Skip to main content
Now and Ever ရုပ်ရှင်ကို ဇာတ်လမ်း၊ ဇာတ်ကွက်တစ်ခုမကျန်ရေးသားဖော်ပြခဲ့သည့်ဂျာနယ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်  
Ads Block

Now and Ever ရုပ်ရှင်ကို ဇာတ်လမ်း၊ ဇာတ်ကွက်တစ်ခုမကျန်ရေးသားဖော်ပြခဲ့သည့်ဂျာနယ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်  

ထာဝရနှောင်ကြိုး Now and Ever ရုံတင်ပြသစဉ်ကာလအတွင်း ဇာတ်လမ်းအစအဆုံးတစ်ခုမကျန် ရေးသားဖော်ပြသည့်ဂျာနယ်တစ်စောင်ကို Central Base Production က ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။ 
New Watch Weekly စောင့်ကြည်သတင်းဂျာနယ်မှ ချစ်မောင်(အဝကျွန်း)အမည်ဖြင့် “ “စိတ်ကူးယဉ်ဆန်သောအချစ်ဇာတ်လမ်းတစ်ပုဒ်” အမည်ဖြင့် ဇာတ်လမ်းဇာတ်ကွက်တစ်ခုမကျန် နိုဝင်ဘာလ ၇ ရက်က ၎င်းတို့၏ ဖေ့ဘုတ်ပေ့ချ်တွင် ဖော်ပြရေးသားထားပြီးCentral Basic Production ကတားမြစ်ခဲ့ရာ ပြန်လည်ဖြုတ်ချပေးခဲ့ကြောင်းကန့်ကွက်စာတွင် ဖော်ပြထားသည်။
ထို့သို့ တားမြစ်သော်လည်း နိုဝင်ဘာလ ၈ ရက်တွင်ထပ်မံပြီး “ စိတ်ကူးယဉ်ဆန်သောအချစ်ဇာတ်လမ်းတစ်ပုဒ်” အမည်ဖြင့် New Watch Weekly ဂျာနယ်တွင် ထပ်မံရေးသားထုတ်ဝေခဲ့ကြောင်းဖော်ပြထားသည်။
“  အဲဒီကန့်ကွက်စာနဲ့ပါတ်သက်ပြီး ကျွန်တော်တော့ မသိသေးပါဘူး” ဟု New Watch Weekly စောင့်ကြည်သတင်းဂျာနယ်မှ ဦးချစ်မောင်က ပြောသည်။
ထာဝရနှောင်ကြိုး Now and Eve rဇာတ်ကားအနေဖြင့် ငွေကြေးအမြောက်အမြားအကုန်အကျခံကာ ရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည့်အတွက် ရုံတင်စဉ်ကာလအတွင်းဇာတ်လမ်းတစ်ခုလုံးအား သတင်းဂျာနယ် တိုက်တစ်ခုအနေဖြင့် ရေးသားဖော်ပြခြင်းသည် ရုံဝင်ငွေသာမက ကြိုးစားပါဝင်လုပ်ဆောင်ကြသော အနုပညာရှင် အတတ်ပညာရှင်များနှင့်ရင်းနှီးမြုပ်နှံသူများကိုပါများစွာထိခိုက်စေကြောင်းကန့်ကွက်စာတွင် ဖော်ပြထားသည်။
ထို့သို့ရေးသားဖော်ပြခြင်းအား သတင်းမီဒီယာများ၏ စောင့်စည်းအပ်သောကျင့်ဝတ်များပျက်ကွင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် Central Base Production ကပြင်းထန်စွာရှုပ်ချကန့်ကွက်ကြောင်းလည်း ဖော်ပြထားသည်။
ထာဝရနှောင်ကြိုး Now and Everရုပ်ရှင်ဇာတ်ကားကြီးသည် ဒါရိုက်တာခရစ်စတီးနားခီ၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီးအဆိုပါဇာတ်ကားကို မြန်မာတစ်နိုင်လုံးတွင် အောက်တိုဘာလ ၃၁ ရက်မှစတင်ပြီး ရုံတင်ပြသနေခြင်းဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

