Skip to main content
ဘာကီနာဖာဆိုတွင် ကနေဒါသတ္ထုမိုင်း လုပ်သားများတင်ဆောင်လာသော ဖယ်ရီယာဉ်တန်း ခြုံခို တိုက်ခိုက်ခံရကာ လူ ၄၀ ခန့် သေဆုံး 
Ads Block
ဘာကီနာဖာဆိုတွင် ကနေဒါသတ္ထုမိုင်း လုပ်သားများတင်ဆောင်လာသော ဖယ်ရီယာဉ်တန်း ခြုံခို တိုက်ခိုက်ခံရကာ လူ ၄၀ ခန့် သေဆုံး 
ဘာကီနာဖာဆိုနိုင်ငံမှာ ကနေဒါ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ သတ္တုမိုင်းတစ်ခုအနီး အလုပ်သမား ရာချီပါလာတဲ့ ဖယ်ရီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ ယင်း သေဆုံးသူတွေထဲမှာ ၎င်းတို့ဝန်ထမ်း ၁၉ ဦး ပါဝင်ခဲ့ကြောင်း သြစတြေးလျ သတ္ထုမိုင်း ဝန်ဆောင်မှုကုမ္ပဏီ Perenti Global Ltd PRN.AX က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ 
ဘာကီနာဖာဆိုတွင် ကနေဒါသတ္ထုမိုင်း လုပ်သားများတင်ဆောင်လာသော ဖယ်ရီယာဉ်တန်း ခြုံခို တိုက်ခိုက်ခံရကာ လူ ၄၀ ခန့် သေဆုံး 
ဗုဒ္ဒဟူးနေ့က စစ်တပ်စောင့်ရှောက်လိုက်ပါလာတဲ့ အလုပ်သမား ဖယ်ရီဘတ်စ် ငါးစီးဟာ နိုင်ငံ အရှေ့ပိုင်း အက်စ်ပြည်နယ်က ဘောင်ဂူ ရွှေသတ္ထုမိုင်းသို့ သွားနေတဲ့လမ်းကြောင်းမှာ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ကနေဒါ ရွှေသတ္ထုမိုင်း ကုမ္ပဏီ Semafo Inc (SME.TO) က ပြောဆိုပါတယ်။ ယင်း တိုက်ခိုက်မှုအတွင်း လူ ၃၇ ဦးထက်မနည်း သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရ ခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံတင်ထားရသူတွေထဲမှာ ၎င်းတို့ ဝန်ထမ်း ၂၀ ဦး ပါဝင်ကြောင်းလည်း Perenti ကုမ္ပဏီက ပြောပါတယ်။ 
ဘောင်ဂူမိုင်းမှာ အလုပ်လုပ်ဖို့အတွက် ၎င်းတို့ရဲ့ လက်ခွဲဖြစ်တဲ့ အာဖရိက သတ္ထုမိုင်း ဝန်ဆောင်မှုဌာနကနေ Semafo ကုမ္ပဏီက ငှားရမ်းထားတဲ့ ဝန်ထမ်းတွေ သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း Perenti က ပြောဆိုပါတယ်။ 
ယခုဖြစ်စဉ်အတွင်း ဘတ်စ်ကားတွေပေါ်မှာ အလုပ်သမား ဘယ်လောက်အရေအတွက် ပါခဲ့တယ်၊ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာနဲ့ ပျောက်ဆုံးနေသူ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုရဲ့ အပြောအရတော့ ယခုတိုင် လူ ဒါဇင်ချီ ပျောက်ဆုံးနေသေးကြောင်း သိရပါတယ်။ 
ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဘယ်အဖွဲ့အစည်းဆိုတာလည်း မသိရသေးပါဘူး။ သို့ပေမယ့် ဘာကီနာဖာဆိုနိုင်ငံဟာ ၎င်းရဲ့ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဝေးလံသီခေါင်ဒေသတွေမှာ အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခက်ခက်ခဲခဲ နှိမ်နင်းနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 
- ကိုလင်း ( အကုန်သိ သတင်းဌာန)  | Ref : Reuters 
Zawgyi Version
ဘာကီနာဖာဆိုနိုင်ငံမှာ ကနေဒါ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ သတ္တုမိုင်းတစ်ခုအနီး အလုပ်သမား ရာချီပါလာတဲ့ ဖယ်ရီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးကြောင်းနဲ့ ယင်း သေဆုံးသူတွေထဲမှာ ၄င်းတို့ ဝန်ထမ်း ၁၉ ဦး ပါဝင်ခဲ့ကြောင်း သြစတြေးလျ သတ္ထုမိုင်း ၀န်ဆောင်မှုကုမ္ပဏီ Perenti Global Ltd PRN.AX က သောကြာနေ့ မှာ ထုတ်ပြန်ပါတယ်။ 
ဘောင်ဂူမိုင်းမှာ အလုပ်လုပ်ဖို့ အတွက် ၄င်းတို့ ရဲ့ လက်ခွဲဖြစ်တဲ့ အာဖရိက သတ္ထုမိုင်း ၀န်ဆောင်မှုဌာနကနေ Semafo ကုမ္ပဏီက ငှားရမ်းထားတဲ့ ၀န်ထမ်းတွေ သေဆုံး ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း Perenti က ပြောဆိုပါတယ်။ 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။