Skip to main content
“ကျွန်တော်တို့ငယ်ရွယ်စဉ်ကာလက နိုင်ငံရေးလုပ်စဉ်ကထောင်ကျမှာလည်းမကြောက်ခဲ့ဘူး” ဟု NLD ပါတီမှ ဦးဉာဏ်ဝင်း ပြော  
Ads Block
“ကျွန်တော်တို့ငယ်ရွယ်စဉ်ကာလက နိုင်ငံရေးလုပ်စဉ်ကထောင်ကျမှာလည်းမကြောက်ခဲ့ဘူး” ဟု NLD ပါတီမှ ဦးဉာဏ်ဝင်း ပြော  
ငယ်စဉ်အခါ နိုင်ငံရေးလုပ်စဉ်က ထောင်ကျမည်ကိုမကြောက်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ(၈)ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ သားသမီးများကို ပညာသင်စရိတ်ထောက်ပံ့ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ ကျွန်တော်တို့ငယ်ရွယ်စဉ်ကာလက နိုင်ငံရေးလုပ်စဉ်ကထောင်ကျမှာလည်းမကြောက်ခဲ့ဘူး။ အပြစ်ပေးမှာလည်းမကြောက်ခဲ့ဘူး။ အဲဒီလိုအရဲစွန့်ပြီးလုပ်ခဲ့လို့လည်း ဒီနေ့ပွဲကသမိုင်းမှတ်တမ်းအနေနဲ့ ကျင်းပခွင့်ရတာပါ။ အခုထောက်ပံ့တဲ့ငွေကြေးကလည်းမလောက်ငှဘူးလို့လည်း မထင်ကြပါနဲ့။ အခုလိုအခမ်းအနားလုပ်ပြီးပေးအပ်နိုင်တာက NLD ရဲ့ နိုင်ငံရေးမှတ်တမ်းကိုဖော်ထုတ်တာ ဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ရာတွင် ကျောင်းသူ/ကျောင်းသား (၉၂)ဦးအား တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဟူ၍ ခွဲကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ(၂၄)ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိသော်လည်း ယင်းကာလကအုပ်ချုပ်နေသော နဝတအစိုးရက အသိအမှတ်မပြုခဲ့ပေ။
ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ် ၄၅ နေရာတွင် ၃၄ နေရာအထိ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းနိုင်သည်အထိ အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 
- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )
Zawgyi Version
ငယ်စဉ်အခါ နိုင်ငံရေးလုပ်စဉ်က ထောင်ကျမည်ကိုမကြောက်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောသည်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။