Skip to main content
ဘင်္ဂလားဒေ့ရှ် က နိုင်ငံတွင်းရှိ ခိုးဝင်များကို ဖော်ထုတ်၍ ပြည်နှင်ဒဏ်ပေးမည်ဟု ဆို
Ads Block
ဘင်္ဂလားဒေ့ရှ် က နိုင်ငံတွင်းရှိ ခိုးဝင်များကို ဖော်ထုတ်၍ ပြည်နှင်ဒဏ်ပေးမည်ဟု ဆို
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပြည်တွင်းရောက် ဗီဇာရက်လွန်နိုင်ငံခြားသားများကို ကိုယ့်စရိတ်ကိုယ်ခံစနစ်ဖြင့် ပြည်နှင်ဒဏ်ပေးရန် စီစဉ်လျှက်ရှိသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယမန်နေ့ ရေးသားသည်။
ကြာသပတေးနေ့ ဒါကာမြို့တွင် ကက်ဘိနက်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သော “ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲရေးရာများဆိုင်ရာဝန်ကြီး အေကေအမ်မိုဇမ်မဲဟာကီး က ပြောဆိုရာ၌ ဆက်လက်နေထိုင်ခွင့်ပြုရန် မဖြစ်နိုင်တော့သည့် နိုင်ငံခြားသားများကို ထောက်လှမ်းရေး အေဂျင်စီများအကူအညီဖြင့် အောင်မြင်စွာဖော်ထုတ် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရန် စီစဉ်လျှက်ရှိကြောင်း ရှင်းပြခဲ့သည်။
သို့သော် ကိုယ့်စရိတ်ကိုယ်ခံစေစနစ်ဖြင့် ပြန်ပို့ခံကြရမည့် ၎င်းတို့သည် လုံလောက်သော ခရီးစရိတ်မပေးနိုင်ခြင်း၊ အချို့တို့အတွက် ဆက်သွယ်နိုင်သည့် သက်ဆိုင်ရာသံရုံးများမှာ ဘင်္ဂလားဒေ့ရှ် တွင် မရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်လျှက်ရှိသည်။
၎င်းတို့အား ဖမ်းဆီး၍ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရန်မှာလည်း ရာဇဝတ်ကောင်များနှင့် ဆုံဆည်းရန် ဖန်တီးရာရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် တရားမဝင်ရွှေ့ပြောင်းသွားလာသူများအား ၎င်းတို့ဇာတိနိုင်ငံသို့ ပြန်ပို့ရာတွင် ကုန်ကျစရိတ်အချို့ကို စိုက်ထုတ်ပေးရန် အစိုးရထံ ဆက်လက်တင်ပြထားကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုးဝင်နိုင်ငံခြားသား ၁၁,၀၀၀ ခန့်ရှိရာ အများစုမှာ တန်ဇန်နီးယားနှင့် နိုင်ဂျီးရီးယားကဲ့သို့ အာဖရိကနိုင်ငံများဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။
- Htay Oung (အကုန်သိ သတင်းဌာန)
Zawgyi Version
ကြာသပတေးနေ့ ဒါကာမြို့တွင် ကက်ဘိနက်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သော “ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲရေးရာများဆိုင်ရာဝန်ကြီး အေကေအမ်မိုဇမ်မဲဟာကီး က ပြောဆိုရာ၌ ဆက်လက်နေထိုင်ခွင့်ပြုရန် မဖြစ်နိုင်တော့သည့် နိုင်ငံခြားသားများကို ထောက်လှမ်းရေး အေဂျင်စီများအကူအညီဖြင့် အောင်မြင်စွာဖော်ထုတ် နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းတို့အား ပြည်နှင်ဒဏ်ပေးရန် စီစဉ်လျှက်ရှိကြောင်း ရှင်းပြခဲ့သည်။
သို့သော် ကိုယ့်စရိတ်ကိုယ်ခံစေစနစ်ဖြင့် ပြန်ပို့ခံကြရမည့် ၄င်းတို့သည် လုံလောက်သော ခရီးစရိတ်မပေးနိုင်ခြင်း၊ အချို့တို့အတွက် ဆက်သွယ်နိုင်သည့် သက်ဆိုင်ရာသံရုံးများမှာ ဘင်္ဂလားဒေ့ရှ် တွင် မရှိခြင်းတို့ကြောင့် အခက်အခဲဖြစ်လျှက်ရှိသည်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။