Skip to main content
မုန်တိုင်းအရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း နေရာကွက်ကြားမိုးကြီးမည်
Ads Block

မုန်တိုင်းအရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း နေရာကွက်ကြားမိုးကြီးမည်

 

မုန်တိုင်းအရှိန်ကြောင့် နောက် ၂ ရက်အတွင်းရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာလ ၈ ရက်၌ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် လာမည့် ၂ ရက်အတွင်း နေရာကွက်ကြားမိုးကြီးမည်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာလ ၈ ရက်၌ ထုတ်ပြန်ရာတွင် အလွန်အားကောင်းသောဘာဘ်ဘယ် “BULBUL” ၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်း ကျရောက်ပြီးလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီးမိုးသက်လေပြင်းကျရောက်စဉ် မြေပြင်ရေပြင်လေသည့် တစ်နာရီလျှင် ၅၅မိုင်မှ ၆၀မိုင်အထိ တိုက်ခိုက်နိုင်ကြောင်းလည်းထုတ်ပြန်ထားသည်။
အလွန်အားကောင်သောဆိုက်ကလုန်းမုန်တိုင်းဘာဘ်ဘယ် “BULBUL”သည် ကနဦးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာလာမည့် ၂ ရက်အတွင်း ဘင်္ဂလားဒေ့ချ်ကမ်းခြေ၊ ကိုစာဂါကျွန်းနှင့် ခီပူပါရာမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

Zawgyi Version

 

မုန္တုိင္းအရွိန္ေၾကာင့္ ေနာက္ ၂ ရက္အတြင္းရန္ကုန္တုိင္းေဒသႀကီး၊ ဧရာဝတီတုိင္းေဒသႀကီး၊ မေကြးတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခုိင္ျပည္နယ္တုိ႔တြင္ေနရာကြက္ၿပီးမုိးႀကီးႏုိင္ေၾကာင္း မုိးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ႏုိဝင္ဘာလ ၈ ရက္၌ထုတ္ျပန္ထားသည္။
မုိးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ႏုိဝင္ဘာလ ၈ ရက္၌ ထုတ္ျပန္ရာတြင္ အလြန္အားေကာင္းေသာဘာဘ္ဘယ္ “BULBUL” ၏ အရွိန္ေၾကာင့္ ေနာက္ ၄၈ နာရီအတြင္း စစ္ကိုင္းတုိင္းေဒသႀကီး၊ မႏၱေလးတုိင္းေဒသႀကီး၊ မေကြးတုိင္းေဒသႀကီးပဲခူးတုိင္းေဒသႀကီး၊ ရန္ကုန္တုိင္းေဒသႀကီး၊ ဧရာဝတီတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္ ေနရာစိပ္စိပ္ႏွင့္ ေနရာအႏွံ႔အျပားမိုးရြာသြန္းႏုိင္ေၾကာင္း ထုတ္ျပန္ထားသည္။
ျမစ္ဝကၽြန္းေပၚ၊ရခုိင္ကမ္းရုိးတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တုိ႔တြင္ မၾကာခဏမုိးသက္ေလျပင္း က်ေရာက္ၿပီးလိႈင္းႀကီးရာမွ လိႈင္းအလြန္ႀကီးႏုိင္ၿပီးမုိးသက္ေလျပင္းက်ေရာက္စဥ္ ေျမျပင္ေရျပင္ေလသည့္ တစ္နာရီလွ်င္ ၅၅မုိင္မွ ၆၀မုိင္အထိ တုိက္ခုိက္ႏုိင္ေၾကာင္းလည္းထုတ္ျပန္ထားသည္။
အလြန္အားေကာင္ေသာဆုိက္ကလုန္းမုန္တုိင္းဘာဘ္ဘယ္ “BULBUL”သည္ ကနဦးတြင္ ေျမာက္ဘက္သို႔ ေရြ႕လ်ားၿပီးေနာက္ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေရြ႕လ်ားကာလာမည့္ ၂ ရက္အတြင္း ဘဂၤလားေဒ့ခ်္ကမ္းေျခ၊ ကိုစာဂါကၽြန္းႏွင့္ ခီပူပါရာၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏုိင္မည္ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

- ခ်မ္းၿငိမ္း ( အကုန္သိ သတင္းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။