Skip to main content
ပုဂ္ဂိုလ်ရေးရင်းနှီးမှုရယူပြီး ယုံကြည်မှုတည်ဆောက်ပါက ငြိမ်းချမ်းရေးဖြစ်လာမည်ဟု ဆို 
Ads Block

ပုဂ္ဂိုလ်ရေးရင်းနှီးမှုရယူပြီး ယုံကြည်မှုတည်ဆောက်ပါက ငြိမ်းချမ်းရေးဖြစ်လာမည်ဟု ဆို 

ပုဂ္ဂိုလ်ရေးရင်းနှီးမှုရယူပြီး ယုံကြည်မှုတည်ဆောက်ပါက ငြိမ်းချမ်းရေးဖြစ်လာမည်ဟု  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကအကြံပြုပြောဆိုလိုက်သည်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ အကြံပြုပြောဆိုလိုက်ခြင်းဖြစ်သည်။ 
“ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ကြတဲ့နေရာမှာ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ညှိနှိုင်းပြီးတော့ ဘုံသဘောတူညီချက်တွေ ရယူကြဖို့လိုတယ်။ အဲဒီလိုရယူကြတဲ့နေရာမှာတစ်ဖက်က သူတို့ရဲ့တောင်းဆိုမှုသည် လိုက်လျောနိုင်တဲ့တောင်းဆိုမှုပေါ့။ဒီဘက်ကလည်းတကယ်လိုက်လျောနိုင်တဲ့ဟာကို လက်တွေ့ကျကျပေးနိုင်တဲ့ အနေအထားတွေ၊ ဒီအပေါ်မှာအခြေခံပြီးတော့ လုပ်ဖို့လိုတယ်။ ဒါကကျွန်တော်တို့လက်ထက်မှာတွေလည်း ဒီလိုပဲဆောင်ရွက်ကြတာပေါ့။နောက်ပြီး ကျွန်တော်တို့ပုဂ္ဂိုလ်ရေးရင်းနှီးမှုတွေယူကြရမယ်။ဒါက ယုံကြည်မှုတည်ဆောက်တာပဲလေ။ ယုံကြည်မှုခိုင်မြဲမှသာငြိမ်းချမ်းရေးဆိုတာဖြစ်မှာလေ။ ယုံကြည်ထိုက်အောင်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လက်တွေ့ဘဝတွေမှာအုပ်ချုပ်ရေးပဲဖြစ်ဖြစ်၊ လူမှုရေးစတဲ့ကဏ္ဍပေါင်းစုံမှာ အများယုံကြည်လက်ခံနိုင်တဲ့လုပ်ရပ်ကိုလည်းလုပ်ပြဖို့လိုလိမ့်မယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက ပြောသည်။ 
သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို သမ္မတရုံးဝန်ကြီးဖြစ်သောဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့မှဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့က NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသောမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA ၊TNLA၊ KIO ၊MMNDA၊ KNPP ၊ SSPP စသည်တို့ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

ပုဂၢဳိလ္ေရးရင္းႏွီးမႈရယူၿပီး ယုံၾကည္မႈတည္ေဆာက္ပါက ၿငိမ္းခ်မ္းေရးျဖစ္လာမည္ဟု  ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးကအႀကံျပဳေျပာဆုိလုိက္သည္။
လက္ရွိၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ အၾကံျပဳေျပာဆိုလိုက္ျခင္းျဖစ္သည္။ 
“ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆာင္ရြက္ၾကတဲ့ေနရာမွာ တစ္ဖက္နဲ႔တစ္ဖက္အျပန္အလွန္ညွိနႈိင္းၿပီးေတာ့ ဘုံသေဘာတူညီခ်က္ေတြ ရယူၾကဖုိ႔လုိတယ္။ အဲဒီလုိရယူၾကတဲ့ေနရာမွာတစ္ဖက္က သူတုိ႔ရဲ႔ေတာင္းဆုိမႈသည္ လုိက္ေလ်ာႏုိင္တဲ့ေတာင္းဆုိမႈေပါ့။ဒီဘက္ကလည္းတကယ္လုိက္ေလ်ာႏုိင္တဲ့ဟာကုိ လက္ေတြ႔က်က်ေပးႏုိင္တဲ့ အေနအထားေတြ၊ ဒီအေပၚမွာအေျခခံၿပီးေတာ့ လုပ္ဖုိ႔လုိတယ္။ ဒါကကြ်န္ေတာ္တုိ႔လက္ထက္မွာေတြလည္း ဒီလုိပဲေဆာင္ရြက္ၾကတာေပါ့။ေနာက္ၿပီး ကြ်န္ေတာ္တုိ႔ပုဂၢဳိလ္ေရးရင္းနွီးမႈေတြယူၾကရမယ္။ဒါက ယုံၾကည္မႈတည္ေဆာက္တာပဲေလ။ ယုံၾကည္မႈခုိင္ၿမဲမွသာၿငိမ္းခ်မ္းေရးဆုိတာျဖစ္မွာေလ။ ယုံၾကည္ထုိက္ေအာင္လုိ႔ သက္ဆုိင္ရာတာ၀န္ရွိသူေတြက လက္ေတြ႔ဘ၀ေတြမွာအုပ္ခ်ဳပ္ေရးပဲျဖစ္ျဖစ္၊ လူမႈေရးစတဲ့က႑ေပါင္းစုံမွာ အမ်ားယုံၾကည္လက္ခံႏုိင္တဲ့လုပ္ရပ္ကုိလည္းလုပ္ျပဖုိ႔လုိလိမ့္မယ္’’ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆုိခြင့္ရွိသူဦးသိန္းထြန္းဦးက ေျပာသည္။ 
သမၼတဦးသိန္းစိန္လက္ထက္တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို သမၼတရုံး၀န္ႀကီးျဖစ္ေသာဦးေအာင္မင္းနွင့္ ဦးစုိးသိန္းတုိ႔မွေဆာင္ရြက္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ကုိ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွ လက္မွတ္ေရးထုိးခဲ့သည္။
ထို႔ေနာက္ ၂၀၁၇ ခုႏွစ္၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအစုိးရလက္ထက္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီတုိ႔က NCA သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထုိးခဲ့သည္။
NCA လက္မွတ္ေရးထိုးရန္ က်န္ရွိေနေသာေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ AA ၊TNLA၊ KIO ၊MMNDA၊ KNPP ၊ SSPP စသည္တို႔ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။