Skip to main content
 မြောက်ကိုရီးယားနှင့် ဂျပန်စစ်ဖြစ်လျှင် တောင်ကိုရီးယားအများစုတို့ ကင်ဂျုံအန်ဘက်မှ ထောက်ခံမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူတွေ့ရှိ
Ads Block

 မြောက်ကိုရီးယားနှင့် ဂျပန်စစ်ဖြစ်လျှင် တောင်ကိုရီးယားအများစုတို့ ကင်ဂျုံအန်ဘက်မှ ထောက်ခံမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူတွေ့ရှိ

တုန်လှုပ်ဖွယ်သတင်းများထွက်ပေါ်လေ့ရှိသည့် ကိုရီးယားကျွန်းဆွယ်တွင် ယခုနောက်ဆုံးကောက်ယူခဲ့သည့် စစ်တမ်းများအရ အကယ်၍ မြောက်ကိုရီးယားနှင့် ဂျပန်တို့စစ်ဖြစ်လျှင် တောင်ကိုရီးယားအများစုတို့က အိမ်နီချင်း ကင်ဂျုံအန်ဘက်မှ ရပ်တည်ထောက်ခံမည်ဖြစ်ကြောင်း ရလာဒ်တွေ့ရှိရသည်ဟု Russia Today က ရေးသားသည်။

 မြောက်ကိုရီးယားနှင့် ဂျပန်စစ်ဖြစ်လျှင် တောင်ကိုရီးယားအများစုတို့ ကင်ဂျုံအန်ဘက်မှ ထောက်ခံမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူတွေ့ရှိ


“ အရှေ့မြောက်အာရှဒေသအခြေအနေနှင့် တောင်ကိုရီးယားနိုင်ငံသားတို့အမြင် ” ဟု အမည်ပေးထားသည့် အဆိုပါစစ်တမ်းမှာ ကွင်းဆင်းကောက်ယူခြင်းရလာဒ်များကို အခြေခံထားခြင်းဖြစ်သည်။ မြောက်ကိုရီးယားဘက်မှ နေမည်ဟု အဖြေပေးသူ တောင်ကိုရီးယား ၄၅.၅ ရာခိုင်နှုန်းရှိသည်။ ၁၅.၁ ရာနှုန်းက ဂျပန်ဘက်မှနေမည်ဟု အဖြေပေးကြပြီး ဆုံးဖြတ်ခြင်းမပြုသူ ၃၉.၄ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
အဆိုပါ စစ်တမ်းကို တောင်ကိုရီးယားအစိုးရ၏ အထောက်အပံ့ဖြင့် လီရှန်းစင်ဦးဆောင်သည့် အဖွဲ့အစည်းက ပူးပေါင်းပါဝင်သူ လူ ၁,၀၀၀ ခန့်တို့ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တမ်းတွေ့ရှိချက်ကို ဗုဒ္ဓဟူးနေ့ “ အမျိုးသားပေါင်းစည်းမှု ၁၁  ကြိမ်မြောက် နှစ်ပတ်လည်ငြိမ်းချမ်းရေးဖိုရမ် “ တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းပထဝီနိုင်ငံရေးအတိုင်း ကာလကြာရှည်စွာ နေထိုင်ခဲ့ကြသူများသည် သီးခြားကိုရီးယားနှစ်နိုင်ငံအဖြစ် ကွဲပြားနေကြသော်လည်း ပြင်းထန်သော သက်ရောက်မှုအတွက် တုံ့ပြန်ရန် အဖြေပေးရသည့်အခါ နိုင်ငံရေးဆိုင်ရာနှီးနွယ်မှုရှိပုံမရကြောင်း စစ်တမ်းက ဖော်ပြလျှက်ရှိသည်။
လက်ရှိ ကိုရီးယားနှစ်နိုင်ငံစလုံးသည် ၂၀ ရာစု ပထမထက်ဝက်နှစ်ကာလများတွင် ဂျပန်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ကြရသည်။ ဂျပန်စစ်ရှုံးသည့် ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ စစ်အေးခေတ် စတင်ခြင်းက တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအဖြစ် ကွဲပြားသွားစေသည်။
၃ နှစ်ကြာမြင့်ခဲ့သည် ကိုရီးယားစစ်ပွဲသည် တရားဝင်ပြီးဆုံးသည်ဟု မည်သည့်အခါမျှ မရှိခဲ့ချေ။ သို့သော် လွန်ခဲ့သည့် အင်္ဂါနေ့တွင် အဖွဲ့ဝင် ၇၁ ဦးပါ တောင်ကိုရီးယားအမျိုးသားညီလာခံက တောင်မြောက် နှစ်နိုင်ငံအကြား ရန်လိုမှုကို တရားဝင်အဆုံးသတ်ရေး တောင်းဆိုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်နှင့်အတူ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ ၃ ကြိမ်တက်ရောက်ဖူးသည်။ ဒေါ်နယ်ထရမ့်နှင့် ကိုရီးယားနယ်ခြား သမိုင်းဝင် ဖြတ်ကျော်ခြင်း အပါအဝင် ၃ ကြိမ်တွေ့ဆုံခဲ့သည်။
တောင်ကိုရီးယားတို့အနေဖြင့် မြောက်ကိုရီးယာတို့မှာ ပြဿနာ မီးခွက်ထွန်းရှာတတ်သူ မိသားစု၏ တစ်မိပေါက် တစ်ယောက်ထွန်းများအဖြစ် ရှုမြင်ကြသည်။ ထိုသို့ မုန်းတီးနေသော်လည်း မြောက်ကိုရီးယားတို့အား တိုင်းတစ်ပါးက စော်ကားလျှင် မခံမရပ်နိုင်စိတ် တစ်ပြိုင်တည်း ဖြစ်နေတတ်ကြသည်။
လောလောဆယ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ကာနီးတွင် မြောက်ကိုရီးယား အနေနှင့် ဂျပန်က ပြင်းထန်စွာရှုတ်ချသော ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းများ ဆက်လက် ပြုလုပ်နေသည်။
လတ်တလောတွင်မူ ဂျပန်ပိုင်နက်ပင်လယ်ပြင်အတွင်းထိ ရောက်ရှိလာသော ဒုံးကျည်စမ်းသပ်ခြင်းကို မှတ်ချက် ပေးသည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား မြောက်ကိုရီးယားက တုံ့ပြန်ထိုးနှက်ချေပခြင်းဖြင့် တင်းမာမှုအရှိန်မြင့်တက် လျှက်ရှိသည်။

