Skip to main content
eh
Ads Block

ၿဗိတိန္မွာေတြ႕တဲ့ ေသဆုံး ရုပ္အေလာင္းအားလုံး ဗီယက္နမ္ႏုိင္ငံသားေတြဟု အတည္ျပဳ၊ အေလာင္းအားလုံး ေနရပ္ျပန္သယ္မည္

           ၿပီးခဲ့တဲ့လက လန္ဒန္ၿမိဳ႕အနီး အေအးခန္းထရပ္ကားတစ္စီးထဲကေန ေတြ႕ခဲ့တဲ့ လူေသအေလာင္းေတြ အားလုံးဟာ ဗီယက္နမ္ႏုိင္ငံသားေတြလုိ ့ အတည္ျပဳႏုိင္ခဲ့ၿပီး ယခုအခါ ရုပ္အေလာင္းေတြကုိ ေနရပ္ျပန္သယ္ဖုိ ့ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ဗီယက္္နမ္အစုိးရက ၾကာသပေတးေန ့မွာ ေျပာဆုိပါတယ္။

wgwgewg

              အရင္ကတည္းက ၿဗိတိန္ကုိ ေစလႊတ္ထားခဲ့ၿပီးျဖစ္တဲ့ ဗီယက္နမ္အစုိးရ ကုိယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕က ေစာႏုိင္သမွ် အေစာဆုံး အေလာင္းေတြ ေနရပ္ျပန္ေရာက္ဖုိ ့အတြက္ တာ၀န္ရွိသူေတြနဲ႕ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း လန္ဒန္ရွိ ဗီယက္နမ္ သံရုံးက ေျပာဆုိပါတယ္။  ေအာက္တုိဘာ ၂၃ ရက္ေန ့က အေအးခန္း ထရပ္ကားထဲကေန ေတြ႕ခဲ့တဲ့ အေလာင္း ၃၉ ေလာင္းဟာ ဗီယက္နမ္ႏုိင္ငံသား ေတြျဖစ္တယ္လုိ ့ ၿဗိတိသွ် ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့အၿပီးမွာ အေလာင္းေတြျပန္သယ္ဖုိ ့ လုပ္လာခဲ့တာပါ။

fvedvfvfedfc

             မိသားစုေတြအတြက္ ၀မ္းနည္ပူေဆြးဖြယ္ရာ အျဖစ္ဆုိးျဖစ္ပါေၾကာင္း၊ တစ္ကမာၻလုံးက ဗီယက္နမ္ျပည္သူေတြ ဘယ္ေတာ့မွေမ့မရတဲ့ နာက်င္ခံစားရမႈမ်ဳိးျဖစ္ေၾကာင္း၊ ေသဆုံးခဲ့ရသူေတြရဲ႕ ရုပ္ခႏၶာ ေတြကုိ ေမြးရပ္ေျမ ျပန္သယ္ေဆာင္ဖုိ ့ ကတိျပဳပါေၾကာင္း ဗီယက္နမ္၀န္ႀကီးခ်ဳပ္က အမ်ဳိးသား ၃၁ ဦး၊ အမ်ဳိးသမီး ၈ ဦးရဲ႕ က်န္ရစ္သူ မိသားစု၀င္ေတြထံ ေပးပုိ ့တဲ့စာမွာ ေဖာ္ျပခဲ့တယ္လုိ ့ AFP က ဆုိပါတယ္။

            အခုအခါ ေသမႈေသခင္း စုံစမ္းေရးအရာရွိက ေသဆုံးသူေတြ ဘယ္သူဘယ္၀ါဆုိတာ တရား၀င္ အတည္ျပဳေဖာ္ထုတ္ႏုိင္ခဲ့ၿပီျဖစ္ကာ ဗီယက္နမ္ရွိ သူတုိ ့ေတြရဲ႕ မိသားစု၀င္ေတြကုိ အေၾကာင္းၾကား ခဲ့ၿပီျဖစ္ေၾကာင္း ၿဗိတိန္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

wwefef

         ယခု အတည္ျပဳသတင္း မထုတ္ျပန္မီ တစ္ရက္က ေသဆုံးသူေတြထဲမွာ သူ႕သား ငုယင္ ဒင္ေလာင္ လည္း ပါ၀င္ေနေၾကာင္းကုိ တာ၀န္ရွိသူေတြက သူ႕ထံအေၾကာင္းၾကား အသိေပးခဲ့ေၾကာင္း ငုယင္ ဒင္ဂီအာအမည္ရ ဗီယက္နမ္ အမ်ဳိးသားႀကီးက AFP ကုိ ေျပာဆုိပါတယ္။ အခုခ်ိန္မွာေတာ့ သားျဖစ္သူရဲ႕ အေလာင္း အိမ္ျပန္ေရာက္လာဖုိ ့ပဲ မိမိတုိ ့ ေမွ်ာ္လင့္ပါေၾကာင္းလည္း သူက ၀မ္းနည္းစြာ ေျပာဆုိခဲ့ပါတယ္။

