Skip to main content
gbsg
Ads Block

ထန္းတပင္ၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေသာ ၂ ေလာင္းၿပိဳင္လူသတ္မႈမွ သံသယရွိသူကို ဖမ္းမိၿပီ

ထန္းတပင္ၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေသာ ၂ ေလာင္းၿပိဳင္လူသတ္မႈမွ သံသယရွိတရားခံကို ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ ကၿမိဳင္ေက်းရြာအုပ္စု၊ ေညာင္ေလးပင္ေက်းရြာတြင္ ေနထိုင္ေသာေဒၚႏြဲ႔ရီ(၅၀)ႏွစ္ႏွင့္ မလင္းလင္းထက္(၁၉)ႏွစ္တို႔ သားအမိတို႔မွာဝဲ/ယာလက္ဖ်ံျပတ္ရွဒဏ္ရာ၊ ဝဲဂ်ိဳင္းေအာက္ေပါက္ၿပဲျပတ္ရွဒဏ္ရာ၊ဝဲဘက္ႏို႔အုံေအာက္ေပါက္ၿပဲဒဏ္ရာႏွင့္ ရင္ၫြန္႔ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ ေနအိမ္ေပၚ၌ေသဆံုးေနသည္ကို ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၆ ရက္၊ ညေန ၄ နာရီေက်ာ္က ေသဆံုးသူေဒၚႏြဲ႔ရီ၏ ညီမျဖစ္သူမဇာဇာမိုး၊ (၃၀)ႏွစ္ကေတြ႔ရွိသျဖင့္ ရဲတပ္ဖြဲ႔ထံတိုင္ၾကားခဲ့ျခင္းျဖစ္သည္။

 

kdtktd

“ပထမအရင္ေတြ႔တာကေတာ့ ေသဆံုးသူေဒၚႏြဲ႔ရီရဲ႕ ညီမမဇာဇာမိုးကအရင္ေတြ႔တာေပါ့။ သူ႔အစ္မ(ေဒၚႏြဲ႔ရီ)ထံကို ေခ်းထားတဲ့ေငြျပန္ဆပ္ဖို႔အခင္းျဖစ္တဲ့ႏို၀င္ဘာလ ၆ ရက္ေန႔ညေနပိုင္းက သြားခဲ့တာကေန အခုလိုအစ္မျဖစ္သူနဲ႔ တူမတို႔အသတ္ခံထားရတာကိုေတြ႔ရွိသြားခဲ့တာေပါ့။ ျပစ္မႈက်ဴးလြန္သူကိုလည္း ေနာက္တစ္ေန႔မွာဟသၤာတၿမိဳ႕ဘက္ကေနဖမ္းမိတယ္။ ေသဆံုးသူ မလင္းလင္းထက္ရဲ႕ကြဲကြာေနတဲ့ခင္ပြန္းပါ”ဟု ထန္းတပင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္တစ္ဦးက ေျပာသည္။

အမႈႏွင့္ပတ္သက္ၿပီး ေသဆံုးသူ မလင္းလင္းထက္၊ ၁၉ ႏွစ္၏ ခင္ပြန္းျဖစ္သူ ေက်ာ္ၿဖိဳး၊ ၂၂ ႏွစ္ကို ဧရာ၀တီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕နယ္၊ လယ္တီေက်းရြာအုပ္စု၊ ရွမ္းေတာေက်းရြာတြင္ ႏို၀င္ဘာလ ၇ ရက္၊ နံနက္ပိုင္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေက်ာ္ၿဖိဳးသည္ ေသဆံုးသူမလင္းလင္းထက္ႏွင့္ သေဘာထားခ်င္းမတိုက္ဆိုင္သျဖင့္ ေခတၱကြဲကြာေနသူျဖစ္ကာ အခင္းျဖစ္ ႏို၀င္ဘာလ (၆)ရက္တြင္မလင္းလင္းထက္ႏွင့္ျပန္လည္ေပါင္းသင္းရန္ ေရာက္ရွိလာၿပီး ခိုက္ရန္ျဖစ္ပြားရာမွ စိတ္မထိန္းႏိုင္သျဖင့္ ဓားျဖင့္ထိုးသတ္ကာ အနားမွဖ်န္ေျဖေပးသည့္ ေယာကၡမျဖစ္သူ ေဒၚႏြဲ႔ရီကိုလည္းသတ္ျဖတ္ခဲ့ေၾကာင္း စစ္ေဆးသိရွိရသည္။

rhgeherhe

ထို႔ေနာက္ ေငြသားအခ်ိဳ႕ႏွင့္ဖုန္းတို႔ကိုယူေဆာင္ကာေနရပ္ျဖစ္သည့္ ဧရာ၀တီတိုင္း၊ ဟသၤာတၿမိဳ႕နယ္၊ ရွမ္းေတာေက်းရြာသို႔တိမ္းေရွာင္ခဲ့ျခင္းျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သည္။

