Skip to main content
Ads Block

ဘုိလီးဗီးယားတြင္ အတုိက္အခံဆႏၵျပသူေတြက ၿမိဳ႕ေတာ္၀န္တစ္ဦးကုိ လမ္းေပၚ ဒရြတ္တုိက္ဆြဲေခၚကာ ဆံပင္ေတြ ျဖတ္ပစ္ခဲ့

             ဘုိလီးဗီးယားႏုိင္ငံမွာ အတုိက္အခံဆႏၵျပသူေတြဟာ အမ်ဳိးသမီး ၿမိဳ႕ေတာ္၀န္တစ္ဦးကုိ လမ္းေတြေပၚ ဒရြတ္တုိက္ဆြဲေခၚၿပီး ခႏၶာကုိယ္ေပၚ ေဆးနီေတြ ေလာင္းခ်ခဲ့သလုိ သူမရဲ႕ ဆံပင္ေတြကုိလည္း ကုိက္ျဖတ္ပစ္ ခဲ့ပါတယ္။

           အခင္းျဖစ္ေနတာ နာရီမ်ားစြာၾကာၿပီးေနာက္မွာေတာ့ အာဏာရ Mas ပါတီ၀င္ျဖစ္တဲ့ ၿမိဳ႕ေတာ္၀န္ ပက္ထရစ္ရွာ အာစီကုိ ရဲတပ္ဖြဲ႕က လႊဲေျပာင္းရယူခဲ့ၾကပါတယ္။

erherher

     ယခုျဖစ္ရပ္ဟာ အျငင္းပြားဖြယ္ရာ သမၼတေရြးေကာက္ပြဲအၿပီး အစုိးရအေပၚ ဆန္ ့က်င္ကန္႕ကြက္သူေတြနဲ႕ ေထာက္ခံသူေတြအၾကား အၾကမ္းဖက္ တုိက္ခုိက္မႈေတြ ျဖစ္ေနမႈမွာ ေနာက္ဆုံးေပၚေပါက္လာတဲ့ ျဖစ္ရပ္ျဖစ္ ပါတယ္။ ယင္းတုိက္ခုိက္မႈေတြအတြင္း လူ သုံးဦး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။

           ေအာက္တုိဘာ ၂၀ ရက္ သမၼတေရြးေကာက္ပြဲၿပီးေနာက္ပုိင္း အစုိးရ ဆန္ ့က်င္ေရး ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ေပၚေနခဲ့တာျဖစ္ၿပီး ဘုိလီးဗီးယား အလယ္ပုိင္း ကုိခ်ာဘမ္ဘာ ျပည္နယ္က ဗင္တုိၿမိဳ႕ေလးမွာ ဗုဒၶဟူးေန ့က ဆႏၵျပသူတစ္စုဟာ တံတားတစ္စင္းကုိ ပိတ္ဆုိ ့ခဲ့ၾကပါတယ္။ ယင္းတံတားအနီး သမၼတ အီဗုိမုိရာလက္စ္ကုိ ေထာက္ခံသူေတြနဲ႕ တုိက္ခုိက္မႈျဖစ္ၾကရာမွာ အစုိးရဆန္႕က်င္ ဆႏၵျပသူႏွစ္ဦး ေသဆုံးခဲ့တယ္ဆုိတဲ့ ေကာလာဟလေတြ ထြက္လာတာေၾကာင့္ ယင္းလူစုဟာ ေဒါသတႀကီး ၿမိဳ႕ေတာ္ခန္းမဆီ ခ်ီတက္ခဲ့ၾကပါတယ္။ ၿမိဳ႕ေတာ္၀န္ အာစီဟာ သူတုိ ့ပိတ္ဆုိ ့ထားတဲ့ အတားအဆီးေတြကုိ ဖ်က္သိမ္းဖုိ ့အတြက္ သမၼတ ေထာက္ခံသူေတြကုိ ဘတ္စ္ကားေတြနဲ႕ ေခၚေဆာင္လာခဲ့ေၾကာင္းနဲ႕ ေသဆုံးမႈျဖစ္ရတာဟာ သူမေၾကာင့္ျဖစ္ေၾကာင္း စြပ္စြဲခဲ့ၾကပါတယ္။

d

           မ်က္ႏွာဖုံးစြပ္ ဆႏၵျပသူတစ္စုက ၿမိဳ႕ေတာ္၀န္ကုိ ရုံးခန္းကေန ဆြဲထုတ္လာခဲ့ၿပီး အေဆာက္အအုံကုိ မီးရႈိ႕ခဲ့ၾကပါတယ္။ သူမကုိ တံတားရွိရာဆီ ဖိနပ္မပါဘဲ တရြတ္တုိက္ ဆြဲေခၚခဲ့ၾကခ်ိန္ အျခားသူေတြက သတ္ပစ္၊ သတ္ပစ္လုိ ့ ေအာ္ဟစ္ေနခဲ့ၾကပါတယ္။ တံတားအေရာက္မွာ သူမကုိ ဒူးေထာက္ထုိင္ေစၿပီး ဆံပင္ေတြကုိ ဇြတ္အတင္း ျဖတ္ပစ္ခဲ့ကာ ကုိယ္ေပၚကုိ ေဆးအနီးေတြ ေလာင္းခဲ့ၾကပါတယ္။ ယင္းေနာက္ ရာထူးမွ ႏုတ္ထြက္ေၾကာင္း စာရြက္ေပၚမွာ သူမကုိ အဓမၼ လက္မွတ္ထုိးခုိင္းခဲ့ၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ မစၥ အာစီကုိ ရဲတပ္ဖြဲ႕ထံ လႊဲေပးခဲ့ၿပီး ရဲေတြက သူမကုိ ေဆးရုံပုိ ့ေပးခဲ့ရပါတယ္။

