Skip to main content
ဂိမ်းဆော့ဖို့နဲ့ ဆေးသုံးဖို့ ငွေလိုလို့ စတိုးဆိုင်အတွင်း ဝင်လုယက်ခဲ့သူတွေကို ဖမ်းဆီး  
Ads Block

ဂိမ်းဆော့ဖို့နဲ့ ဆေးသုံးဖို့ ငွေလိုလို့ စတိုးဆိုင်အတွင်း ဝင်လုယက်ခဲ့သူတွေကို ဖမ်းဆီး  

            ထိုင်းနိုင်ငံမှာ စတိုးဆိုင်တစ်ဆိုင်အတွင်း ဝင်လုယက်ခဲ့တဲ့ အမျိုးသား သုံးဦးအနက် နှစ်ဦးက သူတို့ဟာ အွန်လိုင်းဂိမ်းဆော့ဖို့နဲ့ မူးယစ်ဆေး ဝယ်သုံးဖို့ ငွေလိုတာကြောင့် ကျူးလွန်မိခဲ့ တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့ပါတယ်။

         ဖူးခက်ပြည်နယ်သား အသက် ၂၃ နှစ်အရွယ် နာရန်ရစ် ဘိုင်တိုကို ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ကာ ဥဒွန်သာနီမှာနေထိုင်တဲ့ အသက် ၂၀ အရွယ် ဆွမ်ချတ်မာဒီးကတော့ ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့တာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးကို လုယက်မှုနဲ့ နာခွန်နာယွတ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားခဲ့တာပါ။

    ၎င်းတို့နှစ်ဦးနဲ့ နန်အမည်ရ အဖော်တစ်ဦးတို့ဟာ စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းက နာခွန်နာယွတ်ပြည်နယ် မြောင်ခရိုင် ဆာရီကာမြို့ရှိ 7-Eleven စတိုးဆိုင်တစ်ဆိုင်မှာ လုယက်မှု ကျူးလွန်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ လုယက်မှုအတွင်း ဘတ်ငွေများစွာ၊ ဘတ် ၂ သောင်းတန်ကြေးရှိ True Money ငွေသားကတ် ၂၀ ခု ပါသွားခဲ့ကာ ၎င်းတို့တွေ ကားတစ်စီးနဲ့ မောင်းပြေးခဲ့ကြတာဖြစ်ပါတယ်။

       ရဲတပ်ဖွဲ့ရဲ့ စစ်ကြောမှုအတွင်း သံသယရှိသူနှစ်ဦးက စွဲချက်အားလုံးကို ဝန်ခံခဲ့ပြီး သူတို့အနေနဲ့  အွန်လိုင်းဂိမ်းဆော့ဖို့နဲ့ မူးယစ်ဆေးဝါး ဝယ်သုံးဖို့ ငွေလိုချင်တာကြောင့် စတိုးဆိုင်ထဲ ဝင်လုယက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

           ဖမ်းမိခဲ့သူနှစ်ဦးကို တရားစွဲတင်နိုင်ဖို့အတွက် မြောင်ခရိုင် ရဲတပ်ဖွဲ့သို့လွှဲပြောင်းခဲ့ပြီး တတိယမြောက် ကျူးလွန်သူတစ်ဦးကို ဆက်လက်ရှာဖွေနေကြောင်း ထိုင်းရဲက ပြောဆိုခဲ့ပါတယ်။ 

ဘန်ကောက်ပို့စ်

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ဂိမ္းေဆာ့ဖုိ႔နဲ႔ ေဆးသုံးဖုိ ့ ေငြလုိလုိ ့ စတုိးဆုိင္အတြင္း ၀င္လုယက္ခဲ့သူေတြကုိ ဖမ္းဆီး  

            ထုိင္းႏုိင္ငံမွာ စတုိးဆုိင္တစ္ဆုိင္အတြင္း ၀င္လုယက္ခဲ့တဲ့ အမ်ဳိးသား သုံးဦးအနက္ ႏွစ္ဦးက သူတုိ ့ဟာ အြန္လုိင္းဂိမ္းေဆာ့ဖုိ ့နဲ႕ မူးယစ္ေဆး ၀ယ္သုံးဖုိ ့ ေငြလုိတာေၾကာင့္ က်ဴးလြန္မိခဲ့ တာျဖစ္တယ္လုိ ့ ရဲတပ္ဖြဲ႕ကုိ ေျပာဆုိခဲ့ပါတယ္။

         ဖူးခက္ျပည္နယ္သား အသက္ ၂၃ ႏွစ္အရြယ္ နာရန္ရစ္ ဘုိင္တုိကုိ ၾကာသပေတးေန ့က ဖမ္းဆီးရမိခဲ့တာျဖစ္ကာ ဥဒြန္သာနီမွာေနထုိင္တဲ့ အသက္ ၂၀ အရြယ္ ဆြမ္ခ်တ္မာဒီးကေတာ့ ရဲတပ္ဖြဲ႕ထံ အဖမ္းခံခဲ့တာျဖစ္ပါတယ္။ ၄င္းတုိ ့ႏွစ္ဦးကုိ လုယက္မႈနဲ႕ နာခြန္နာယြတ္တရားရုံးက ဖမ္း၀ရမ္းထုတ္ထားခဲ့တာပါ။

    ၄င္းတုိ ့ႏွစ္ဦးနဲ႕ နန္အမည္ရ အေဖာ္တစ္ဦးတုိ ့ဟာ စက္တင္ဘာ ၂၈ ရက္ မနက္အေစာပုိင္းက နာခြန္နာယြတ္ျပည္နယ္ ေျမာင္ခရုိင္ ဆာရီကာၿမိဳ႕ရွိ 7-Eleven စတုိးဆုိင္တစ္ဆုိင္မွာ လုယက္မႈ က်ဴးလြန္ခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။ လုယက္မႈအတြင္း ဘတ္ေငြမ်ားစြာ၊ ဘတ္ ၂ ေသာင္းတန္ေၾကးရွိ True Money ေငြသားကတ္ ၂၀ ခု ပါသြားခဲ့ကာ ၄င္းတုိ ့ေတြ ကားတစ္စီးနဲ႕ ေမာင္းေျပးခဲ့ၾကတာျဖစ္ပါတယ္။

       ရဲတပ္ဖြဲ႕ရဲ႕ စစ္ေၾကာမႈအတြင္း သံသယရွိသူႏွစ္ဦးက စြဲခ်က္အားလုံးကုိ ၀န္ခံခဲ့ၿပီး သူတုိ ့အေနနဲ႕  အြန္လိုင္းဂိမ္းေဆာ့ဖုိ ့နဲ႕ မူးယစ္ေဆး၀ါး ၀ယ္သုံးဖုိ ့ ေငြလုိခ်င္တာေၾကာင့္ စတုိးဆုိင္ထဲ ၀င္လုယက္ခဲ့ျခင္း ျဖစ္တယ္လုိ ့ ေျပာဆုိခဲ့ပါတယ္။

           ဖမ္းမိခဲ့သူႏွစ္ဦးကုိ တရားစြဲတင္ႏုိင္ဖုိ ့အတြက္ ေျမာင္ခရုိင္ ရဲတပ္ဖြဲ႕သုိ ့လႊဲေျပာင္းခဲ့ၿပီး တတိယေျမာက္ က်ဴးလြန္သူတစ္ဦးကုိ ဆက္လက္ရွာေဖြေနေၾကာင္း ထုိင္းရဲက ေျပာဆုိခဲ့ပါတယ္။

ဘန္ေကာက္ပုိ ့စ္

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။