Skip to main content
လိင်တူဆက်ဆံဖို့ ကြိုးစားတဲ့ အမျိုးသား ငါးဦးကို မလေးရှား ဘာသာရေး တရားရုံးက ထောင်ဒဏ်၊ ကြိမ်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ် 
Ads Block

လိင်တူဆက်ဆံဖို့ ကြိုးစားတဲ့ အမျိုးသား ငါးဦးကို မလေးရှား ဘာသာရေး တရားရုံးက ထောင်ဒဏ်၊ ကြိမ်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ် 

               လိင်တူဆက်ဆံဖို့ ကြိုးစားတဲ့ အမျိုးသား ငါးဦးကို မလေးရှား ဘာသာရေးဆိုင်ရာ တရားရုံးတစ်ခုက ကြာသပတေးနေ့မှာ ထောင်ဒဏ်၊ ကြိမ်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်ကြောင်း မီဒီယာသတင်းတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေက ပြောဆိုပါတယ်။

           မွတ်ဆလင်အများစု နေထိုင်ရာ မလေးရှားနိုင်ငံမှာ သဘာဝနဲ့ ဆန့်ကျင်တဲ့ လိင်ဆက်ဆံခြင်းနဲ့ လိင်တူဆက်ဆံခြင်းကို အစ္စလာမ်မစ် ဥပဒေအရ တားမြစ်ထားတာဖြစ်ပေမယ့် အပြစ်ပေးစီရင်တာမျိုးတော့ ရှားပါတယ်။

          မြို့တော် ကွာလာလမ်ပူ အစွန်ပိုင်းရှိ ဆီလန်ဂါ ရှာရီရာ တရားရုံးချုပ်က အမျိုးသားလေးဦးကို သဘာဝနဲ့ ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုပြုရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၄ လ၊ ကြိမ်ဒဏ် ၆ ချက်နဲ့ ငွေဒဏ် ၄၈၀၀ ရင်းဂစ်စီ အသီးသီး ကျခံစေဖို့ အမိန့်ချခဲ့ကြောင်း မလေးဘာသာစကားနဲ့ ထုတ်ဝေတဲ့ Harian Metro သတင်းစာက ဖော်ပြပါတယ်။ ပဉ္စမမြောက် အမျိုးသားကိုတော့ အလားတူ ပြစ်မှုအတွက် ထောင်ဒဏ် ၇ လ၊ ကြိမ်ဒဏ် ၆ ချက်နဲ့ ငွေဒဏ် ရင်းဂစ် ၄၉၀၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

          အစ္စလာမ်မစ် ဥပဒေဆိုင်ရာ တာဝန်ရှိသူတွေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက နှစ်ထပ်တိုက်တစ်လုံးကို ဝင်ရောက်စီးနင်းမှုလုပ်ခဲ့ရာမှာ ယခု ပြစ်ဒဏ်ကျခံရတဲ့ အမျိုးသား ၅ ဦးကို အခြား အမျိုးသား ၇ ဦးနဲ့ အတူ ထိန်းသိမ်းခဲ့ကြတာဖြစ်ကြောင်း Harian Metro က ဖော်ပြပါတယ်။

              ၎င်းတို့တွေဟာ သဘာဝအတိုင်း မဟုတ်တဲ့ ကာမစပ်ယှက်မှုလုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ အချက်အလက်တွေက ဖော်ပြနေပြီး ကျူးလွန်တော့မယ့် အခြေအနေဟာ အတော်ခရီးရောက်နေပြီလို့ မိုဟာမက် အက်စ်ရီက ပြောခဲ့ကြောင်း သိရပါတယ်။

          လူဦးရေ ၃၂ သန်းရှိတဲ့ မလေးရှားနိုင်ငံမှာ တိုင်းရင်းသား မလေးမွတ်ဆလင်က လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ တရားရေးစနစ်နှစ်မျိုးရှိပြီး အရပ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အတူ မွတ်ဆလင်တွေ အပေါ် အစ္စလာမ်မစ် ပြစ်မှုဆိုင်ရာနဲ့ မိသားစုအမှုအခင်း ဥပဒေတွေနဲ့လည်း ပြစ်ဒဏ်စီရင်လေ့ရှိပါတယ်။

            ယခု ပြစ်ဒဏ်စီရင်မှုဟာ ရက်စက်ပြင်းထန်ကြောင်းနဲ့ LGBT အသိုင်းအဝိုင်းအတွင်း စိုးရိမ်ပူပန်စေတဲ့ ဝန်းကျင်တစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း လိင်စိတ်ခံစားမှု အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ နူမန် အဖီဖီက ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

လိင္တူဆက္ဆံဖုိ ့ ႀကိဳးစားတဲ့ အမ်ဳိးသား ငါးဦးကုိ မေလးရွား ဘာသာေရး တရားရုံးက ေထာင္ဒဏ္၊ ႀကိမ္ဒဏ္နဲ႕ ေငြဒဏ္ေတြ ခ်မွတ္

