Skip to main content
AA အဖွဲ့အနေဖြင့် ပြည်သူ့မျက်နှာထောက်ထား၍ လွှတ်တော်ကိုယ်စားလှယ်အားပြန်လွှတ်ပေးသင့်ဟု ဆို 
Ads Block

AA အဖွဲ့အနေဖြင့် ပြည်သူ့မျက်နှာထောက်ထား၍ လွှတ်တော်ကိုယ်စားလှယ်အားပြန်လွှတ်ပေးသင့်ဟု ဆို 

 

AA အဖွဲ့အနေဖြင့်ဖမ်းဆီးထိန်းသိမ်းထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား မဲပေးခဲ့သည့်ပြည်သူလူထု၏မျက်နှာကိုထောက်ထား၍ အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“ ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၊ အထူးသဖြင့် တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အဖွဲ့အစည်းတစ်ခုက အင်အားသုံးပြီးဖမ်းဆီးတယ်။ သူအနေနဲ့လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သက်ဆိုင်ရာ တိုင်းရင်းသားတွေကလည်းမဟုတ်ပါဘူးဆိုတာကို ရှင်းလင်းပြီးသားဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ မဲပေးခဲ့တဲ့ပြည်သူတွေရဲ့မျက်နှာကို ထောက်ပြီးတော့ အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ ထိန်းသိမ်းခံရတဲ့ ဦးဝှေ့တင်းရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးတော့ စိုးရိမ်လာရပါတယ်။ အဲဒီလိုစိုးရိမ်လာရတာနဲ့အမျှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာလည်းပိုပြီးတာဝန်ကြီးလာတယ်ဆိုတာကို အသိပေးချင်ပါတယ်” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်သို့ ထွက်ခွာလာသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးဖြစ်သည့် ဦးဝှေ့တင်းအပါအဝင် အိန္ဒိယနိုင်ငံသား ၂ ဦး၊ ဘာသာပြန် ၂ ဦး၊ စပိဘုတ်မောင်းနှင်သူ ၂ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးတို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်အထိ နောက်ဆုံးရရှိသည့်သတင်းအချက်အလက်များအရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။
 

-  နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

ZawGyi Version

 

AA အဖြဲ႔အေနျဖင့္ဖမ္းဆီးထိန္းသိမ္းထားေသာ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအား မဲေပးခဲ့သည့္ျပည္သူလူထု၏မ်က္ႏွာကိုေထာက္ထား၍ အျမန္ဆုံးျပန္လႊတ္ေပးသင့္ေၾကာင္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
NLD အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းအား AA အဖြဲ႔မွ ဖမ္းဆီးထိန္းသိမ္းထားျခင္းႏွင့္ ပတ္သက္၍ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ျပည္သူကေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္တစ္ေယာက္ကို လက္နက္ကိုင္အဖြဲ႔အစည္းတစ္ခု၊ အထူးသျဖင့္ တိုင္းရင္းသားအခြင့္အေရးအတြက္ တိုက္ပြဲဝင္ေနပါတယ္ဆိုတဲ့အဖြဲ႔အစည္းတစ္ခုက အင္အားသုံးၿပီးဖမ္းဆီးတယ္။ သူအေနနဲ႔လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို သက္ဆိုင္ရာ တိုင္းရင္းသားေတြကလည္းမဟုတ္ပါဘူးဆိုတာကို ရွင္းလင္းၿပီးသားျဖစ္ပါတယ္။ အဲဒီလိုအေျခအေနမ်ဳိးဟာ လုံးဝမျဖစ္သင့္ပါဘူး။ မဲေပးခဲ့တဲ့ျပည္သူေတြရဲ႕မ်က္ႏွာကို ေထာက္ၿပီးေတာ့ အျမန္ဆုံးလႊတ္ေပးသင့္ပါတယ္။ ထိန္းသိမ္းခံရတဲ့ ဦးေဝွ႔တင္းရဲ႕က်န္းမာေရးနဲ႔အသက္အႏၱရာယ္ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုၿပီးေတာ့ စိုးရိမ္လာရပါတယ္။ အဲဒီလိုစိုးရိမ္လာရတာနဲ႔အမွ် ဖမ္းဆီးထိန္းသိမ္းထားတဲ့ လက္နက္ကိုင္အဖြဲ႔အစည္းမွာလည္းပိုၿပီးတာဝန္ႀကီးလာတယ္ဆိုတာကို အသိေပးခ်င္ပါတယ္” ဟု NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။
ျဖစ္စဥ္မွာ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္သို႔ ထြက္ခြာလာေသာ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၁ ဦးျဖစ္သည့္ ဦးေဝွ႔တင္းအပါအဝင္ အိႏၵိယႏိုင္ငံသား ၂ ဦး၊ ဘာသာျပန္ ၂ ဦး၊ စပိဘုတ္ေမာင္းႏွင္သူ ၂ ဦး၊ မီးသတ္တပ္ဖြဲ႔ဝင္ ၁၉ ဦးတို႔ကို AA အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။
ႏိုဝင္ဘာလ ၇ ရက္အထိ ေနာက္ဆံုးရရွိသည့္သတင္းအခ်က္အလက္မ်ားအရ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းႏွင့္ မီးသတ္တပ္ဖြဲ႔ဝင္တို႔မွာ ျပန္လည္လြတ္ေျမာက္ျခင္း မရွိေသးေၾကာင္း သိရသည္။
 

-  ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။