Skip to main content
လက်နက်ကိုင်အဖွဲ့များ သံသယဖြစ်စေနိုင်သည့်လှုပ်ရှားမှုမျိုးမလုပ်မိစေရန်ကြိုးစားရမည်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့် 
Ads Block

လက်နက်ကိုင်အဖွဲ့များ သံသယဖြစ်စေနိုင်သည့်လှုပ်ရှားမှုမျိုးမလုပ်မိစေရန်ကြိုးစားရမည်ဟု NLD ပါတီမှ ဒေါက်တာမျိုးညွန့် 

လက်နက်ကိုင်အဖွဲ့များ သံသယဖြစ်စေနိုင်သည့်လှုပ်ရှားမှုမျိုးမလုပ်မိစေရန် ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးချုပ်တွင် နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် နိုင်ငံရေးအကျဉ်း သားများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကူညီပေးအပ်ပွဲတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ ဒီလိုဖမ်းဆီးတာတွေ နှစ်ဖက်လုံးက လုပ်တတ်ပါတယ်။ အဲဒီတော့ အရေးကြီးတာကတော့မလိုအပ်ဘဲနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက သံသယဖြစ်စေနိုင်တဲ့လှုပ်ရှားမှုမျိုး မလုပ်ဖို့တော့ ကျွန်တော်တို့ကြိုးစားရပါမယ်။ သို့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများဘက်ကလည်း ဒီလိုဖမ်းဆီးစစ်ဆေးတယ်ဆိုတာကိုအကြောင်းပြပြီးတော့ မိမိတို့ရဲ့အရှိန်အဝါတက်လာအောင်ခြိမ်းခြောက်တဲ့ သဘောမျိုး၊ မိမိတို့ကိုထောက်ခံလာအောင်ဒီလိုဆောင်ရွက်တာမျိုးတော့မဖြစ်သင့်ဘူးလို့တော့ ကျွန်တော်တို့ ထင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
လက်ရှိတွင် AA အဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ အရပ်သားများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အိန္ဒိယနိုင်ငံသားများကို မသင်္ကာသဖွယ် တွေ့ရှိသည်ဟုဆို ကာ ဖမ်းဆီးထိန်းသိမ်းခြင်းများ ရှိနေကြောင်း သိရသည်။ 
ထိုသို့ဖမ်းဆီးထိန်းသိမ်းထားသူများအား စစ်ဆေးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ရာ လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွဲ၍ အခြားသောအရပ်သားတစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်း နိုဝင်ဘာလ ၆ ရက်စွဲဖြင့် AA အဖွဲ့ကထုတ်ပြန်ထားသည်။

-နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

လက္နက္ကိုင္အဖြဲ႕မ်ား သံသယျဖစ္ေစႏုိင္သည့္လႈပ္ရွားမႈမ်ိဳးမလုပ္မိေစရန္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD)ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီရုံးခ်ဳပ္တြင္ ႏိုဝင္ဘာလ ၈ ရက္က က်င္းပသည့္ ႏုိင္ငံေရးအက်ဥ္း သားမ်ား၏ သားသမီးမ်ားကို ပညာသင္ေထာက္ပံ့ကူညီေပးအပ္ပြဲတြင္ မီဒီယာမ်ား၏ေမးျမန္းမႈအေပၚ ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔ ပဋိပကၡျဖစ္တဲ့ေဒသေတြမွာ ဒီလိုဖမ္းဆီးတာေတြ ႏွစ္ဖက္လုံးက လုပ္တတ္ပါတယ္။ အဲဒီေတာ့ အေရးႀကီးတာကေတာ့မလိုအပ္ဘဲနဲ႔ လက္နက္ကိုင္အဖြဲ႔အစည္းေတြက သံသယျဖစ္ေစႏိုင္တဲ့လႈပ္ရွားမႈမ်ဳိး မလုပ္ဖို႔ေတာ့ ကြ်န္ေတာ္တို႔ႀကိဳးစားရပါမယ္။ သို႔ေသာ္လည္း လက္နက္ကိုင္အဖြဲ႔အစည္းမ်ားဘက္ကလည္း ဒီလိုဖမ္းဆီးစစ္ေဆးတယ္ဆိုတာကိုအေၾကာင္းျပၿပီးေတာ့ မိမိတို႔ရဲ႕အရွိန္အဝါတက္လာေအာင္ၿခိမ္းေၿခာက္တဲ့ သေဘာမ်ဳိး၊ မိမိတို႔ကိုေထာက္ခံလာေအာင္ဒီလိုေဆာင္ရြက္တာမ်ဳိးေတာ့မျဖစ္သင့္ဘူးလို႔ေတာ့ ကြ်န္ေတာ္တို႔ ထင္ပါတယ္” ဟု အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD)ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
လက္ရွိတြင္ AA အဖြဲ႔အေနျဖင့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊ ဝန္ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ အရပ္သားမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ အိႏိၵယႏိုင္ငံသားမ်ားကို မသကၤာသဖြယ္ ေတြ႔ရွိသည္ဟုဆို ကာ ဖမ္းဆီးထိန္းသိမ္းျခင္းမ်ား ရွိေနေၾကာင္း သိရသည္။ 
ထိုသို႔ဖမ္းဆီးထိန္းသိမ္းထားသူမ်ားအား စစ္ေဆးခဲ့ၿပီးေနာက္ ျပန္လည္လႊတ္ေပးခဲ့ရာ လက္ရွိတြင္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းမွလြဲ၍ အျခားေသာအရပ္သားတစ္ဦးတစ္ေယာက္မွ် မရွိေတာ့ေၾကာင္း ႏိုဝင္ဘာလ ၆ ရက္စြဲျဖင့္ AA အဖြဲ႔ကထုတ္ျပန္ထားသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။