Skip to main content
vgsdvgsdvg
Ads Block

ဖခင္အရင္းက သမီးျဖစ္သူအား တားေဆးတိုက္ေကၽြးကာ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား

ဖခင္အရင္းက သမီးျဖစ္သူအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈ သထံုၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွယ မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ဘင္လိႈင္ရပ္ကြက္ေနဦးစိုင္းေက်ာ္ေဇာ၊ (၄၃)ႏွစ္၏ သမီးျဖစ္သူ မ----- ၊ ၁၆ ႏွစ္သည္ ႏို၀င္ဘာလ ၇ ရက္၊ နံနက္ ၁၀ နာရီခန္႔တြင္ ၿမိဳ႕မရဲစခန္းသို႔ေရာက္ရွိလာၿပီး ရည္းစားထားသျဖင့္ ဖခင္က မတရားႏွိပ္စက္ေနေသာေၾကာင့္ဟုဆိုကာ အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။

“ ကြ်န္ေတာ္တို႔ဆီကိုကေလးမေလးကရာအိမ္မွဴးနဲ႔အတူေရာက္လာၿပီး အေဖကရည္းစားထားတဲ့ကိစၥနဲ႔ ရိုက္ႏွက္တယ္ဆိုၿပီးေတာ့ လာတိုင္တာေပါ့။အဲဒါေၾကာင့္ ကြ်န္ေတာ္ကိုယ္တိုင္ကပဲေျပာဆိုဆံုးမၿပီး ဖခင္ဆိုတာ သားသမီးကိုေကာင္းေစခ်င္လို႔ဆံုးမတာပါလို႔ေျပာလိုက္တဲ့အခါမွာကေလးမေလးမျပန္ခ်င္ဘူးဆိုၿပီး အခုလိုဖခင္အရင္းရဲ႕အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈကိုဖြင့္ခ်လိုက္ေတာ့တာပါပဲဗ်ာ” ဟုသထံုၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၀ ရက္တြင္ တရားလိုမ-------၊ ၁၆ ႏွစ္၏ မိခင္သည္ ေတာင္ႀကီးၿမိဳ႕သို႔ ခရီးသြားခ်ိန္၌ ဖခင္ျဖစ္သူ ဦးစိုင္းေက်ာ္ေဇာကအခန္းထဲသို႔ေခၚၿပီး ညစ္ညမ္းကားမ်ားျပသကာ စတင္အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ အလားတူမိခင္ျဖစ္သူမရွိခ်ိန္တိုင္း အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခ့ဲျခင္းျဖစ္ေၾကာင္း တိုင္ၾကားစာအရ သိရသည္။

“ျပဳက်င့္ခံရခ်ိန္တုန္းကေကာင္မေလးရဲ႕အသက္က ၁၅ ႏွစ္ရွိတယ္။ အဲဒီလိုအႀကိမ္ႀကိမ္အဓမၼျပဳက်င့္ေနခဲ့ရင္း အခင္းျဖစ္တဲ့ မေန႔က(ႏို၀င္ဘာလ ၇ ရက္)မနက္ေစာေစာမွာအလားတူက်င့္ၿပီးေတာ့ သမီးျဖစ္သူရဲ႕ဖုန္းကို ၾကည့္လိုက္တဲ့အခါမွာ ရည္းစားနဲ႔ေျပာတဲ့စာေတြေတြ႔တဲ့အတြက္ တံျမတ္စည္းစတီးလ္ရိုးနဲ႔ သစ္သားေခ်ာင္းေတြနဲ႔ရိုက္ႏွက္ၿပီး အခန္းထဲပိတ္ထားတာတဲ့။ အဲဒါေၾကာင့္ ကေလးမေလးက ျပတင္းေပါက္ကေနခုန္ခ်ၿပီး ရာအိမ္မွဴးထံအကူအညီေတာင္းၿပီးေတာ့ အခုလိုတိုင္ၾကားလာတာေပါ့ဗ်ာ” ဟု သထံုၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူက ဆက္လက္ေျပာသည္။

ဖခငျဖစ္သူ စိုင္းေက်ာ္ေဇာ(၄၃)ႏွစ္သည္ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူျဖစ္ၿပီး သမီးျဖစ္သူအား အဓမၼျပဳက်င့္ၿပီးတိုင္း တားေဆးလည္းတုိက္ေကြ်းခဲ့ေၾကာင္းလည္း သိရွိခဲ့ရသည္။