            ဘယ္ဂ်ီယံႏုိင္ငံကေန ၿဗိတိန္ကုိ ၀င္ေရာက္လာကာ Essex ၿမိဳ႕ Purfleet ဆိပ္ကမ္းအနီး ရပ္ထားတဲ့ ထရပ္ကား အေအးခန္းကြန္တိန္နာထဲကေန ေအာက္တုိဘာ ၂၃ ရက္ မနက္အေစာပုိင္းမွာ အဆုိပါ ေသဆုံး ရုပ္အေလာင္းေတြ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

           ယခု ျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ၿဗိတိန္မွာ ထရပ္ကား ဒရုိင္ဘာ အပါအ၀င္ လူႏွစ္ဦးကုိ ဖမ္းဆီးထားခဲ့ကာ ဗီယက္နမ္မွာေတာ့ လူ ၁၁ ဦးကုိ ဖမ္းဆီးထားပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)       CNA

 

 

Unicode Version

 

ဗြိတိန်မှာတွေ့တဲ့ သေဆုံး ရုပ်အလောင်းအားလုံး ဗီယက်နမ်နိုင်ငံသားတွေဟု အတည်ပြု၊ အလောင်းအားလုံး နေရပ်ပြန်သယ်မည်

 

           ပြီးခဲ့တဲ့လက လန်ဒန်မြို့အနီး အအေးခန်းထရပ်ကားတစ်စီးထဲကနေ တွေ့ခဲ့တဲ့ လူသေအလောင်းတွေ အားလုံးဟာ ဗီယက်နမ်နိုင်ငံသားတွေလို့ အတည်ပြုနိုင်ခဲ့ပြီး ယခုအခါ ရုပ်အလောင်းတွေကို နေရပ်ပြန်သယ်ဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

              အရင်ကတည်းက ဗြိတိန်ကို စေလွှတ်ထားခဲ့ပြီးဖြစ်တဲ့ ဗီယက်နမ်အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က စောနိုင်သမျှ အစောဆုံး အလောင်းတွေ နေရပ်ပြန်ရောက်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း လန်ဒန်ရှိ ဗီယက်နမ် သံရုံးက ပြောဆိုပါတယ်။  အောက်တိုဘာ ၂၃ ရက်နေ့က အအေးခန်း ထရပ်ကားထဲကနေ တွေ့ခဲ့တဲ့ အလောင်း ၃၉ လောင်းဟာ ဗီယက်နမ်နိုင်ငံသား တွေဖြစ်တယ်လို့ ဗြိတိသျှ ရဲတပ်ဖွဲ့က အတည်ပြုခဲ့အပြီးမှာ အလောင်းတွေပြန်သယ်ဖို့ လုပ်လာခဲ့တာပါ။

 

             မိသားစုတွေအတွက် ဝမ်းနည်ပူဆွေးဖွယ်ရာ အဖြစ်ဆိုးဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးက ဗီယက်နမ်ပြည်သူတွေ ဘယ်တော့မှမေ့မရတဲ့ နာကျင်ခံစားရမှုမျိုးဖြစ်ကြောင်း၊ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်ခန္ဓာ တွေကို မွေးရပ်မြေ ပြန်သယ်ဆောင်ဖို့ ကတိပြုပါကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၈ ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေထံ ပေးပို့တဲ့စာမှာ ဖော်ပြခဲ့တယ်လို့ AFP က ဆိုပါတယ်။

            အခုအခါ သေမှုသေခင်း စုံစမ်းရေးအရာရှိက သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ တရားဝင် အတည်ပြုဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကာ ဗီယက်နမ်ရှိ သူတို့တွေရဲ့ မိသားစုဝင်တွေကို အကြောင်းကြား ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

         ယခု အတည်ပြုသတင်း မထုတ်ပြန်မီ တစ်ရက်က သေဆုံးသူတွေထဲမှာ သူ့သား ငုယင် ဒင်လောင် လည်း ပါဝင်နေကြောင်းကို တာဝန်ရှိသူတွေက သူ့ထံအကြောင်းကြား အသိပေးခဲ့ကြောင်း ငုယင် ဒင်ဂီအာအမည်ရ ဗီယက်နမ် အမျိုးသားကြီးက AFP ကို ပြောဆိုပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူရဲ့ အလောင်း အိမ်ပြန်ရောက်လာဖို့ပဲ မိမိတို့ မျှော်လင့်ပါကြောင်းလည်း သူက ဝမ်းနည်းစွာ ပြောဆိုခဲ့ပါတယ်။

            ဘယ်ဂျီယံနိုင်ငံကနေ ဗြိတိန်ကို ဝင်ရောက်လာကာ Essex မြို့ Purfleet ဆိပ်ကမ်းအနီး ရပ်ထားတဲ့ ထရပ်ကား အအေးခန်းကွန်တိန်နာထဲကနေ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ အဆိုပါ သေဆုံး ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

           ယခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဗြိတိန်မှာ ထရပ်ကား ဒရိုင်ဘာ အပါအဝင် လူနှစ်ဦးကို ဖမ်းဆီးထားခဲ့ကာ ဗီယက်နမ်မှာတော့ လူ ၁၁ ဦးကို ဖမ်းဆီးထားပါတယ်။

ကိုလင်း (အကုန်သိ သတင်းဌာန)       CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။