- Htay Oung (အကုန်သိ သတင်းဌာန)

Zawgyi Version

 

တုန္လွဳပ္ဖြယ္သတင္းမ်ားထြက္ေပၚေလ့ရွိသည့္ ကိုရီးယားကၽြန္းဆြယ္တြင္ ယခုေနာက္ဆံုးေကာက္ယူခဲ့သည့္ စစ္တမ္းမ်ားအရ အကယ္၍ ေျမာက္ကိုရီးယားႏွင့္ ဂ်ပန္တို႔စစ္ျဖစ္လွ်င္ ေတာင္ကိုရီးယားအမ်ားစုတို႔က အိမ္နီခ်င္း ကင္ဂ်ံဳအန္ဘက္မွ ရပ္တည္ေထာက္ခံမည္ျဖစ္ေၾကာင္း ရလာဒ္ေတြ႔ရွိရသည္ဟု Russia Today က ေရးသားသည္။
“ အေရွ႔ေျမာက္အာရွေဒသအေျခအေနႏွင့္ ေတာင္ကိုရီးယားႏိုင္ငံသားတို႔အျမင္ ” ဟု အမည္ေပးထားသည့္ အဆိုပါစစ္တမ္းမွာ ကြင္းဆင္းေကာက္ယူျခင္းရလာဒ္မ်ားကို အေျခခံထားျခင္းျဖစ္သည္။ ေျမာက္ကိုရီးယားဘက္မွ ေနမည္ဟု အေျဖေပးသူ ေတာင္ကိုရီးယား ၄၅.၅ ရာခိုင္ႏွဳန္းရွိသည္။ ၁၅.၁ ရာႏွဳန္းက ဂ်ပန္ဘက္မွေနမည္ဟု အေျဖေပးၾကျပီး ဆံုးျဖတ္ျခင္းမျပဳသူ ၃၉.၄ ရာခိုင္ႏွဳန္းရွိသည္ဟု ဆိုသည္။
အဆိုပါ စစ္တမ္းကို ေတာင္ကိုရီးယားအစိုးရ၏ အေထာက္အပံ့ျဖင့္ လီရွန္းစင္ဦးေဆာင္သည့္ အဖြဲ႔အစည္းက ပူးေပါင္းပါ၀င္သူ လူ ၁,၀၀၀ ခန္႔တို႔ျဖင့္ ၂၀၁၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း စစ္တမ္းေကာက္ယူ ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
စစ္တမ္းေတြ႔ရွိခ်က္ကို ဗုဒၶဟူးေန႔ “ အမ်ိဳးသားေပါင္းစည္းမွဳ ၁၁  ၾကိမ္ေျမာက္ ႏွစ္ပတ္လည္ျငိမ္းခ်မ္းေရးဖိုရမ္ “ တြင္ တင္သြင္းခဲ့ျခင္းျဖစ္သည္။ ေဒသတြင္းပထ၀ီႏိုင္ငံေရးအတိုင္း ကာလၾကာရွည္စြာ ေနထိုင္ခဲ့ၾကသူမ်ားသည္ သီးျခားကိုရီးယားႏွစ္ႏိုင္ငံအျဖစ္ ကြဲျပားေနၾကေသာ္လည္း ျပင္းထန္ေသာ သက္ေရာက္မွဳအတြက္ တုံ႔ျပန္ရန္ အေျဖေပးရသည့္အခါ ႏိုင္ငံေရးဆိုင္ရာႏွီးႏြယ္မွဳရွိပံုမရေၾကာင္း စစ္တမ္းက ေဖာ္ျပလွ်က္ရွိသည္။
