Skip to main content
ရင်သား၊တင်သားများ၌ထည့်ထားသော အမျိုးအစားမကောင်းသည့်ဆီလီကွန်များပေါက်ပြဲသွားပါက ရေရှည်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်
Ads Block

ရင်သား၊တင်သားများ၌ထည့်ထားသော အမျိုးအစားမကောင်းသည့်ဆီလီကွန်များပေါက်ပြဲသွားပါက ရေရှည်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်

ရင်သား၊ တင်သားများတွင်ထည့်သွင်းထားသောအမျိုးအစားမကောင်းသည့်ဆီလီကွန်များပေါက်ပြဲသွားပါက ၎င်းအရည်များသည်နှစ်ကာလကြာရှည်ပါကကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်း အထွေထွေသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောသည်။

ရင်သား၊တင်သားများ၌ထည့်ထားသော အမျိုးအစားမကောင်းသည့်ဆီလီကွန်များပေါက်ပြဲသွားပါက ရေရှည်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်​    ​​    ​​    ​​    ​​    ​


အကုန်သိသတင်းဌာနနှင့် နိုဝင်ဘာလ ၈ ရက်၌ သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ဆီလီကွန်ရဲ့ပြဿနာကဘာလဲဆိုတော့ သူ့ကိုကိုင်တွယ်ဖိနှိပ်မှုများတဲ့အခါမှာအမျိုးအစားမကောင်းတဲ့ ဆီလီကွန်အမျိုးအစားဆိုရင် ပေါက်သွားနိုင်တယ်။ ပေါက်သွားလို့ရှိရင်တော့ထွက်လာသည့် ဂျယ်လီလိုအရည်တွေသည် ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိသော တစ်သျူးတွေကိုရီတေးရှင်းသွားပြီး နိုးဆွပေးတဲ့အခါမှာ သူ့မှာနာကျင်ရောင်ရမ်းခြင်း ဒီလိုလက္ခဏာလေးတွေဖြစ်လာနိုင်တယ်။ ရေရှည်အတွက်ဆိုရင်တော့ဆိုးကျိုးလေးတွေများလာနိုင်တယ်။ သူ့ဂျယ်လီအရည်တွေက နှစ်နဲ့ချီရှိလာတယ်။ ပွတ်တိုက်မှုတွေရှိလာရင်တော့ အခန့်မသင့်ရင်ကင်ဆာရောဂါကိုပြောင်းလာနိုင်တယ်လို့ သိအိုရီအရ ပြောကြတာပေါ့’’ဟု အထွေထွေသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောသည်။
သုတေသနတွေ့ရှိချက်အရ ခန္ဓာကိုယ်အတွင်းထည့်သွင်းထားသောဆီလီကွန်များပေါက်ပြဲပါက ၎င်းအရည်များတွင်ကင်ဆာဖြစ်ပွားနိုင်ပြီး ဖြစ်ပွားသူ ၉ ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆီလီကွန်များကိုထိုင်းနိုင်ငံတွင်အများဆုံး သွားရောက်ခွဲစိတ်၍ထည့်သွင်းမှုများရှိပြီး အလှအပရေးရာ ကိစ္စရပ်များအတွက် အသုံးပြုကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

ရင္သား၊ တင္သားမ်ားတြင္ထည့္သြင္းထားေသာအမ်ိဳးအစားမေကာင္းသည့္ဆီလီကြန္မ်ားေပါက္ၿပဲသြားပါက ၄င္းအရည္မ်ားသည္ႏွစ္ကာလၾကာရွည္ပါကကင္ဆာေရာဂါျဖစ္ပြားႏုိင္ေၾကာင္း အေထြေထြသမားေတာ္ ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္ကေျပာသည္။
အကုန္သိသတင္းဌာနႏွင့္ ႏုိ၀င္ဘာလ ၈ ရက္၌ သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 
“ဆီလီကြန္ရဲ႔ျပႆနာကဘာလဲဆုိေတာ့ သူ႔ကုိကုိင္တြယ္ဖိႏွိပ္မႈမ်ားတဲ့အခါမွာအမ်ိဳးအစားမေကာင္းတဲ့ ဆီလီကြန္အမ်ိဳးအစားဆုိရင္ ေပါက္သြားႏုိင္တယ္။ ေပါက္သြားလုိ႔ရွိရင္ေတာ့ထြက္လာသည့္ ဂ်ယ္လီလုိအရည္ေတြသည္ ကုိယ္ရဲ႕ပတ္၀န္းက်င္မွာရွိေသာ တစ္သ်ဴးေတြကုိရီေတးရွင္းသြားၿပီး ႏုိးဆြေပးတဲ့အခါမွာ သူ႔မွာနာက်င္ေရာင္ရမ္းျခင္း ဒီလုိလကၡဏာေလးေတြျဖစ္လာႏုိင္တယ္။ ေရရွည္အတြက္ဆုိရင္ေတာ့ဆုိးက်ိဳးေလးေတြမ်ားလာႏုိင္တယ္။ သူ႔ဂ်ယ္လီအရည္ေတြက ႏွစ္နဲ႔ခ်ီရွိလာတယ္။ ပြတ္တုိက္မႈေတြရွိလာရင္ေတာ့ အခန္႔မသင့္ရင္ကင္ဆာေရာဂါကုိေျပာင္းလာႏုိင္တယ္လုိ႔ သိအုိရီအရ ေျပာၾကတာေပါ့’’ဟု အေထြေထြသမားေတာ္ ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္ကေျပာသည္။
သုေတသနေတြ႔ရွိခ်က္အရ ခႏၶာကုိယ္အတြင္းထည့္သြင္းထားေသာဆီလီကြန္မ်ားေပါက္ၿပဲပါက ၄င္းအရည္မ်ားတြင္ကင္ဆာျဖစ္ပြားႏုိင္ၿပီး ျဖစ္ပြားသူ ၉ ဦးကုိေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးအဖြဲ႔မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ဆီလီကြန္မ်ားကုိထုိင္းႏုိင္ငံတြင္အမ်ားဆံုး သြားေရာက္ခြဲစိတ္၍ထည့္သြင္းမႈမ်ားရွိၿပီး အလွအပေရးရာ ကိစၥရပ္မ်ားအတြက္ အသုံးျပဳေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။