ထို႔ေၾကာင့္ စိုင္းေက်ာ္ေဇာ(၄၃)ႏွစ္ကိုဖမ္းဆီးကာ သထံုၿမိဳ႕မရဲစခန္း၌ မတရားညွင္းပန္းႏွိပ္စက္မႈ/မုဒိမ္းမႈတို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode Version

 

ဖခင်အရင်းက သမီးဖြစ်သူအား တားဆေးတိုက်ကျွေးကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား

ဖခင်အရင်းက သမီးဖြစ်သူအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု သထုံမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှယ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်နေဦးစိုင်းကျော်ဇော၊ (၄၃)နှစ်၏ သမီးဖြစ်သူ မ----- ၊ ၁၆ နှစ်သည် နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် မြို့မရဲစခန်းသို့ရောက်ရှိလာပြီး ရည်းစားထားသဖြင့် ဖခင်က မတရားနှိပ်စက်နေသောကြောင့်ဟုဆိုကာ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ဆီကိုကလေးမလေးကရာအိမ်မှူးနဲ့အတူရောက်လာပြီး အဖေကရည်းစားထားတဲ့ကိစ္စနဲ့ ရိုက်နှက်တယ်ဆိုပြီးတော့ လာတိုင်တာပေါ့။အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင်ကပဲပြောဆိုဆုံးမပြီး ဖခင်ဆိုတာ သားသမီးကိုကောင်းစေချင်လို့ဆုံးမတာပါလို့ပြောလိုက်တဲ့အခါမှာကလေးမလေးမပြန်ချင်ဘူးဆိုပြီး အခုလိုဖခင်အရင်းရဲ့အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကိုဖွင့်ချလိုက်တော့တာပါပဲဗျာ” ဟုသထုံမြို့မရဲစခန်းမှ တာဝန်ရှိသူက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် တရားလိုမ-------၊ ၁၆ နှစ်၏ မိခင်သည် တောင်ကြီးမြို့သို့ ခရီးသွားချိန်၌ ဖခင်ဖြစ်သူ ဦးစိုင်းကျော်ဇောကအခန်းထဲသို့ခေါ်ပြီး ညစ်ညမ်းကားများပြသကာ စတင်အဓမ္မပြုကျင့်ခဲ့ပြီးနောက် အလားတူမိခင်ဖြစ်သူမရှိချိန်တိုင်း အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားစာအရ သိရသည်။

“ပြုကျင့်ခံရချိန်တုန်းကကောင်မလေးရဲ့အသက်က ၁၅ နှစ်ရှိတယ်။ အဲဒီလိုအကြိမ်ကြိမ်အဓမ္မပြုကျင့်နေခဲ့ရင်း အခင်းဖြစ်တဲ့ မနေ့က(နိုဝင်ဘာလ ၇ ရက်)မနက်စောစောမှာအလားတူကျင့်ပြီးတော့ သမီးဖြစ်သူရဲ့ဖုန်းကို ကြည့်လိုက်တဲ့အခါမှာ ရည်းစားနဲ့ပြောတဲ့စာတွေတွေ့တဲ့အတွက် တံမြတ်စည်းစတီးလ်ရိုးနဲ့ သစ်သားချောင်းတွေနဲ့ရိုက်နှက်ပြီး အခန်းထဲပိတ်ထားတာတဲ့။ အဲဒါကြောင့် ကလေးမလေးက ပြတင်းပေါက်ကနေခုန်ချပြီး ရာအိမ်မှူးထံအကူအညီတောင်းပြီးတော့ အခုလိုတိုင်ကြားလာတာပေါ့ဗျာ” ဟု သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဖခငဖြစ်သူ စိုင်းကျော်ဇော(၄၃)နှစ်သည် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သမီးဖြစ်သူအား အဓမ္မပြုကျင့်ပြီးတိုင်း တားဆေးလည်းတိုက်ကျွေးခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။

ထို့ကြောင့် စိုင်းကျော်ဇော(၄၃)နှစ်ကိုဖမ်းဆီးကာ သထုံမြို့မရဲစခန်း၌ မတရားညှင်းပန်းနှိပ်စက်မှု/မုဒိမ်းမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။