ထာဝရေႏွာင္ႀကိဳး Now and Ever ရုံတင္ျပသစဥ္ကာလအတြင္း ဇာတ္လမ္းအစအဆံုးတစ္ခုမက်န္ ေရးသားေဖာ္ျပသည့္ဂ်ာနယ္တစ္ေစာင္ကို Central Base Production က ျပင္းထန္စြာကန္႔ကြက္ေၾကာင္း ထုတ္ျပန္လိုက္သည္။ 
New Watch Weekly ေစာင့္ၾကည္သတင္းဂ်ာနယ္မွ ခ်စ္ေမာင္(အဝကၽြန္း)အမည္ျဖင့္ “ “စိတ္ကူးယဥ္ဆန္ေသာအခ်စ္ဇာတ္လမ္းတစ္ပုဒ္” အမည္ျဖင့္ ဇာတ္လမ္းဇာတ္ကြက္တစ္ခုမက်န္ ႏုိဝင္ဘာလ ၇ ရက္က ၎တုိ႔၏ ေဖ့ဘုတ္ေပ့ခ်္တြင္ ေဖာ္ျပေရးသားထားၿပီးCentral Basic Production ကတားျမစ္ခဲ့ရာ ျပန္လည္ျဖဳတ္ခ်ေပးခဲ့ေၾကာင္းကန္႔ကြက္စာတြင္ ေဖာ္ျပထားသည္။
ထုိ႔သို႔ တားျမစ္ေသာ္လည္း ႏုိဝင္ဘာလ ၈ ရက္တြင္ထပ္မံၿပီး “ စိတ္ကူးယဥ္ဆန္ေသာအခ်စ္ဇာတ္လမ္းတစ္ပုဒ္” အမည္ျဖင့္ New Watch Weekly ဂ်ာနယ္တြင္ ထပ္မံေရးသားထုတ္ေဝခဲ့ေၾကာင္းေဖာ္ျပထားသည္။
“  အဲဒီကန္႔ကြက္စာနဲ႔ပါတ္သက္ၿပီး ကၽြန္ေတာ္ေတာ့ မသိေသးပါဘူး” ဟု New Watch Weekly ေစာင့္ၾကည္သတင္းဂ်ာနယ္မွ ဦးခ်စ္ေမာင္က ေျပာသည္။
ထာဝရေႏွာင္ႀကိဳး Now and Eve rဇာတ္ကားအေနျဖင့္ ေငြေၾကးအေျမာက္အျမားအကုန္အက်ခံကာ ရင္းႏွီးျမဳပ္ႏွံထားျခင္းျဖစ္သည့္အတြက္ ရုံတင္စဥ္ကာလအတြင္းဇာတ္လမ္းတစ္ခုလံုးအား သတင္းဂ်ာနယ္ တုိက္တစ္ခုအေနျဖင့္ ေရးသားေဖာ္ျပျခင္းသည္ ရုံဝင္ေငြသာမက ႀကိဳးစားပါဝင္လုပ္ေဆာင္ၾကေသာ အႏုပညာရွင္ အတတ္ပညာရွင္မ်ားႏွင့္ရင္းႏွီးျမဳပ္ႏွံသူမ်ားကိုပါမ်ားစြာထိခုိက္ေစေၾကာင္းကန္႔ကြက္စာတြင္ ေဖာ္ျပထားသည္။
ထုိ႔သို႔ေရးသားေဖာ္ျပျခင္းအား သတင္းမီဒီယာမ်ား၏ ေစာင့္စည္းအပ္ေသာက်င့္ဝတ္မ်ားပ်က္ကြင္ေၾကာင္း ရွာေဖြေတြ႔ရွိခဲ့သျဖင့္ Central Base Production ကျပင္းထန္စြာရႈပ္ခ်ကန္႔ကြက္ေၾကာင္းလည္း ေဖာ္ျပထားသည္။
ထာဝရေႏွာင္ႀကိဳး Now and Everရုပ္ရွင္ဇာတ္ကားႀကီးသည္ ဒါရုိက္တာခရစ္စတီးနားခီ၏ တတိယေျမာက္ ရုပ္ရွင္ဇာတ္ကားျဖစ္ၿပီးအဆုိပါဇာတ္ကားကို ျမန္မာတစ္ႏုိင္လံုးတြင္ ေအာက္တုိဘာလ ၃၁ ရက္မွစတင္ၿပီး ရုံတင္ျပသေနျခင္းျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။