို့ နောက်ထပ် ၅၀၀ ဖြစ်လာလည်း ဒါကိုယ့်ကလေး တွေပဲလေ ။သားသမီးတွေလို့ ခံယူထားလို့သာ မွေးစားတာလေ။  တချို့ လူတွေက မေးကြတယ် ဒီကလေးတွေကို ဘယ်ကခေါ်လာတာလဲ မေးကြတယ် ။အမှန်တော့ဆရာမကြီး ဒေါ်သန်းမြင့်အောင်နဲ့ လည်းရင်ခွင်ပိုက် ကလေးများစောင့်ရှောက် ရေးရင်ခွင့်မဲ့ ကလေးများပပျောက်ရေးမှာအမှုဆောင်ရော အဖွဲ့ဝင်အနေနဲ့ ပါဝင်တယ်။ “ လို့ ပြောပြခဲ့ပါ တယ်။ 
 သရုပ်ဆောင်ခိုင်နှင်းေ၀ က ယခုလက်ရှိမှာကလေးတွေကို ပိုမို ဂရုစိုက်စောင့်ရှောက်ပေးရတဲ့ အတွက် ပရဟိတအလုပ် တွေသိပ်မလုပ်နိုင်တဲ့အပြင် အလှူကြီးတွေမလှူနိုင်ပေမယ့်လည်း တစ်လတစ်ခါတော့ တတ်နိုင် သလောက်လှူတန်းဖြစ်တယ်လို့ ဆက်လက်ပြောကြား ခဲ့ပါတယ်။
အလှူတန်းတွေအမြဲလုပ် ဖြစ်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့လာမယ့် တန်ဆောင်မုန်းလပြည့်နေ့  မှာ နေပြည်တော် မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာကထိန်အလှူအတစ်ခုအနေနဲ့ စည်းကား သိုက်မြိုက်စွာကျင်းပသွားမယ်လို့သိရပါတယ်။
-ကေကေခင် ( အကုန်သိသတင်းဌာန ) 
Zawgyi Version
 သရုပ်ဆောင်ခိုင်နှင်းဝေ က လက်ရှိမှာတော့ ကလေးငယ်တွေခေါ်ယူမွေးစားထားရပ်တန့် ထားပြီး လာမယ့် ၂၀၂၀ မှာဂေဟာဆောက်ပြီး ကလေးတွေကိုထပ်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ အကုန်သိသတင်းဌာနကိုရင်ဖွင့်ပြောပြလာပါတယ်။
ယခုလက်ရှိမှာ ကလေး ၂၈ ဦး ကို တာဝန်ယူစောင့်ရှောက်နေပြီး ရှေ့ဆက် ကျောင်းလိုမျိုးသွားမှသာအဆင်ပြေနိုင်မယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခိုင်နှင်းဝေ က အကုန်သိသတင်းဌာနကိုပြောပြခဲ့ပါတယ်။ 
 သရုပ်ဆောင်ခိုင်နှင်းဝေ က ယခုလက်ရှိမှာကလေးတွေကို ပိုမို ဂရုစိုက်စောင့်ရှောက်ပေးရတဲ့ အတွက် ပရဟိတအလုပ် တွေသိပ်မလုပ်နိုင်တဲ့အပြင် အလှူကြီးတွေမလှူနိုင်ပေမယ့်လည်း တစ်လတစ်ခါတော့ တတ်နိုင် သလောက်လှူတန်းဖြစ်တယ်လို့ ဆက်လက်ပြောကြား ခဲ့ပါတယ်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။