dtjktyjk

           ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး သမၼတ အီဗုိ မုိရာလက္စ္က ၾကာသာပေတးေန႕မွာ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သူရဲ႕ အာဏာရပါတီ MAS မွ အဖြဲ႕၀င္အမ်ဳိးသမီးတစ္ဦးဟာ သူမရဲ႕ စံထုိက္တဲ့ အယူအဆေတြ ထုတ္ေဖာ္မႈ၊ ခုခံကာကြယ္မႈေတြအတြက္ ရက္ရက္စက္စက္ အဓမၼျပန္ေပးဆြဲခံခဲ့ရတာျဖစ္ေၾကာင္း တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ကုိလင္း (အကုန္သိ သတင္းဌာန)      BBC , The Straits Times

 

 Unicode Version

ဘိုလီးဗီးယားတွင် အတိုက်အခံဆန္ဒပြသူတွေက မြို့တော်ဝန်တစ်ဦးကို လမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်ကာ ဆံပင်တွေ ဖြတ်ပစ်ခဲ့

             ဘိုလီးဗီးယားနိုင်ငံမှာ အတိုက်အခံဆန္ဒပြသူတွေဟာ အမျိုးသမီး မြို့တော်ဝန်တစ်ဦးကို လမ်းတွေပေါ် ဒရွတ်တိုက်ဆွဲခေါ်ပြီး ခန္ဓာကိုယ်ပေါ် ဆေးနီတွေ လောင်းချခဲ့သလို သူမရဲ့ ဆံပင်တွေကိုလည်း ကိုက်ဖြတ်ပစ် ခဲ့ပါတယ်။

           အခင်းဖြစ်နေတာ နာရီများစွာကြာပြီးနောက်မှာတော့ အာဏာရ Mas ပါတီဝင်ဖြစ်တဲ့ မြို့တော်ဝန် ပက်ထရစ်ရှာ အာစီကို ရဲတပ်ဖွဲ့က လွှဲပြောင်းရယူခဲ့ကြပါတယ်။

     ယခုဖြစ်ရပ်ဟာ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲအပြီး အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်သူတွေနဲ့ ထောက်ခံသူတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေမှုမှာ နောက်ဆုံးပေါ်ပေါက်လာတဲ့ ဖြစ်ရပ်ဖြစ် ပါတယ်။ ယင်းတိုက်ခိုက်မှုတွေအတွင်း လူ သုံးဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

           အောက်တိုဘာ ၂၀ ရက် သမ္မတရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး ဘိုလီးဗီးယား အလယ်ပိုင်း ကိုချာဘမ်ဘာ ပြည်နယ်က ဗင်တိုမြို့လေးမှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတစ်စုဟာ တံတားတစ်စင်းကို ပိတ်ဆို့ခဲ့ကြပါတယ်။ ယင်းတံတားအနီး သမ္မတ အီဗိုမိုရာလက်စ်ကို ထောက်ခံသူတွေနဲ့ တိုက်ခိုက်မှုဖြစ်ကြရာမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတာကြောင့် ယင်းလူစုဟာ ဒေါသတကြီး မြို့တော်ခန်းမဆီ ချီတက်ခဲ့ကြပါတယ်။ မြို့တော်ဝန် အာစီဟာ သူတို့ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖျက်သိမ်းဖို့အတွက် သမ္မတ ထောက်ခံသူတွေကို ဘတ်စ်ကားတွေနဲ့ ခေါ်ဆောင်လာခဲ့ကြောင်းနဲ့ သေဆုံးမှုဖြစ်ရတာဟာ သူမကြောင့်ဖြစ်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။

dyjty

           မျက်နှာဖုံးစွပ် ဆန္ဒပြသူတစ်စုက မြို့တော်ဝန်ကို ရုံးခန်းကနေ ဆွဲထုတ်လာခဲ့ပြီး အဆောက်အအုံကို မီးရှို့ခဲ့ကြပါတယ်။ သူမကို တံတားရှိရာဆီ ဖိနပ်မပါဘဲ တရွတ်တိုက် ဆွဲခေါ်ခဲ့ကြချိန် အခြားသူတွေက သတ်ပစ်၊ သတ်ပစ်လို့ အော်ဟစ်နေခဲ့ကြပါတယ်။ တံတားအရောက်မှာ သူမကို ဒူးထောက်ထိုင်စေပြီး ဆံပင်တွေကို ဇွတ်အတင်း ဖြတ်ပစ်ခဲ့ကာ ကိုယ်ပေါ်ကို ဆေးအနီးတွေ လောင်းခဲ့ကြပါတယ်။ ယင်းနောက် ရာထူးမှ နုတ်ထွက်ကြောင်း စာရွက်ပေါ်မှာ သူမကို အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မစ္စ အာစီကို ရဲတပ်ဖွဲ့ထံ လွှဲပေးခဲ့ပြီး ရဲတွေက သူမကို ဆေးရုံပို့ပေးခဲ့ရပါတယ်။

           ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ အီဗို မိုရာလက်စ်က ကြာသာပတေးနေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပြီး သူရဲ့ အာဏာရပါတီ MAS မှ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ စံထိုက်တဲ့ အယူအဆတွေ ထုတ်ဖော်မှု၊ ခုခံကာကွယ်မှုတွေအတွက် ရက်ရက်စက်စက် အဓမ္မပြန်ပေးဆွဲခံခဲ့ရတာဖြစ်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန)      BBC , The Straits Times

 

          

         

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။