               လိင္တူဆက္ဆံဖုိ ့ ႀကိဳးစားတဲ့ အမ်ဳိးသား ငါးဦးကုိ မေလးရွား ဘာသာေရးဆုိင္ရာ တရားရုံးတစ္ခုက ၾကာသပေတးေန႕မွာ ေထာင္ဒဏ္၊ ႀကိမ္ဒဏ္နဲ႕ ေငြဒဏ္ေတြ ခ်မွတ္လုိက္ေၾကာင္း မီဒီယာသတင္းေတြနဲ႕ လူ႕အခြင့္အေရး အုပ္စုေတြက ေျပာဆုိပါတယ္။

           မြတ္ဆလင္အမ်ားစု ေနထုိင္ရာ မေလးရွားႏုိင္ငံမွာ သဘာ၀နဲ႕ ဆန္ ့က်င္တဲ့ လိင္ဆက္ဆံျခင္းနဲ႕ လိင္တူဆက္ဆံျခင္းကုိ အစၥလာမ္မစ္ ဥပေဒအရ တားျမစ္ထားတာျဖစ္ေပမယ့္ အျပစ္ေပးစီရင္တာမ်ဳိးေတာ့ ရွားပါတယ္။

          ၿမိဳ႕ေတာ္ ကြာလာလမ္ပူ အစြန္ပုိင္းရွိ ဆီလန္ဂါ ရွာရီရာ တရားရုံးခ်ဳပ္က အမ်ဳိးသားေလးဦးကုိ သဘာ၀နဲ႕ ဆန္ ့က်င္တဲ့ လိင္ဆက္ဆံမႈျပဳရန္ ႀကိဳးပမ္းမႈျဖင့္ ေထာင္ဒဏ္ ၄ လ၊ ႀကိမ္ဒဏ္ ၆ ခ်က္နဲ႕ ေငြဒဏ္ ၄၈၀၀ ရင္းဂစ္စီ အသီးသီး က်ခံေစဖုိ ့ အမိန္ ့ခ်ခဲ့ေၾကာင္း မေလးဘာသာစကားနဲ႕ ထုတ္ေ၀တဲ့ Harian Metro သတင္းစာက ေဖာ္ျပပါတယ္။ ပဥၥမေျမာက္ အမ်ဳိးသားကုိေတာ့ အလားတူ ျပစ္မႈအတြက္ ေထာင္ဒဏ္ ၇ လ၊ ႀကိမ္ဒဏ္ ၆ ခ်က္နဲ႕ ေငြဒဏ္ ရင္းဂစ္ ၄၉၀၀ ခ်မွတ္ခဲ့တယ္လုိ ့ သိရပါတယ္။

          အစၥလာမ္မစ္ ဥပေဒဆုိင္ရာ တာ၀န္ရွိသူေတြဟာ ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာလက ႏွစ္ထပ္တုိက္တစ္လုံးကုိ ၀င္ေရာက္စီးနင္းမႈလုပ္ခဲ့ရာမွာ ယခု ျပစ္ဒဏ္က်ခံရတဲ့ အမ်ဳိးသား ၅ ဦးကုိ အျခား အမ်ဳိးသား ၇ ဦးနဲ႕ အတူ ထိန္းသိမ္းခဲ့ၾကတာျဖစ္ေၾကာင္း Harian Metro က ေဖာ္ျပပါတယ္။

              ၄င္းတုိ ့ေတြဟာ သဘာ၀အတုိင္း မဟုတ္တဲ့ ကာမစပ္ယွက္မႈလုပ္ဖုိ ့ ႀကိဳးစားခဲ့တယ္ဆုိတာ အခ်က္အလက္ေတြက ေဖာ္ျပေနၿပီး က်ဴးလြန္ေတာ့မယ့္ အေျခအေနဟာ အေတာ္ခရီးေရာက္ေနၿပီလုိ ့ မုိဟာမက္ အက္စ္ရီက ေျပာခဲ့ေၾကာင္း သိရပါတယ္။

          လူဦးေရ ၃၂ သန္းရွိတဲ့ မေလးရွားႏုိင္ငံမွာ တုိင္းရင္းသား မေလးမြတ္ဆလင္က လူဦးေရရဲ႕ ၆၀ ရာခုိင္ႏႈန္းေက်ာ္ရွိပါတယ္။ တရားေရးစနစ္ႏွစ္မ်ဳိးရွိၿပီး အရပ္ဘက္ဆုိင္ရာ ဥပေဒေတြနဲ႕အတူ မြတ္ဆလင္ေတြ အေပၚ အစၥလာမ္မစ္ ျပစ္မႈဆုိင္ရာနဲ႕ မိသားစုအမႈအခင္း ဥပေဒေတြနဲ႕လည္း ျပစ္ဒဏ္စီရင္ေလ့ရွိပါတယ္။

            ယခု ျပစ္ဒဏ္စီရင္မႈဟာ ရက္စက္ျပင္းထန္ေၾကာင္းနဲ႕ LGBT အသုိင္းအ၀ုိင္းအတြင္း စုိးရိမ္ပူပန္ေစတဲ့ ၀န္းက်င္တစ္ခု ေပၚေပါက္လာႏုိင္ေၾကာင္း လိင္စိတ္ခံစားမႈ အခြင့္အေရးဆုိင္ရာ လႈပ္ရွားမႈအဖြဲ႕ ဥကၠ႒ ႏူမန္ အဖီဖီက ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။