Skip to main content
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံကကူညီပေးနိုင်သည့်အပိုင်းတွင် အဆင်သင့်ရှိနေဟု ဆို 
Ads Block

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံကကူညီပေးနိုင်သည့်အပိုင်းတွင် အဆင်သင့်ရှိနေဟု ဆို 

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖော်ဆောင်သည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ကူညီနိုင်သောအပိုင်းတွင်အဆင်သင့်ရှိနေဟုဆွေးနွေးခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးကပြောသည်။
NRPC အစည်းဝေးခန်းမ၌ ယနေ့(နိုဝင်ဘာလ ၈ ရက်)၊ နံနက် ၁၀ နာရီခွဲခန့်ကကျင်းပသော တရုတ်နိုင်ငံမှ JMC သို့ငြိမ်းချမ်းရေးရန်ပုံငွေပေးအပ်ပွဲအခန်းအနားတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ကျွန်တော်တို့ကအပစ်ခတ်ရပ်စဲရေးစောင့်ကြည့်တဲ့အဖွဲ့တွေဆိုတော့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းတွေ ဆွေးနွေးကြတာဖြစ်တယ်။ နောက်ပြီးမြောက်ပိုင်းမှာဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်နိုင်ငံဘက်ကလည်း ကူညီနိုင်တာရှိရင်အဆင်သင့်ရှိကြောင်းတွေဆွေးနွေးဖြစ်ပါတယ်” ဟု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးကပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်သည့်လုပ်ငန်းစဉ်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ NRPC သို့ US ဒေါ်လာ ၄ သိန်း၊ JMC သို့ US ဒေါ်လာ ၃ သိန်း၊ ငြိမ်းချမ်းကော်မရှင်(PC)သို့ US ဒေါ်လာ ၃ သိန်း၊ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းလုပ်ငန်းစဉ်များကိုအားပေးထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံအမြန်ဆုံး ငြိမ်းချမ်းရေးရရှိရန် ၎င်းတို့အနေဖြင့် စိတ်ရင်းစေတနာဖြင့်ကူညီပေးခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းက ပြောကြားခဲ့သည်။ 
တရုတ်နိုင်ငံမှ JMC သို့လှူဒါန်းမှုမှာ ယခုလှူဒါန်းမှုအပါအဝင် ၃ နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီးပထမနှစ်တွင် US ဒေါ်လာ ၅ သိန်း၊ဒုတိယနှစ်တွင် US ဒေါ်လာ ၃ သိန်းနှင့် ကား ၁၀ စီးတို့လှူဒါန်းခဲ့ကြောင်း သိရသည်။

-  ရဲကျော်ထက် ( အကုန်သိ သတင်းဌာန )

ZawGyi Version

 

ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္သည့္လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္ၿပီး တရုတ္ႏိုင္ငံအေနျဖင့္ ကူညီႏုိင္ေသာအပိုင္းတြင္အဆင္သင့္ရွိေနဟုေဆြးေႏြးခဲ့ေၾကာင္း ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ(JMC)မွ အတြင္းေရးမွဴး(၁) ေဒါက္တာေရႊခါးကေျပာသည္။
NRPC အစည္းေ၀းခန္းမ၌ ယေန႔(ႏုိ၀င္ဘာလ ၈ ရက္)၊ နံနက္ ၁၀ နာရီခြဲခန္႔ကက်င္းပေသာ တရုတ္ႏုိင္ငံမွ JMC သုိ႔ၿငိမ္းခ်မ္းေရးရန္ပုံေငြေပးအပ္ပြဲအခန္းအနားတြင္ ယခုကဲ့သုိ႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဒီေန႔ကြ်န္ေတာ္တုိ႔ကအပစ္ခတ္ရပ္စဲေရးေစာင့္ၾကည့္တဲ့အဖြဲ႔ေတြဆုိေတာ့ လုပ္ငန္းေဆာင္ရြက္တဲ့အပုိင္းေတြ ေဆြးေႏြးၾကတာျဖစ္တယ္။ ေနာက္ၿပီးေျမာက္ပုိင္းမွာျဖစ္ေနတဲ့ ကိစၥေတြကုိလည္း ဘယ္လုိအေကာင္အထည္ေဖာ္ၾကမလဲ။ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔အတြက္ တရုတ္ႏုိင္ငံဘက္ကလည္း ကူညီႏုိင္တာရွိရင္အဆင္သင့္ရွိေၾကာင္းေတြေဆြးေႏြးျဖစ္ပါတယ္” ဟု ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ(JMC)မွ အတြင္းေရးမွဴး(၁) ေဒါက္တာေရႊခါးကေျပာသည္။
ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္သည့္လုပ္ငန္းစဥ္မ်ားအတြက္ တရုတ္ျပည္သူ႔သမၼတႏုိင္ငံမွ NRPC သုိ႔ US ေဒၚလာ ၄ သိန္း၊ JMC သုိ႔ US ေဒၚလာ ၃ သိန္း၊ ၿငိမ္းခ်မ္းေကာ္မရွင္(PC)သုိ႔ US ေဒၚလာ ၃ သိန္း၊ စုစုေပါင္းအေမရိကန္ ေဒၚလာ ၁ သန္းလွဴဒါန္းခဲ့ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းလုပ္ငန္းစဥ္မ်ားကုိအားေပးေထာက္ခံေၾကာင္းႏွင့္ ျမန္မာႏုိင္ငံအျမန္ဆုံး ၿငိမ္းခ်မ္းေရးရရွိရန္ ၄င္းတုိ႔အေနျဖင့္ စိတ္ရင္းေစတနာျဖင့္ကူညီေပးျခင္းျဖစ္ေၾကာင္း တရုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာနမွ အာရွေရးရာအထူးကုိယ္စားလွယ္ မစၥတာစြန္းေဂၚရွန္းက ေျပာၾကားခဲ့သည္။ 
တရုတ္ႏုိင္ငံမွ JMC သုိ႔လွဴဒါန္းမႈမွာ ယခုလွဴဒါန္းမႈအပါအ၀င္ ၃ ႏွစ္ဆက္တုိက္ရွိၿပီျဖစ္ၿပီးပထမႏွစ္တြင္ US ေဒၚလာ ၅ သိန္း၊ဒုတိယႏွစ္တြင္ US ေဒၚလာ ၃ သိန္းႏွင့္ ကား ၁၀ စီးတုိ႔လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

-  ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။