Skip to main content
မန်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၈ ရက်တွင် ပြန်လည်ရောက်ရှိမည်
Ads Block

မန်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၈ ရက်တွင် ပြန်လည်ရောက်ရှိမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးဝါးကုသမှုခံယူနေသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသဖြင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၈ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး ကျောက်ပန်းတောင်းမဲဆန္ဒနယ်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က အကုန်သိသတင်းဌာနသို့ အတည်ပြုဖြေကြားပေးခြင်းဖြစ်သည်။

“ ဝန်ကြီးချုပ်က ၈ ရက်နေ့ပြန်ရောက်မယ်။ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီလို့ သိရတယ်။ ဒါကြောင့်ပြန်လာတာပါ။ ရန်ကုန်ကိုတစ်ဆင့်သွားမလား။ ဒီကိုပဲတိုက်ရိုက်ပြန်လာမလားတော့ မပြောတတ်ဘူး”ဟု ကျောက်ပန်းတောင်းမဲဆန္ဒနယ်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်း NLD (ပါတီ၊ လွှတ်တော်၊ အစိုးရ)  သုံးပွင့်ဆိုင်တွေ့ဆုံပွဲအပြီးတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆေးကုသမှုသွားရောက်ခံယူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆေးဝါးကုသမှု ခံယူခြင်းမဟုတ်ဘဲ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင်ဦးစိုးထွန်းရှိန်ကို သွားရောက်ဖမ်းဆီးသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

Zawgyi Version

မန္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ျမန္မာႏိုင္ငံသို႔ ႏိုဝင္ဘာလ ၈ ရက္တြင္ ျပန္လည္ေရာက္ရွိမည္

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ေဆးဝါးကုသမႈခံယူေနေသာ မႏၱေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ က်န္းမာေရးအေျခအေနျပန္လည္ေကာင္းမြန္လာသျဖင့္ ျမန္မာႏိုင္ငံသို႔ ႏိုဝင္ဘာလ ၈ ရက္တြင္ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအေျခအေနႏွင့္ပတ္သက္ၿပီး ေက်ာက္ပန္းေတာင္းမဲဆႏၵနယ္တိုင္းေဒသႀကီး(၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခိုင္က အကုန္သိသတင္းဌာနသို႔ အတည္ျပဳေျဖၾကားေပးျခင္းျဖစ္သည္။

“ ဝန္ႀကီးခ်ဳပ္က ၈ ရက္ေန႔ျပန္ေရာက္မယ္။ က်န္းမာေရးျပန္လည္ေကာင္းမြန္လာၿပီလို႔ သိရတယ္။ ဒါေၾကာင့္ျပန္လာတာပါ။ ရန္ကုန္ကိုတစ္ဆင့္သြားမလား။ ဒီကိုပဲတိုက္ရိုက္ျပန္လာမလားေတာ့ မေျပာတတ္ဘူး”ဟု ေက်ာက္ပန္းေတာင္းမဲဆႏၵနယ္တိုင္းေဒသႀကီး(၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခိုင္က ေျပာသည္။

မႏၱေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၄ ရက္ကက်င္းပခဲ့သည့္ ရန္ကုန္တိုင္း NLD (ပါတီ၊ လႊတ္ေတာ္၊ အစိုးရ)  သံုးပြင့္ဆိုင္ေတြ႕ဆုံပြဲအၿပီးတြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ေဆးကုသမႈသြားေရာက္ခံယူခဲ့ေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီးဝန္ႀကီးေဒါက္တာေဇာ္ျမင့္ေမာင္သည္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ေဆးဝါးကုသမႈ ခံယူျခင္းမဟုတ္ဘဲ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ဦးစိုးထြန္းရွိန္ကို သြားေရာက္ဖမ္းဆီးသည္ဆိုသည့္ သတင္းမ်ားလည္း ထြက္ေပၚေနေၾကာင္း သိရသည္။

စုသက္ႏွင္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။