Suzuki ကားသစ်များကို CB Bank မှတစ်ဆင့်အရစ်ကျငွေပေးချေကာဝယ်ယူနိုင်တော့မည်
Suzuki ကားသစ်များကို လက်ငင်း ၂၀ ရာခိုင်နှုန်းပေးချေပြီး ကျန်ငွေများကို CB Bank မှတစ်ဆင့် အရစ်ကျပေးချေကာ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကားသစ်များဝယ်ယူနိုင်ရေးအတွက် CB Bank နှင့် Suzuki Myanmar တို့ပူးပေါင်းကာ CB-Suzuki Easy Finance ကို နိုဝင်ဘာလ ၇ ရက်က မိတ်ဆက်ပြီး MOU ရေးထိုးခဲ့သည်။
“ down payment ၂၀ ရာခိုင်နှုန်းပေးချေပြီး ဂျပန်ကားသစ်တွေကိုစတင်ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ချို့ယွင်းမှုများရှိလာရင်လည်းအာမခံကုမ္ပဏီ GGI နဲ့ ချိတ်ဆက်ထားပါတယ်။ CB-Suzuki Easy Financeဟာ Customer တွေအတွက် အသုံးဝင်မယ့် Auto Financing Program တစ်ခုဖြစ်ပြီး Suzuki သာမက Suzuki dealer တွေနဲ့ CB Bank တို့ရဲ့ ဆက်ဆံရေးကိုလည်းအထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ထားပါတယ်။ နောက်ပိုင်းမြန်မာနိုင်ငံရဲ့ဈေးကွက်ဖွံ့ဖြိုးရေးတွင်လည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်” ဟု CB Bank ၏ Managing Director of Business ဦးသိန်းဇော်ထွန်းက ပြောသည်။
Suzuki ကားသစ်များကို ၂၀ ရာခိုင်နှုန်းပေးသွင်းကာ CB Bank နှင့်ချိတ်ဆက်ပြီး ၇ နှစ်အရစ်ကျအနေဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ၁၃ ရာခိုင်နှုန်းကျသင့်မည်ဖြစ်ကြောင်းသိရသည်။
“ Customer များအတွက် အရည်အသွေးမြှင့်ဝန်ဆောင်မှုအသစ်တွေကို Suzuki dealer တွေမှတဆင့် ပေးဆောင်နိုင်ဖို့ အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့်လည်းထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ CB Bank နဲ့ လက်တွဲပြီး CB-Suzuki Easy Finance auto loan program ကိုမိတ်ဆက်လိုက်တာဖြစ်ပါတယ်” ဟု Suzuki Myanmar မှမန်နေဂျင်းဒါရိုက်တာ Mr.Keiichi ကပြောသည်။
CB Bank သည် ၁၉၉၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၂၇ ကာလအတွင်းဝန်ထမ်းပေါင်း ၃၀ ဦးကျော်မှ ၉၀၀၀ ဦးခန့်အထိတိုးချဲ့ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၃၂ ခုဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
Zawgyi Version
Suzuki ကားသစ္မ်ားကုိ CB Bank မွတစ္ဆင့္အရစ္က်ေငြေပးေခ်ကာဝယ္ယူႏုိင္ေတာ့မည္
Suzuki ကားသစ္မ်ားကုိ လက္ငင္း ၂၀ ရာခုိင္ႏႈန္းေပးေခ်ၿပီး က်န္ေငြမ်ားကို CB Bank မွတစ္ဆင့္ အရစ္က်ေပးေခ်ကာ ဝယ္ယူႏုိင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။
အဆုိပါ ကားသစ္မ်ားဝယ္ယူႏုိင္ေရးအတြက္ CB Bank ႏွင့္ Suzuki Myanmar တုိ႔ပူးေပါင္းကာ CB-Suzuki Easy Finance ကို ႏုိဝင္ဘာလ ၇ ရက္က မိတ္ဆက္ၿပီး MOU ေရးထုိးခဲ့သည္။
“ down payment ၂၀ ရာခုိင္ႏႈန္းေပးေခ်ၿပီး ဂ်ပန္ကားသစ္ေတြကိုစတင္ဝယ္ယူႏုိင္ေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ ထိခုိက္ခ်ိဳ႕ယြင္းမႈမ်ားရွိလာရင္လည္းအာမခံကုမၸဏီ GGI နဲ႔ ခ်ိတ္ဆက္ထားပါတယ္။ CB-Suzuki Easy Financeဟာ Customer ေတြအတြက္ အသံုးဝင္မယ့္ Auto Financing Program တစ္ခုျဖစ္ၿပီး Suzuki သာမက Suzuki dealer ေတြနဲ႔ CB Bank တုိ႔ရဲ႕ ဆက္ဆံေရးကိုလည္းအေထာက္အကူျဖစ္ေစမယ္လုိ႔ ယံုၾကည္ထားပါတယ္။ ေနာက္ပုိင္းျမန္မာႏုိင္ငံရဲ႕ေစ်းကြက္ဖြံ႔ၿဖိဳးေရးတြင္လည္း ပိုမုိေကာင္းမြန္လာမွာျဖစ္ပါတယ္” ဟု CB Bank ၏ Managing Director of Business ဦးသိန္းေဇာ္ထြန္းက ေျပာသည္။
Suzuki ကားသစ္မ်ားကုိ ၂၀ ရာခုိင္ႏႈန္းေပးသြင္းကာ CB Bank ႏွင့္ခ်ိတ္ဆက္ၿပီး ၇ ႏွစ္အရစ္က်အေနျဖင့္ ဝယ္ယူႏုိင္မည္ျဖစ္ၿပီး အတုိးႏႈန္းအေနျဖင့္ ၁၃ ရာခုိင္ႏႈန္းက်သင့္မည္ျဖစ္ေၾကာင္းသိရသည္။
“ Customer မ်ားအတြက္ အရည္အေသြးျမွင့္ဝန္ေဆာင္မႈအသစ္ေတြကို Suzuki dealer ေတြမွတဆင့္ ေပးေဆာင္ႏုိင္ဖုိ႔ အစဥ္အၿမဲႀကိဳးစားလ်က္ရွိပါတယ္။ ဒါေၾကာင့္လည္းထိပ္တန္းဘဏ္တစ္ခုျဖစ္တဲ့ CB Bank နဲ႔ လက္တြဲၿပီး CB-Suzuki Easy Finance auto loan program ကိုမိတ္ဆက္လုိက္တာျဖစ္ပါတယ္” ဟု Suzuki Myanmar မွမန္ေနဂ်င္းဒါရိုက္တာ Mr.Keiichi ကေျပာသည္။
CB Bank သည္ ၁၉၉၂ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့ၿပီး ၂၇ ကာလအတြင္းဝန္ထမ္းေပါင္း ၃၀ ဦးေက်ာ္မွ ၉၀၀၀ ဦးခန္႔အထိတုိးခ်ဲ႕ခန္႔ထားႏုိင္ခဲ့ၿပီး ဘဏ္ခြဲေပါင္း ၂၃၂ ခုဖြင့္လွစ္ထားႏိုင္ေၾကာင္း သိရသည္။
ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)