Skip to main content
လက်ရှိနိုင်ငံရေးမှာ ဂုတ်ပေါ်ဓါးဝဲနေသည့်အခြေအနေဖြစ်ကြောင်း NLD ပါတီမှ ဒေါက်တာမျိုးညွန့် ပြော 
Ads Block

လက်ရှိနိုင်ငံရေးမှာ ဂုတ်ပေါ်ဓါးဝဲနေသည့်အခြေအနေဖြစ်ကြောင်း NLD ပါတီမှ ဒေါက်တာမျိုးညွန့် ပြော 

 

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် မရောက်သေးသောဒီမိုကရေစီပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းရန် လိုအပ်ပြီး လက်ရှိနိုင်ငံရေးမှာ ဂုတ်ပေါ်ဓါးဝဲနေသည့်အခြေအနေသာရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က ပြောသည်။
ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ (၈)ရက်ကကျင်းပသည့် နိုင်ငံရေးအကျဉ်သားဟောင်းများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ နိုင်ငံရေးဆိုတာကတော့ ဘာကိုယ်ကျိုးမှမရှိဘဲထောင်နှုတ်ခမ်းနင်းနေရတာလေ။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့မရောက်သေးတဲ့ဒီမိုကရေစီပန်းတိုင်ကိုဆက်လက်ချီတက်ကြပါ။ အခြေအနေဟာပြောရမယ်ဆိုရင် အောင်မြင်မှုရနေတာမဟုတ်ပါဘူး။ ဂုတ်ပေါ်ဓါးဝဲနေတဲ့အခြေအနေပဲ ရှိပါသေးတယ်။”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရှေ့လုပ်ငန်းစဉ်များမှာ ရွေးကောက်ပွဲအနိုင်ရရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အဖွဲ့ဝင်အချင်းချင်းညီညွတ်ရေးတို့ ဖြစ်ကြောင်း သိရသည်။
NLD အစိုးရတက်လာပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပနိုင်ခဲ့ပြီး၊ ၂၀၁၈ ဇူလိုင်လကလည်း တတိယအကြိမ်အထိကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။

-  ထက်ဝေလင်း ( အကုန်သိသတင်းဌာန )

ZawGyi Version

 

ႏုိင္ငံေရးအက်ဥ္းသားမ်ားအေနျဖင့္ မေရာက္ေသးေသာဒီမိုကေရစီပန္းတိုင္ကို ဆက္လက္ေလွ်ာက္လွမ္းရန္ လိုအပ္ၿပီး လက္ရွိႏိုင္ငံေရးမွာ ဂုတ္ေပၚဓါး၀ဲေနသည့္အေျခအေနသာရွိေသးေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီမွ ေျပာေရးဆိ္ုခြင့္ရွိသူေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီရုံးခ်ဳပ္တြင္ ႏို၀င္ဘာလ (၈)ရက္ကက်င္းပသည့္ ႏုိင္ငံေရးအက်ဥ္သားေဟာင္းမ်ား၏ သားသမီးမ်ားကိုပညာသင္ေထာက္ပံ့ေၾကးေပးအပ္ပြဲတြင္ အထက္ပါအတိုင္းေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ ႏုိင္ငံေရးဆိုတာကေတာ့ ဘာကိုယ္က်ိဳးမွမရွိဘဲေထာင္ႏႈတ္ခမ္းနင္းေနရတာေလ။ အဲဒီေတာ့ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းေတြအေနနဲ႕မေရာက္ေသးတဲ့ဒီမိုကေရစီပန္းတိုင္ကိုဆက္လက္ခ်ီတက္ၾကပါ။ အေျခအေနဟာေျပာရမယ္ဆိုရင္ ေအာင္ျမင္မႈရေနတာမဟုတ္ပါဘူး။ ဂုတ္ေပၚဓါး၀ဲေနတဲ့အေျခအေနပဲ ရွိပါေသးတယ္။”ဟုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီမွ ေျပာေရးဆိ္ုခြင့္ရွိသူေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ေရွ႕လုပ္ငန္းစဥ္မ်ားမွာ ေရြးေကာက္ပြဲအနိုင္ရေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရး၊ ျပည္တြင္းစစ္ရပ္စဲေရး၊ ဖယ္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးနွင့္ အဖြဲ႕ဝင္အခ်င္းခ်င္းညီညြတ္ေရးတို႔ ျဖစ္ေၾကာင္း သိရသည္။
NLD အစိုးရတက္လာၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ဇူလိုင္လတြင္ ပထမအႀကိမ္ ၂၁ ရာစုပင္လံုညီလာခံကို က်င္းပႏုိင္ခဲ့ၿပီး၊ ၂၀၁၈ ဇူလိုင္လကလည္း တတိယအႀကိမ္အထိက်င္းပၿပီးစီးသြားခဲ့ၿပီျဖစ္သည္။

-  ထက္ေ၀လင္း ( အကုန္သိသတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။