ယင္းအတြက္ေၾကာင့္ အခင္းျဖစ္ပြားစဥ္အသံုးျပဳသည့္ဓား၊အက်ီအစိမ္း၊ပုဆိုး၊တီရွပ္၊လြယ္အိတ္၊ဦးထုတ္၊ ေငြတစ္ခ်ိဳ႕ႏွင့္ဖုန္းတစ္လုံးတို႔ကိုလည္းရဲတပ္ဖြဲ႔က ျပန္လည္သိမ္းဆည္းရမိခဲ့ၿပီး လက္ရွိ၌ ေက်ာ္ၿဖိဳး၊ (၂၂)ႏွစ္ကို ထန္းတပင္ၿမိဳ႕နယ္၊ ေတာ္လနယ္ေျမရဲစခန္း၌ (ပ)၁၇၅/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ ရံုးထုတ္ရမန္ ရယူၿပီးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)Source - တင္ႏိုင္ထြန္း(SH.MEDIA)

 

Unicode Version

 

ထန်းတပင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ၂ လောင်းပြိုင်လူသတ်မှုမှ သံသယရှိသူကို ဖမ်းမိပြီ

ထန်းတပင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ၂ လောင်းပြိုင်လူသတ်မှုမှ သံသယရှိတရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ကမြိုင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတွင် နေထိုင်သောဒေါ်နွဲ့ရီ(၅၀)နှစ်နှင့် မလင်းလင်းထက်(၁၉)နှစ်တို့ သားအမိတို့မှာဝဲ/ယာလက်ဖျံပြတ်ရှဒဏ်ရာ၊ ဝဲဂျိုင်းအောက်ပေါက်ပြဲပြတ်ရှဒဏ်ရာ၊ဝဲဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာနှင့် ရင်ညွန့်ပေါက်ပြဲဒဏ်ရာများဖြင့် နေအိမ်ပေါ်၌သေဆုံးနေသည်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်၊ ညနေ ၄ နာရီကျော်က သေဆုံးသူဒေါ်နွဲ့ရီ၏ ညီမဖြစ်သူမဇာဇာမိုး၊ (၃၀)နှစ်ကတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ပထမအရင်တွေ့တာကတော့ သေဆုံးသူဒေါ်နွဲ့ရီရဲ့ ညီမမဇာဇာမိုးကအရင်တွေ့တာပေါ့။ သူ့အစ်မ(ဒေါ်နွဲ့ရီ)ထံကို ချေးထားတဲ့ငွေပြန်ဆပ်ဖို့အခင်းဖြစ်တဲ့နိုဝင်ဘာလ ၆ ရက်နေ့ညနေပိုင်းက သွားခဲ့တာကနေ အခုလိုအစ်မဖြစ်သူနဲ့ တူမတို့အသတ်ခံထားရတာကိုတွေ့ရှိသွားခဲ့တာပေါ့။ ပြစ်မှုကျူးလွန်သူကိုလည်း နောက်တစ်နေ့မှာဟင်္သာတမြို့ဘက်ကနေဖမ်းမိတယ်။ သေဆုံးသူ မလင်းလင်းထက်ရဲ့ကွဲကွာနေတဲ့ခင်ပွန်းပါ”ဟု ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သက်ပြီး သေဆုံးသူ မလင်းလင်းထက်၊ ၁၉ နှစ်၏ ခင်ပွန်းဖြစ်သူ ကျော်ဖြိုး၊ ၂၂ နှစ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လယ်တီကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျော်ဖြိုးသည် သေဆုံးသူမလင်းလင်းထက်နှင့် သဘောထားချင်းမတိုက်ဆိုင်သဖြင့် ခေတ္တကွဲကွာနေသူဖြစ်ကာ အခင်းဖြစ် နိုဝင်ဘာလ (၆)ရက်တွင်မလင်းလင်းထက်နှင့်ပြန်လည်ပေါင်းသင်းရန် ရောက်ရှိလာပြီး ခိုက်ရန်ဖြစ်ပွားရာမှ စိတ်မထိန်းနိုင်သဖြင့် ဓားဖြင့်ထိုးသတ်ကာ အနားမှဖျန်ဖြေပေးသည့် ယောက္ခမဖြစ်သူ ဒေါ်နွဲ့ရီကိုလည်းသတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ထို့နောက် ငွေသားအချို့နှင့်ဖုန်းတို့ကိုယူဆောင်ကာနေရပ်ဖြစ်သည့် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှမ်းတောကျေးရွာသို့တိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအတွက်ကြောင့် အခင်းဖြစ်ပွားစဉ်အသုံးပြုသည့်ဓား၊အကျီအစိမ်း၊ပုဆိုး၊တီရှပ်၊လွယ်အိတ်၊ဦးထုတ်၊ ငွေတစ်ချို့နှင့်ဖုန်းတစ်လုံးတို့ကိုလည်းရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး လက်ရှိ၌ ကျော်ဖြိုး၊ (၂၂)နှစ်ကို ထန်းတပင်မြို့နယ်၊ တော်လနယ်မြေရဲစခန်း၌ (ပ)၁၇၅/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ရုံးထုတ်ရမန် ရယူပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)Source - တင်နိုင်ထွန်း(SH.MEDIA)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။