Skip to main content
အရှေ့တောင်အာရှတွင်အကြီးမားဆုံးဖြစ်လာမည့် ငါးမွေးမြူရေးစီမံကိန်းအကောင်အထည်ဖော်မည် 
Ads Block

အရှေ့တောင်အာရှတွင်အကြီးမားဆုံးဖြစ်လာမည့် ငါးမွေးမြူရေးစီမံကိန်းအကောင်အထည်ဖော်မည် 

အရှေ့တောင်အာရှတွင်အကြီးမားဆုံးဖြစ်လာမည့် ငါးမွေးမြူရေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိမြေဧက ၉၀၀ ပေါ်တွင်အကောင်အထည်ဖော်သွားမည်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအကြီးတန်းဒုတိယဥက္ကဋ္ဌဒေါ်တိုးနန္ဒာတင်က ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ၌ အထက်ပါအတိုင်း အတည်ပြုဖြေကြားပေးခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံမှာငါးလုပ်ငန်းဖွင့်ဖြိုးတိုးတက်ဖို့အတွက် ဒါကိုပထမဦးဆုံးစံပြတစ်ခုအနေနဲ့ လုပ်တာပါ။ ဒီစီမံကိန်းကိုငါးလုပ်ငန်းအဖွဲ့ချုပ်ကကြီးမှူးပြီးတော့လုပ်တာပါ။ အခုစီမံကိန်းက အရှေ့တောင်အာရှမှာ အကြီးမားဆုံးစီမံကိန်းပါ။ ဘာလို့လဲဆိုရင် ဒီလိုတစ်စုတစ်စည်းတည်းလုပ်တာမရှိဘူးလေ။ အစာစက်ရုံဆိုအစာစက်ရုံသက်သက်၊ ထုတ်လုပ်တဲ့အပိုင်းဆိုထုတ်လုပ်တဲ့စက်ရုံသက်သက်၊ ငါးမွေးကန်ဆိုငါးမွေးကန်သက်သက်ပေါ့နော် အဲဒီလိုမျိုးတွေပဲလုပ်ကျတာဆိုတော့ အခုလိုဧက ၉၀၀ အပေါ်မှာ တစ်စုတစ်ဝေးတည်းမလုပ်သေးဘူးလေ။ ဒါကစံပြနမှုနာဖြစ်တဲ့အတွက် ဒါကိုအောင်မြင်အောင်လုပ်မှာပါ ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

အဆိုပါစီမံကိန်းအတွင်း ငါးမွေးကန်၊ မျိုးငါးပျိုးစခန်း၊ ငါးသားပေါက်စခန်း၊ ငါးပြုစုကန်၊ အစာစက်ရုံ၊ ငါးပြုပြင်ထုတ်လုပ်မှုနှင့် အခဲခံစက်ရုံနှင့် အအေးခန်းသိုလှောင်ရုံတည်ဆောက်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်အချောထည်လုပ်သည့်စက်ရုံစသည်တို့အပြင် ဝန်ထမ်းအိမ်ယာများပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းကို လက်ရှိတွင်စတင်အကောင်အထည်ဖော်နေပြီး လာမည့် ၂၀၂၀ ခုနှစ်အတွင်း လုပ်ငန်းစတင်လည်ပတ်ရန်စီစဉ်ထားကာ ယင်းစီမံကိန်းပြီးစီးပါကလူဦးရေ ၁၀၀၀၀ ခန့် အလုပ်အကိုင် ရရှိမည်ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်မှုမှ US ဒေါ်လာသန်း ၃၀၀ ခန့်ရရှိမည်ဟုခန့်မှန်းထားကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန )

Zawgyi Version

ေရွ႕ေတာင္အာရွတြင္အႀကီးမားဆုံးျဖစ္လာမည့္ ငါးေမြးျမဴေရးစီမံကိန္းအေကာင္အထည္ေဖာ္မည္

ေရွ႕ေတာင္အာရွတြင္အႀကီးမားဆုံးျဖစ္လာမည့္ ငါးေမြးျမဴေရးစီမံကိန္းကို ဧရာ၀တီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္ရွိေျမဧက ၉၀၀ ေပၚတြင္အေကာင္အထည္ေဖာ္သြားမည္ေၾကာင္း ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွအႀကီးတန္းဒုတိယဥကၠ႒ေဒၚတုိးနႏၵာတင္က ေျပာသည္။

အဆိုပါစီမံကိန္းႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာ၌ အထက္ပါအတိုင္း အတည္ျပဳေျဖၾကားေပးျခင္းျဖစ္သည္။

“ ျမန္မာႏုိင္ငံမွာငါးလုပ္ငန္းဖြင့္ၿဖိဳးတုိးတက္ဖုိ႔အတြက္ ဒါကုိပထမဦးဆုံးစံျပတစ္ခုအေနနဲ႔ လုပ္တာပါ။ ဒီစီမံကိန္းကုိငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္ကႀကီးမွဴးၿပီးေတာ့လုပ္တာပါ။ အခုစီမံကိန္းက ေရွ႕ေတာင္အာရွမွာ အႀကီးမားဆုံးစီမံကိန္းပါ။ ဘာလုိ႔လဲဆုိရင္ ဒီလုိတစ္စုတစ္စည္းတည္းလုပ္တာမရွိဘူးေလ။ အစာစက္ရုံဆုိအစာစက္ရုံသက္သက္၊ ထုတ္လုပ္တဲ့အပုိင္းဆုိထုတ္လုပ္တဲ့စက္ရုံသက္သက္၊ ငါးေမြးကန္ဆုိငါးေမြးကန္သက္သက္ေပါ့ေနာ္ အဲဒီလုိမ်ဳိးေတြပဲလုပ္က်တာဆုိေတာ့ အခုလုိဧက ၉၀၀ အေပၚမွာ တစ္စုတစ္ေ၀းတည္းမလုပ္ေသးဘူးေလ။ ဒါကစံျပနမႈနာျဖစ္တဲ့အတြက္ ဒါကုိေအာင္ျမင္ေအာင္လုပ္မွာပါ ”ဟု ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွအႀကီးတန္းဒုတိယဥကၠ႒ ေဒၚတုိးနႏၵာတင္က ေျပာသည္။

အဆုိပါစီမံကိန္းအတြင္း ငါးေမြးကန္၊ မ်ဳိးငါးပ်ဳိးစခန္း၊ ငါးသားေပါက္စခန္း၊ ငါးျပဳစုကန္၊ အစာစက္ရုံ၊ ငါးျပဳျပင္ထုတ္လုပ္မႈႏွင့္ အခဲခံစက္႐ုံႏွင့္ အေအးခန္းသိုေလွာင္႐ုံတည္ေဆာက္ျခင္း၊ စြန္႔ပစ္ပစၥည္းမ်ားကို ျပန္အေခ်ာထည္လုပ္သည့္စက္ရုံစသည္တို႔အျပင္ ၀န္ထမ္းအိမ္ယာမ်ားပါ ထည့္သြင္းေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆုိပါစီမံကိန္းကုိ လက္ရွိတြင္စတင္အေကာင္အထည္ေဖာ္ေနၿပီး လာမည့္ ၂၀၂၀ ခုႏွစ္အတြင္း လုပ္ငန္းစတင္လည္ပတ္ရန္စီစဥ္ထားကာ ယင္းစီမံကိန္းၿပီးစီးပါကလူဦးေရ ၁၀၀၀၀ ခန္႔ အလုပ္အကိုင္ ရရွိမည္ျဖစ္ၿပီး တစ္ႏွစ္ထုတ္လုပ္မႈမွ US ေဒၚလာသန္း ၃၀၀ ခန္႔ရရွိမည္ဟုခန္႔မွန္းထားေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။