Skip to main content
သထုံမြို့နယ်မှ အ.ထ.ကကျောင်းလျှောက်လမ်းဝရံတာပြိုကျရာ ကျောင်းသား/သူ ၁၉ ဦးဒဏ်ရာရရှိ
Ads Block

သထုံမြို့နယ်မှ အ.ထ.ကကျောင်းလျှောက်လမ်းဝရံတာပြိုကျရာ ကျောင်းသား/သူ ၁၉ ဦးဒဏ်ရာရရှိ

 

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အ.ထ.ကကျောင်းလျှောက်လမ်းဝရံတာပြိုကျရာ ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးဒဏ်ရာရှိခဲ့ကြောင်း သုဝဏ္ဏဝတီလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာရှိအ.ထ.က (မရမ်းကုန်း)ကျောင်း၌ ယနေ့(နိုဝင်ဘာလ ၈ ရက်)၊ နေ့လယ် ၃ နာရီခန့်တွင် ဆရာမအပြောင်းအရွှေ့ရှိသဖြင့်မိတ်ဆက်ပွဲကျင်းပနေစဉ် ကျောင်းလျှောက်လမ်းဝရံတာ ပြိုကျခဲ့ကြောင်းသိရသည်။
“ကျောင်းက ၂ ထပ်ဆောင်ပါ။ အဆောင်တွေကလည်းနည်းနည်းအိုနေပြီ။ ဒီနေ့ကဆရာမ ၃ ဦး အပြောင်းအရွှေ့လုပ်ပြီး မိတ်ဆက်ပွဲကျင်းပတဲ့အချိန်မှာပြိုကျသွားလို့သိရပါတယ်။ ကျောင်းသားကျောင်းသူ ၁၉ ဦး ထိခိုက်ဒဏ်ရာရသွားတယ်။ အသေအပျောက်တော့မရှိဘူးလို့သိရတယ်။ အခုဒဏ်ရာရတဲ့ကလေးတွေကို ကျွန်တော်တို့ သထုံဆေးရုံကိုလိုက်ပို့နေပါတယ်”ဟု သုဝဏ္ဏဝတီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါကျောင်းပြိုကျမှုဖြစ်စဉ်ကြောင့် ထခိုက်ဒဏ်ရာရရှိခဲ့သောကျောင်းသား၊ကျောင်းသူများမှာ ၉ တန်းမှ  ၁၇ ဦး၊ ၁၀ တန်းမှ ၂ ဦးစုစုပေါင်း ၁၉ ဦးရှိကာ လက်ရှိတွင် သထုံမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

-  ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ- ZIN MOE(FACE BOOK)

Zawgyi Version

 

မြန္ျပည္နယ္၊ သထုံၿမဳိ႕နယ္ရွိ အ.ထ.ကေက်ာင္းေလွ်ာက္လမ္း၀ရံတာၿပဳိက်ရာ ေက်ာင္းသား၊ ေက်ာင္းသူ ၁၉ ဦးဒဏ္ရာရွိခဲ့ေၾကာင္း သု၀ဏၰ၀တီလူမႈကူညီေရးအသင္းမွ သိရသည္။
ျဖစ္စဥ္မွာ သထုံၿမဳိ႕နယ္၊ မရမ္းကုန္းေက်းရြာရွိအ.ထ.က (မရမ္းကုန္း)ေက်ာင္း၌ ယေန႔(ႏုိ၀င္ဘာလ ၈ ရက္)၊ ေန႔လယ္ ၃ နာရီခန္႔တြင္ ဆရာမအေျပာင္းအေရႊ႕ရွိသျဖင့္မိတ္ဆက္ပြဲက်င္းပေနစဥ္ ေက်ာင္းေလွ်ာက္လမ္း၀ရံတာ ၿပိဳက်ခဲ့ေၾကာင္းသိရသည္။
“ေက်ာင္းက ၂ ထပ္ေဆာင္ပါ။ အေဆာင္ေတြကလည္းနည္းနည္းအုိေနၿပီ။ ဒီေန႔ကဆရာမ ၃ ဦး အေျပာင္းအေရႊ႕လုပ္ၿပီး မိတ္ဆက္ပြဲက်င္းပတဲ့အခ်ိန္မွာၿပိဳက်သြားလုိ႔သိရပါတယ္။ ေက်ာင္းသားေက်ာင္းသူ ၁၉ ဦး ထိခုိက္ဒဏ္ရာရသြားတယ္။ အေသအေပ်ာက္ေတာ့မရွိဘူးလုိ႔သိရတယ္။ အခုဒဏ္ရာရတဲ့ကေလးေတြကုိ ကြ်န္ေတာ္တုိ႔ သထုံေဆးရုံကုိလုိက္ပုိ႔ေနပါတယ္”ဟု သု၀ဏၰ၀တီလူမႈကူညီေရးအသင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ 
အဆုိပါေက်ာင္းၿပိဳက်မႈျဖစ္စဥ္ေၾကာင့္ ထခုိက္ဒဏ္ရာရရွိခဲ့ေသာေက်ာင္းသား၊ေက်ာင္းသူမ်ားမွာ ၉ တန္းမွ  ၁၇ ဦး၊ ၁၀ တန္းမွ ၂ ဦးစုစုေပါင္း ၁၉ ဦးရွိကာ လက္ရွိတြင္ သထုံၿမဳိ႕ျပည္သူ႔ေဆးရုံႀကီးသုိ႔ပုိ႔ေဆာင္ထားေၾကာင္း သိရသည္။

- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ- ZIN MOE(FACE BOOK)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။