Skip to main content
ဖားစည်အလယ်မှနေခြည်ဖြာနေခြင်းမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရောင်ခြည်ဖြာနေသည့် သဘောဆောင်ကြောင်း သမ္မတ ဦးဝင်းမြင့်ပြော
Ads Block

ဖားစည်အလယ်မှနေခြည်ဖြာနေခြင်းမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရောင်ခြည်ဖြာနေသည့် သဘောဆောင်ကြောင်း သမ္မတ ဦးဝင်းမြင့်ပြော

ဖားစည်အလယ်မှ တက်နေခြည်ဖြာနေခြင်းသည် အနာဂတ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရောင်ခြည်ဖြာနေသည့် သဘောကိုဆောင်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုဝင်ဘာလ ၇ ရက်ကကျင်းပသော ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဥပမာ- ဒီဖားစည်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင် ဖားစည်ဆိုတာ အောင်အတိတ်၊ အောင်နိမိတ်ကိုဆောင်တဲ့စည် ဖြစ်ပါတယ်။ ထို့အတူပဲ အေးချမ်းသာယာမှုကိုဖော်ဆောင်တဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဖားစည်ရဲ့အလယ်မှာ တက်နေခြည်ဖြာနေတာကိုတွေ့ရပါလိမ့်မယ်။ ဒါဟာကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော် အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အနာဂတ်တက်နေခြည်ငြိမ်းချမ်းရေးရောင်ခြည်ဖြာဖို့ဆိုတဲ့ သဘောသဘာဝ၊ အဓိပ္ပါယ်အနှစ်သာရကိုလည်းဆောင်ပါတယ်” ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောသည်။

ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရယူထားသော အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ KNU ကရင်အမျိုးသား အစည်းအရုံးအဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

၆၄ နှစ်မြောက်ကရင်ပြည်နယ်နေ့တွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ တက်ရောက်ခဲ့သည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

Zawgyi Version 

ဖားစည္အလယ္မွေနျခည္ျဖာေနျခင္းမွာ ျမန္မာႏုိင္ငံၿငိမ္းခ်မ္းေရးေရာင္ျခည္ျဖာေနသည့္ သေဘာေဆာင္ေၾကာင္း သမၼတ ဦး၀င္းျမင့္ေျပာ

ဖားစည္အလယ္မွ တက္ေနျခည္ျဖာေနျခင္းသည္ အနာဂတ္ ျမန္မာႏုိင္ငံ ၿငိမ္းခ်မ္းေရးေရာင္ျခည္ျဖာေနသည့္ သေဘာကိုေဆာင္ေၾကာင္း ႏုိင္ငံေတာ္သမၼတဦး၀င္းျမင့္က ေျပာသည္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ ႏုိ၀င္ဘာလ ၇ ရက္ကက်င္းပေသာ ၆၄ ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔ အခမ္းအနားတြင္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ဥပမာ- ဒီဖားစည္ႀကီးကုိၾကည့္မယ္ဆုိလုိ႔ရွိရင္ ဖားစည္ဆုိတာ ေအာင္အတိတ္၊ ေအာင္နိမိတ္ကုိေဆာင္တဲ့စည္ ျဖစ္ပါတယ္။ ထုိ႔အတူပဲ ေအးခ်မ္းသာယာမႈကုိေဖာ္ေဆာင္တဲ့အဓိပၸါယ္ျဖစ္ပါတယ္။ ဖားစည္ရဲ႕အလယ္မွာ တက္ေနျခည္ျဖာေနတာကုိေတြ႔ရပါလိမ့္မယ္။ ဒါဟာကြ်န္ေတာ္တုိ႔ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ အနာဂတ္အတြက္ ဖြံ႕ၿဖိဳးတုိးတက္ဖုိ႔နဲ႔ အနာဂတ္တက္ေနျခည္ၿငိမ္းခ်မ္းေရးေရာင္ျခည္ျဖာဖုိ႔ဆုိတဲ့ သေဘာသဘာ၀၊ အဓိပၸါယ္အႏွစ္သာရကုိလည္းေဆာင္ပါတယ္” ဟု ႏုိင္ငံေတာ္သမၼတဦး၀င္းျမင့္က ေျပာသည္။

ကရင္ျပည္နယ္တြင္ ၿငိမ္းခ်မ္းေရးရယူထားေသာ အႀကီးဆုံးတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မွာ KNU ကရင္အမ်ိဳးသား အစည္းအရုံးအဖြဲ႔ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာလ ၁၅ ရက္တြင္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ကုိလက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္သည္။

၆၄ နွစ္ေျမာက္ကရင္ျပည္နယ္ေန႔တြင္ KNU ဥကၠ႒ ေစာမူတူးေစးဖုိးႏွင့္ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္တုိ႔ တက္ေရာက္ခဲ့သည္။

မင္းသီဟန္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။