လက္ရွိ ကိုရီးယားႏွစ္ႏိုင္ငံစလံုးသည္ ၂၀ ရာစု ပထမထက္၀က္ႏွစ္ကာလမ်ားတြင္ ဂ်ပန္၏ သိမ္းပိုက္ျခင္းကို ခံခဲ့ၾကရသည္။ ဂ်ပန္စစ္ရွံဳးသည့္ ၁၉၄၅ ဒုတိယကမၻာစစ္ျပီးဆံုး၍ စစ္ေအးေခတ္ စတင္ျခင္းက ေတာင္-ေျမာက္ ကိုရီးယားႏွစ္ႏိုင္ငံအျဖစ္ ကြဲျပားသြားေစသည္။
၃ ႏွစ္ၾကာျမင့္ခဲ့သည္ ကိုရီးယားစစ္ပြဲသည္ တရား၀င္ျပီးဆံုးသည္ဟု မည္သည့္အခါမွ် မရွိခဲ့ေခ်။ သို႔ေသာ္ လြန္ခဲ့သည့္ အဂၤါေန႔တြင္ အဖြဲ႔၀င္ ၇၁ ဦးပါ ေတာင္ကိုရီးယားအမ်ိဳးသားညီလာခံက ေတာင္ေျမာက္ ႏွစ္ႏိုင္ငံအၾကား ရန္လိုမွဳကို တရား၀င္အဆံုးသတ္ေရး ေတာင္းဆိုေၾကာင္း ဆံုးျဖတ္ခ်က္ ခ်မွတ္ခဲ့သည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္သည္ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္ႏွင့္အတူ ျငိမ္းခ်မ္းေရး ထိပ္သီးေဆြးေႏြးပြဲ ၃ ႀကိမ္တက္ေရာက္ဖူးသည္။ ေဒၚနယ္ထရမ့္ႏွင့္ ကိုရီးယားနယ္ျခား သမိုင္း၀င္ ျဖတ္ေက်ာ္ျခင္း အပါအ၀င္ ၃ ၾကိမ္ေတြ႔ဆံုခဲ့သည္။
ေတာင္ကိုရီးယားတို႔အေနျဖင့္ ေျမာက္ကိုရီးယာတို႔မွာ ျပႆနာ မီးခြက္ထြန္းရွာတတ္သူ မိသားစု၏ တစ္မိေပါက္ တစ္ေယာက္ထြန္းမ်ားအျဖစ္ ရွဳျမင္ၾကသည္။ ထိုသို႔ မုန္းတီးေနေသာ္လည္း ေျမာက္ကိုရီးယားတို႔အား တိုင္းတစ္ပါးက ေစာ္ကားလွ်င္ မခံမရပ္ႏိုင္စိတ္ တစ္ျပိဳင္တည္း ျဖစ္ေနတတ္ၾကသည္။
ေလာေလာဆယ္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပန္လည္စတင္ကာနီးတြင္ ေျမာက္ကိုရီးယား အေနႏွင့္ ဂ်ပန္က ျပင္းထန္စြာရွဳတ္ခ်ေသာ ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ျခင္းမ်ား ဆက္လက္ ျပဳလုပ္ေနသည္။
လတ္တေလာတြင္မူ ဂ်ပန္ပိုင္နက္ပင္လယ္ျပင္အတြင္းထိ ေရာက္ရွိလာေသာ ဒံုးက်ည္စမ္းသပ္ျခင္းကို မွတ္ခ်က္ ေပးသည့္ ၀န္ၾကီးခ်ဳပ္ ရွင္ဇိုအာေဘးအား ေျမာက္ကိုရီးယားက တုံ႔ျပန္ထိုးႏွက္ေခ်ပျခင္းျဖင့္ တင္းမာမွဳအရွိန္ျမင့္တက္ လွ်က္ရွိသည္။

- Htay Oung (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။