Skip to main content
လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရဟု ဆို 
Ads Block

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရဟု ဆို 

 

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူသာမက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရဟု ဆို 


ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ (၈)ရက်ကကျင်းပသည့် နိုင်ငံရေးအကျဉ်သားဟောင်းများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရင် ဒုက္ခရောက်မှာပါပဲ။ အဲဒီတော့ ပြည်သူနဲ့တစ်သားတည်းရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်းဒုက္ခရောက်ကြရတာပဲ။ ပြည်သူတွေကြားထဲမှာ သွားလာလှုပ်ရှားနေရင် အန္တရာယ်ရှိမယ်ဆိုတာဒါကတော့သဘာဝပါပဲ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
Facebook ပေါ်တွင် ပျံ့နှံ့နေသည့် AA အဖွဲ့၏ထုတ်ပြန်ချက်တွင် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်တစ်မျိုးသားလုံး၏ လုံခြုံရေးနှင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်မှု ရှိ/မရှိ သိရှိစေရန်ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ရာ ဦးဝှေ့တင်းသည် တပ်မတော်အား မိမိတို့သတင်းများပေးခြင်း၊ မိမိတို့ရခိုင်ဒေသအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို မိမိတို့အား အသိမပေးဘဲ ပြုလုပ်စေခဲ့ခြင်းဖြင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်ခဲ့ခြင်းများရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဒဏ်ကြေးငွေသိန်း ၃၀၀၀ ဖြင့် လာရောက်ရွေးယူရန်နှင့် မရွေးယူပါက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 
AA အဖွဲ့အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဆုထူးစံကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီမှ ဝန်ထမ်း ၉ ဦးအား လည်းကောင်း၊ ရွှေပြည်သစ် Express ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများထဲမှ စစ်ဆေးရန်ခေါ်ထားခဲ့သူ များအနက် ၁၂ ဦးအားလည်းကောင်း၊ ရွှေနဒီအမြန်ရေယာဉ်ပေါ်၌ လိုက်ပါလာသော ခရီးသည်များအနက် ၂၅ ဦးကိုလည်းကောင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယင်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားမှုတွင် ရွှေပြည်သစ် Express ယာဉ်ပေါ်မှ စစ်ဆေးရန်ခေါ်ယူ ထားခဲ့သူများအနက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းမှလွဲ၍ အခြားသောအရပ်သားသုံ့ပန်း တစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်းလည်း ဖော်ပြထားသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန)

Zawgyi Version

 

လက္နက္ကိုင္ပဋိပကၡျဖစ္ပါက ျပည္သူသာမက ျပည္သူႏွင့္တစ္သားတည္းရွိေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားလည္း ဒုကၡေရာက္ၾကရေၾကာင္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီရုံးခ်ဳပ္တြင္ ႏို၀င္ဘာလ (၈)ရက္ကက်င္းပသည့္ ႏုိင္ငံေရးအက်ဥ္သားေဟာင္းမ်ား၏ သားသမီးမ်ားကိုပညာသင္ေထာက္ပံ့ေၾကးေပးအပ္ပြဲတြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔ေျပာခ်င္တာကေတာ့ ျပည္သူေတြမွာ လက္နက္ကိုင္ပဋိပကၡျဖစ္ရင္ ဒုကၡေရာက္မွာပါပဲ။ အဲဒီေတာ့ ျပည္သူနဲ႔တစ္သားတည္းရွိတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္းဒုကၡေရာက္ၾကရတာပဲ။ ျပည္သူေတြၾကားထဲမွာ သြားလာလႈပ္ရွားေနရင္ အႏၱရာယ္ရွိမယ္ဆိုတာဒါကေတာ့သဘာဝပါပဲ” ဟု NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
Facebook ေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ AA အဖြဲ႔၏ထုတ္ျပန္ခ်က္တြင္ NLD အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအား ရခိုင္တစ္မ်ဳိးသားလုံး၏ လုံျခံဳေရးႏွင့္ ရခိုင္ျပည္သူလူထုအက်ဳိးစီးပြားအေပၚ သစၥာေဖာက္ဖ်က္မႈ ရွိ/မရွိ သိရွိေစရန္ေခတၱေခၚယူထိန္းသိမ္းထားၿပီး စစ္ေဆးခဲ့ရာ ဦးေဝွ႔တင္းသည္ တပ္မေတာ္အား မိမိတို႔သတင္းမ်ားေပးျခင္း၊ မိမိတို႔ရခိုင္ေဒသအတြင္း ရင္းႏွီးျမွပ္ႏွံမႈလုပ္ငန္းမ်ားကို မိမိတို႔အား အသိမေပးဘဲ ျပဳလုပ္ေစခဲ့ျခင္းျဖင့္ ရခိုင္ျပည္သူလူထုအက်ဳိးစီးပြားအေပၚ သစၥာေဖာက္ဖ်က္ခဲ့ျခင္းမ်ားရွိခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။
ထို႔ေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအား ဒဏ္ေၾကးေငြသိန္း ၃၀၀၀ ျဖင့္ လာေရာက္ေရြးယူရန္ႏွင့္ မေရြးယူပါက လိုအပ္သည့္အေရးယူမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။ 
AA အဖြဲ႔အေနျဖင့္ ဖမ္းဆီးထိန္းသိမ္းထားေသာ ဆုထူးစံကုမၸဏီႏွင့္ နန္းမွန္သစၥာကုမၸဏီမွ ဝန္ထမ္း ၉ ဦးအား လည္းေကာင္း၊ ေရႊျပည္သစ္ Express ယာဥ္ေပၚတြင္ စီးနင္းလိုက္ပါလာသူမ်ားထဲမွ စစ္ေဆးရန္ေခၚထားခဲ့သူ မ်ားအနက္ ၁၂ ဦးအားလည္းေကာင္း၊ ေရႊနဒီအျမန္ေရယာဥ္ေပၚ၌ လိုက္ပါလာေသာ ခရီးသည္မ်ားအနက္ ၂၅ ဦးကိုလည္းေကာင္း ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ယင္းတို႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ ႏိုဝင္ဘာလ ၆ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ထားမႈတြင္ ေရႊျပည္သစ္ Express ယာဥ္ေပၚမွ စစ္ေဆးရန္ေခၚယူ ထားခဲ့သူမ်ားအနက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ဝင္ ၁၈ ဦးအား ျပန္လည္လႊတ္ေပးခဲ့ၿပီး အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္းမွလြဲ၍ အျခားေသာအရပ္သားသုံ႔ပန္း တစ္ဦးတစ္ေယာက္မွ် မရွိေတာ့ေၾကာင္းလည္း ေဖာ္ျပထားသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။